မစားရတဲ့ပေါင်မုန့် 

ထိုင်ဝမ်က ပို့ လိုက်တဲ့ပေါင်မုန့် တစ်လုံး။

အနံ့ ကလည်းမွှေးပါ့၊ ပေါင်မုန့် သားကလည်းအိနေတာပဲ။
ဒါပေမဲ့ စားလို့မရတာ ခက်တယ်။း) ပို့တဲ့သူက ကျွန်မအတွက်တော့ မဟုတ်ဖူး။ ဒါပေမယ့် ညီမလေးက သူပေါင်မုန့် အနံ့ရတာမွှေးလို့ စိတ်မထိန်းနိုင်ပဲစားမိမှာစိုးလို့ ထင်ရဲ့ ကျွန်မဆီ ရောက်လာတာ။ ကျွန်မက အမှိုက်ပုံးလေ သူ စွန့်တာတွေကို လက်ခံနေကျဆိုသလို ဖြစ်နေပြီ။ ဟဟ ပေါင်မုန့်ကြိုက်တတ်တာနဲ့ အဲလို ဟိုမကျ ဒီမကျ အသုံးပြုမရ ကွိစိကွစိတွေဆို အလွန်ကြိုက်တတ်တာဆိုတော့ မငြင်းဖြစ်တော့ဘူး။

ပို့လိုက်တဲ့သူကတော့ ဘယ်လိုနေမလဲမသိဘူး။ ခုဆို ..သူလည်းသိလောက်ပါပြီ။ ကျွန်မညီမက အင်တာနက်ထက်မြန်တယ်။ :D

ခုလည်း ဒီပေါင်မုန့်ကို ပလပ်စတစ်နဲ့ အုပ်ထားရတယ်။ အိမ်က အခြားညီမတွေက စားကြည့်မယ် တကဲကဲလုပ် နေလို့။ အမေကတော့ ကလေးတွေစားမိရင်ဒုက္ခနော်၊ စားပွဲပေါ်တင်မထားနဲ့တဲ့။ ဘယ်ကလေးမှလည်းမရှိပဲ စိတ်ပူနေသေး။း)

8 ယောက်ဆွေးနွေးချက်:

kiki said...

ဟဲ့  အဲဒါ wrist pad ဟဲ့
ညီးချက်တင်လုပ်တာ ကြာရင် လက်နာ မစိုးလို့ 
လက်ကောက်ဝတ်အောက်မှာ ခံဖို့ ။
သိရက်သားနဲ့  အပိုတွေပြော ။အပိုတွေ ကြွား
နောက်တခါဆို ဟို အငွေ့ တထောင်းထောင်းနဲ့ 
အပုံ အခွေလေး ပို့ ပေးမယ်
ဟွန်းးး

မိုးခါး said...

ပလတ်စတစ်နဲ့ အုပ်ထားနော် မအနမ်း
ပုရွက်ဆိတ်တက်မယ် :P

Sein Lyan Tun said...

ပါမုန့်ဆိုမုန်းချင်ချင်ဖြစ်နေလားလို့ 
နေ့တိုင်းစားနေရလို့း)

မိုးစက်အိမ် said...

ဟားဟား မနန်းလုပ်မှ ပေါင်
မုန်.၀ယ်ရင်သေချာကြည်.
ဝယ်ရမယ် ဟီးးးးးးးးးးးးးးးးး

လင်းကြယ်ဖြူ said...

ပေါင်မုန့် ကောင်းကောင်း လေး ပါလား
အမြန် စားပစ်နော်..

Anonymous said...

မှတ်သားလောက်ပါပေ့ :)

Anonymous said...

ပြောနေရင်းနဲ့တောင် ယူစားမိတော့မယ် ငါ့နှယ်နော် မနဲစိတ်ထိန်းထားရတယ် .. :D
နေဒေးသစ်။

Unknown said...

ချစ်စရာလေးနော်..... မစားရက်ပါဘူးဗျာ....