အခွင့်အခါကိုမစောင့်နဲ့ ၊ လုပ်ယူပါ

အခုခေတ်တွင်အများအားဖြင့်ယူဆနေကြသည်မှာ ဘုရားနှင့်တွေ့ လျှင်ဘုရားကတရားဟော မိမိကနာယူ၊ (ဥဂ္ဃါဋိတညူ ပုဂ္ဂိုလ်မျိုးလို) အားမစိုက်ရပဲ လွယ်လွယ်ကလေးနှင့်တရားသိသွား သောနည်းမျိုး။
(ဥဂ္ဃါဋိတညူ=အဓိပ္ပါယ်အစအန၊ အကျဉ်းပြောရုံမျှဖြင့်သိသောသူ)

ဒါမှမဟုတ် ကျယ်ကျယ်ပြန့် ပြန့် ဟောပြီးလို့ တရားအဆုံးမှာ (၀ိပဥ္စိတညူ ပုဂ္ဂိုလ်လိုမျိုး) အားမ ထုတ်ရပဲနဲ့ ၊ တရားသိသွားသောနည်းမျိုးကို မျှော်မှန်းတောင့်တနေတတ်ကြသည်။
(၀ိပဥ္စိတညူ=အဓိပ္ပါယ်အကျယ်ချဲ့၍ ပြကာမှသိသောသူ)

“ အဲဒီအချိန်မရောက်ခင် ဒီအတွင်းမှာ ဒုက္ခတွေ ပင်လယ်ဝေရမှာကိုတော့ ထည့်ပြီးမတွက်ကြ ဘူး” ဟူ၍ မိုးကုတ်ဆရာတော်ဘုရားကြီးကအပြစ်တင်တော်မူသည်။

မိုးကုတ်ဆရာတော်ဘုရားကြီးကမူ ထိုသို့ မဟုတ်ချေ၊ နေယျပုဂ္ဂိုလ်တို့ လိုကျင့်ယူပါ၊ လိုလား အပ်တဲ့အကျိုးကို အဖိုးအခပေး၍ယူပါ၊ ကိုယ့်မှာရရှိလာတဲ့ အခြေအနေကို အသုံးချပါ၊ လက် လွတ်မခံပါနဲ့ ၊ “ နောင်” ဆိုတဲ့ အနာဂတ်ဟာ မသေချာဘူး။
(နေယျပုဂ္ဂိုလ်= အကျဉ်းဟောရုံမျှဖြင့်လည်းမသိ၊ အကျယ်ချဲ့၍ဟောသော်လည်းမသိသေး၊ ထပ်ပြန်တလဲလဲ ကြိမ်ဖန်များစွာဟောတော်မူမှ အဓိပ္ပါယ်တွေသိလာသောသူ)

ဒါကြောင့်ယခုပစ္စုပ္ပန်မှာ ယခုအခွင့်ကောင်းကြုံခိုက်တွင် ယခုလုပ်ယူပါ၊ ကျင့်ယူပါ၊ အရင်းမနှီး ပေးစိုက်ထုတ်ပါ။ အလုပ်လုပ်ပါ၊ ထိုအခါတရားနှင့်တွေ့ ပါလိမ့်မည်။ တရားနှင့်တွေ့ ဖို့ ကအဓိ ကပါ- ဟုဆိုလိုတော်မူသည်။
(ကမ္မ=အလုပ်၊ ကမ္မဖလ=လုပ်အားခ) အလုပ်လုပ်မှလုပ်အားခ ရနိုင်မည်။
အလုပ်မလုပ်ပဲနဲ့ လုပ်အားခ မရနိုင်ဟူလို။

မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ မှကူးယူရေးသားတင်ပြခြင်းပါ။

11 ယောက်ဆွေးနွေးချက်:

Lucifer said...

အနမ်းရေ... အဆိုအမိန့်လေးတွေကို အခုလိုထင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်..

kiki said...

အချိန် နှင့် ဒီရေ သည် လူကို မစောင့် တာ မှန်သလို ၊
လူ တွေကလည်း ဒီရေ အတက် အကျ ကို လိုက်ပြီး အလုပ်တွေ လုပ်နေ ရတာမျိုး ကိုရော .. မှားတယ်ပြော မလား ။။

ဒါကြောင့်ယခုပစ္စုပ္ပန်မှာ ယခုအခွင့်ကောင်းကြုံခိုက်တွင် ယခုလုပ်ယူပါ၊ ကျင့်ယူပါ၊ အရင်းမနှီး ပေးစိုက်ထုတ်ပါ။ အလုပ်လုပ်ပါ၊ ထိုအခါတရားနှင့်တွေ့ ပါလိမ့်မည်။ တရားနှင့်တွေ့ ဖို့ ကအဓိ ကပါ- ဟုဆိုလိုတော်မူသည်။...
ဒါလည်း ဆရာတော် ဘုရားကြီး ဟောတာ မှန်တာပဲ။

(အလုပ်လုပ်မှလုပ်အားခ ရနိုင်မည်။
အလုပ်မလုပ်ပဲနဲ့ လုပ်အားခ မရနိုင်ဟူလို။ )....
ဒီတချက် ကိုတော့ စောဒက တက်ချင်တယ်။
ဟိ.. အကျင့်ပါနေလို့ ပါ ။
ခုခေတ်ကြီးထဲ မှာ အလုပ် မလုပ်ပဲ လုပ်အားခ ထက် အဆမတန် ပိုရတဲ့ သူတွေ ရှိနေ သလို .....
ခွေးလို နွားလို ကြုံးလုပ် နေရက် နဲ့ ထိုက်သင့် တာ တွေ မရကြ တာ လည်း တပုံကြီး ပါပဲ။
ခေါင်းပုံဖြတ်ခံ နေကြရတာတွေ လေ...

