ဝမ်းနည်းခြင်းနဲ့ ၀မ်းမြောက်ခြင်း

ဒီနေ့ ဒီဇင်ဘာ၁၀ရက်နေ့က အဝေးရောက်နေတဲ့ ကျွန်မညီမမွေးနေ့ပါ..
ဒီနှစ်ဟာ သူ့ရဲ့မွေးနေ့ရက်တိုက်ဆိုင်တဲ့နေ့ပေါ့.. သူကသောကြာနေ့ဖွားသမီး.
ဒီအတောအတွင်း ကျွန်မ လက်အခြေအနေမကောင်းလို့ စာမရိုက်နိုင်တာကြောင့် ပိုစ့်အသစ်တွေလည်း မတင်ဖြစ်ခဲ့ဘူး။

ဒီကြားထဲ အမေနဲ့ညီမတစ်ယောက်က ရိပ်သာခဏ၀င်တာရယ်..ဘာရယ်နဲ့ဆိုတော့ အိမ်မှာက
အသက်ကြီးတဲ့အဖွားနဲ့ ကျွန်မသာရှိတယ်၊ ကူဖော်လောင်ဖက်တော့ ရှိတာပေါ့..
အဲဒီအချိန်အတွင်း ၁၀နှစ်လောက်ဝေးကွာသွားတဲ့ မောင်ဖြစ်သူမိသားစုက ပြန်ရောက်လာကြ.. အဖွားက သိပ်ကျန်းကျန်းမာမာမဟုတ်တော့..
ကျွန်မကလည်း ဘာဖြစ်ညာဖြစ်…
ကိစ္စများမြောင်လူတို့ဘောင်ဆိုတာ ဒါပဲလား..။

အမေတို့က ၁ရက်နေ့ပြန်ရောက်ကြတယ်..
၃ရက်နေ့က ၀မ်းကွဲမောင်လေး မိသားစုက ဖွားဖွားကိုလာကန်တော့ကြတယ်။ မြေးအဖွားတွေ စကားဖောင်ဖွဲ့လို့ပေါ့….။
၅ရက်နေ့ နေ့လည်ဖက်ရောက်တော့ ဖွားဖွားက ချွဲကြပ်လာပြီး စကားမပြောတော့ဘူး။
ဘကြီးတစ်ယောက်က လာကြည့်ပေးတယ်။ အနီးအဝေးဆွေမျိုးတွေအားလုံး အကြောင်းကြားထားဖို့..
၆ရက်နေ့ မနက်စောစော ၃နာရီမထိုးခင်မှာပဲ ဖွားဖွားရဲ့ ရုပ်နာမ်ခန္ဓာချုပ်ငြိမ်းသွားတယ်။
သက်တောင့် သက်သာပါပဲ..။
၈ရက်နေ့က အသုဘချတဲ့နေ့…
နေ့ရက်ဆက်တိုက် ဧည့်ခံ၊ ဟိုလုပ်ပေး ဒီလုပ်ပေး။
ကိုယ်တတ်နိုင်သလောက်လေး စီစဉ်ပေးရုံပါပဲ့…

၁၀ရက်နေ့ ညီမမွေးနေ့ကိုတောင် အသေအချာ့ ဘာမှမလုပ်ပေးနိုင်တော့ဘူးပေါ့..။
ပထမတော့ ကျွန်မညီမမွေးနေ့ကို သူစားချင်တဲ့ မြန်မာအချဉ်ထုတ်၊ လဖက်တို့ကိုပို့ပေးမယ်ဆိုပြီး စာတိုက်ကို အစားအစာပို့ရမရ မေးမြန်းစုံစမ်းခဲ့သေးတယ်..။
ခုတော့..ဘာကိုမှမလုပ်ပေးနိုင်လို့ အဲဒီအတွက် စိတ်တော့မကောင်းဘူးပေါ့..
၁၂ရက်နေ့က ဖွားဖွားရက်လည် ရှိသေးတာကိုး..

မွေးနေ့ရှင်ကိုယ်တိုင်ကလည်း စိတ်မတည်ငြိမ်တော့ဘူး.. အဖွားအတွက် သူတတ်နိုင်သလောက် လုပ်ချင်တာတွေလုပ်ခိုင်း လှူခိုင်းနဲ့ပါပဲ..
ဖုန်းခဈေးကြီးလို့ ဖုန်းဆက်ဖို့ခဲယဉ်းတဲ့သူက တစ်နေ့ကို ဖုန်း သုံးလေးခါဆက်လေရဲ့..
ဒါနဲ့ သူ့ဆန္ဒကိုပဲ မဖြစ်ဖြစ်အောင် ဖြည့်ဆည်းပေးနေမိတယ်.