အဲဒါနဲ့ ပတ်သက်ပြီးတော့ ရော .. ဘယ်လို တရားမျိုး နဲ့ ဖြေရ မလည်း ။။ ပြောပြ ပေး တော် မူပါ။။။

ကျေးဇူး......

desertraindrops said...

မ့ရေ..လာရောက်မှတ်သားသွားပါတယ်။ ကျေးဇူးတင်ပါတယ်။

ကိုလူထွေး said...

ဒီလောက် အကျယ်တဝင့်ရှင်းပြထားတာတောင် ကိုလူထွေးက သေချာမသိသေးဘူး...

ခွင့်သာတုန်းမရုံးချင်ရင် အရှုံးချည်းပဲ ရှိတော့မှာမို့ နည်းနည်းပါးပါးတော့ လှုပ်ရှာဦးမှပါလေ...

းဝ)

သားကြီး said...

ကျနော်လည်းနေယျပုဂ္ဂိုလ်ပဲဖြစ်မှာပါ
လူကတော်တော်ပိန်းကိုးး
တန်ဖိုးရှိတဲ့တရားတွေဖတ်သွားပါတယ်

သုခုမလေဒီ said...

အချိန်နဲ့ဒီရေဟာ လူကိုမစောင့်ဆိုတာကြောင့် ကိုယ်အစွမ်းရှိသလောက် မပျင်းမရိပဲလုပ်ကြရပါမယ်။ ဒါကိုပြောတာပါ။
ဒီရေအတက်အကျအလိုက်လုပ်တယ် ဆိုတာကတော့ အချိန်ကိုတန်ဖိုးမထားတာမျိုး သက်ရောက်လို့ မှားတယ် လို့ ဆိုနိုင်ပါတယ်။
နောက်တစ်ခုက...
အလုပ်မလုပ်ပဲလုပ်အားခရတယ်လို့ တော့ မရှိပါဘူး။ အဆမတန်ပိုရတယ်ဆိုတာကတော့ မမှန်ကန်တဲ့နည်း လမ်းများကြောင့်သာဖြစ်ပါလိမ့်မယ်။
ရုန်းကန်လှုပ်ရှားကာ ကြိုးစားနေတဲ့သူတွေ ခေါင်းပုံဖြတ် ခံရတယ်ဆိုတာကလည်း ခေါင်းပုံဖြတ်တတ်တဲ့ မတရား အနိုင်ကျင့်တတ်တဲ့သူတွေရှိနေလို့ ပါ။
ကဲ ဖွားကိရေ ပြန်ဖြေထားတယ်နော်။ ကျေနပ်မလားတော့မသိဘူး။း)

Sein Lyan Tun said...

မှတ်သားသွားပါတယ်...


ခုလိုသိသင့်သိထိုက်တာတွေအတွက်

ကျေးဇူး

ချစ်ခင်စွာဖြင့်

ဖိုးစိန်

ရေတမာ said...

အမရေ အခြေအနေကောင်းတွေနဲ့ တွေ့နေတာတောင် မရုန်းချင်တာခက်တယ်။ မိုက်တွင်းကို နက်လှပါတယ်။ အမ့ မောင်ကို ပစ်သာထားလိုက်ပါတော့ဗျာ

တလနွန် said...

တရားထူး တရားမြတ် နာကြားသွားပါ၏

မောင်ကောင်း said...

ပိုစ့်ကောင်းလေးတစ်ပုဒ်ဖတ်သွားပါတယ်.. အများသူတွေ သတိထား ကျင့်ကြံရမယ့် အချက်တစ်ချက်ပါပဲ.. မှတ်သားစရာလေးပါ..
ကျွန်တော်တို့ တွေကတော့ သေချာပေါက်နေယပုဂ္ဂိုလ်ထဲမှာ ပါဝင်နေပါတယ်..
အထပ်ထပ်တရားလုပ်ပြီး အထပ်ထပ်နှလုံးသွင်းမှ ရမှာတော့သေချာပါတယ်အစ်မ... အသိပေးဘလော့လေးကို သေချာဖတ်သွားပါတယ်.. ကူးယူသွားပါတယ်အစ်မ.. စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

ရွှေပြည်သူ (ShwePyiThu) said...

အစ်မ အနမ်းရေ ဆရာတော်ကြီးရဲ့ မှတ်တမ်းထဲက အဖိုးတန်စာတွေကို ထုတ်နုတ်ဝေမျှတာ ကျေးဇူးတင်ပါတယ်။ ညီမကတော့ တကယ်ကို နေယျပုဂ္ဂိုလ်အမျိုးအစား ထဲမှာပါပဲ... အဲဒါကို သိရက်နဲ့လည်း သေချာအားမထုတ်ဖြစ်သေးတာကို အစ်မက သတိပေးလိုက်သလိုပါပဲ။