ဖွားဖွားက အသက်ရှည်ပြီး နောက်ဆုံးထွက်သက်မှာလည်း ညင်ညင်သာသာဖြစ်သွားလို့ ကျွန်မတော့ ဖြေသာပါတယ်. နောက်ဆုံးအချိန်လေးမှာ…ဖွားဖွားအတွက် အကောင်းဆုံးဖြည့်ဆည်းပေးခဲ့လို့လည်း ကျေနပ်ရတာပါပဲ။
ဖွားဖွားလည်း ကောင်းရာသုဂတိလားပါစေလို့ ဆန္ဒပြုရင်း..
ကျွန်မ ညီမရဲ့မွေးနေ့ကိုပါ ဒီကနေပဲ တစ်ခါတည်းတိတ်တဆိတ် ဆုတောင်းပေးနေမိတယ်။
လူတစ်ယောက် မွေးဖွားလိုက်ခြင်းဟာ ၀မ်းမြောက်ခြင်းဖြစ်ပြီး၊ လူတစ်ယောက်သေဆုံးခြင်းကတော့ ၀မ်းနည်းခြင်းဖြစ်တယ်လို့ ခံယူကြတယ်လေ။

လူ့ဘ၀ဆိုတာ မွေးဖွားခြင်းနဲ့စပြီး. သေဆုံးခြင်းမှာ အဆုံးသတ်ကြရမှာပါပဲ…။
ဒါကြောင့် အကောင်းဆုံးဖြစ်အောင် နေထိုင်နိုင်ကြဖို့၊ အကောင်းဆုံးတွေ လုပ်ဆောင်သွားကြဖို့ လိုပါတယ်။ အလင်းထဲရောက်နေကြသူတို့အဖို့ အလင်းရှိရာကိုသာ သွားဖို့ကြိုးစားကြရမှာမယ် ဆိုတာကို သဘောပေါက်မိရင်း....။

6 ယောက်ဆွေးနွေးချက်:

ချော(အစိမ်းရောင်လွင်ပြင်) said...

မွေးနေ့ရှင်လေးလည်း စိတ်ချမ်းသာစွာနဲ့ ပျော်ရွှင်ကျန်းမာပါစေရှင်.
လူဆိုတာ သေတစ်နေ့မွေးတစ်နေ့ပေါ့ အစ်မရယ်.ဒါပေမဲ့ သေတဲ့အချိန်မှာ ဆိုးဆိုးဝါးဝါး ခံစားရတာထက်စာရင် ငြိမ်ငြိမ်သက်သက်လေး ဖြစ်သွားတာ အင်မတန်မှ ကံကောင်းပါတယ်..
အစ်မအဖွားလည်း ကောင်းရာမြင့်မြတ်ရာ ဘုံဘ၀ကို ရောက်နေမှာပါ..

ဧပရယ်လ်ပူး@ပူးတေ said...

မမနမ်းရေ

ဖွားဖွား အတွက် စိတ်မကောင်းပါဘူး... ဒါပေမယ့် မအနမ်းတို့ ဖွားဖွားက ညင်ညင်သာသာပဲ ဘဝကူးသွားလို့ ကောင်းရာ မွန်ရာဘုံဘဝကို ရောက်မှာပါမမရေ... ပူးတေလဲ မမနမ်းတို့ ဖွားဖွား ကောင်းရာဘုံဘဝ ရောက်ရှိပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်...

တွေ့ကြုံဆုံကွဲ လို့ပဲ ဖြေရမှာပေါ့လေ...

မွေးနေ့ရှင်လဲ မွေးနေ့မှာ ဖွားဖွားအတွက် ကုသိုလ်ကောင်းမှုတွေ လုပ်ပေးရင်း ကုသိုလ်ကောင်းမှုတွေနဲ့ ပြည့်စုံတဲ့ မွေးနေ့လေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်...

ချင်မင်စွာဖြင့်
ချစ်ညီမ ပူးတေ

အဖြူရောင်နတ်သမီး said...

ဖွားဖွားအတွက် ကောင်းရာသုဂတိလားပါစေလို့ဆုတောင်းပေးရင်း..။
ညီမလေးအတွက်
မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်...။

မနမ်းလည်း အစစ အရာရာ အဆင်ပြေပါစေ...။

အင်္ဂါဟူး said...

ဖွားဖွားကလည်း စွန့်ခွာခဲ့ပြီပဲလေ... ပူးဆွေးတာတွေ တရားနဲ့ဖြေရင်း ကိုယ့်အလှည့်မရောက်ခင် ဘာလုပ်မလဲ စဉ်းစား ကြတာပေါ့အစ်မရယ်.... အကောင်းဆုံးက မွေးသေ ထဲကလွတ်ရင်အကောင်းဆုံးပေါ့... သံသရာထဲ ကျင်လည်ဆဲတော့.. အမှန်တရားကို ပိုင်ဆိုင်ထားသူတွေက အကောင်းဆုံးအသုံးချသင့်တယ်လေ...

ယွန်း said...

မွေးနေ့ ရှင်လေးလဲ ပျော်ရွှင်ပါစေ..
ဖွားဖွားလဲ ကောင်းရာသုဂတိလားပါစေ လို့ ဆန္ဒပြု၇င်း..

ခင်မင်စွာဖြင့်
ယွန်း

noblemoe said...

ဝမ်းနည်းခြင်းနှင့်ဝမ်းသာခြင်း ဟူးးးး
တိုက်ဆိုင်မှုများ
လက်အမြန်ပြန်ကောင်းလာပါစေ...

သာယာချမ်းမြေ့ပါစေရှင်း
မိုး