ကထိန်အလှူ



အလှူအားလုံးထဲမှာ ကထိန်အလှူဟာ အထူးခြားဆုံးအလှူပါ။

ဘာလို့လဲဆိုတော့..ကထိန်အလှူကြောင့် ကထိန်ခင်းတဲ့ ရဟန်းတော်တွေမှာ လိုက်နာကျင့်သုံး စရာ သိက္ခာပုဒ်ဝန်ထုပ်တစ်ချို့ သက်သာခွင့်ရသွားလို့ပါပဲ..။

ကထိန်သင်္ကန်းကို ပြည့်ပြည့်စုံစုံပြောမယ်ဆိုရင်တော့ ကထိန်လျာသင်္ကန်းလို့ ပြောရမှာပေါ့။

ဘုရားဖြစ်ဖို့လျာထားတဲ့ပုဂ္ဂိုလ် ဘုရားဖြစ်ဖို့သေချာတဲ့ပုဂ္ဂိုလ်ကို ဘုရားလောင်းလျာ၊ ဘုရားလျာ လို့ဆိုရပါတယ်။ အဲဒီလိုပဲ ကထိန်ခင်းဖို့လျာထားတဲ့ သင်္ကန်း၊ ကထိန်ခင်းဖို့သေချာတဲ့သင်္ကန်း ကိုလည်း ကထိန်လျာသင်္ကန်းလို့ ခေါ်ပါတယ်။

အဲဒီကထိန်သင်္ကန်းကို မိုးကျသင်္ကန်းလို့လည်းခေါ်ပါတယ်။ မိုးပေါ်ကနေ မိုးရေပေါက်တွေ ကျလာတာဟာ သူ့သဘာဝအတိုင်း ရေခိုးရေငွေ့တွေစုပေါင်းပြီး ကောင်းကင်ပေါ်မှာ ရပ်တည် နိုင်စွမ်းမရှိတော့တဲ့အခါ မိုးပေါက်လေးများအဖြစ်နဲ့ အလိုလျောက်ကျဆင်းလာခြင်းပဲဖြစ်ပါ တယ်။ ထိုကဲ့သို့ ဘယ်သူ့ပယောဂမှမပါပဲ အလိုလျောက်သံဃာတော်များခင်းမယ့်သင်္ကန်းကို မိုးကျသင်္ကန်းလို့ ခေါ်ပါသေးတယ်။

အဲဒီနောက် မသိုးသင်္ကန်းဆိုတာလည်း ရှိပါသေးတယ်။ ရွှေတိဂုံစေတီတော်မြတ်ကြီးကို ယခုတိုင် မသိုးသင်္ကန်းရက်လုပ်ကာ နှစ်စဉ်ဆက်ကပ်ပူဇော်ပါတယ်။ ကျွန်မကိုယ်တိုင် သဘောပေါက်မိတာက တစ်နေ့တည်းပြီးအောင်ရက်လုပ်ရလို့ မသိုးသင်္ကန်းဆိုတာ မှတ်သား ဖူးပါတယ်။ အမှန်တော့ ဒီနေ့လှူတဲ့သင်္ကန်းဟာ မသိုးသင်္ကန်းပါပဲတဲ့။

ဒီနေ့ချက်ထားတဲ့ ထမင်းတွေဟာ တစ်နေ့တာလွန်သွားရင် သိုးသွားတတ်ပါတယ်။ ထို့တူ ကထိန်ခင်းဖို့ လှူဒါန်းထားတဲ့သင်္ကန်းကို နောက်နေ့အရုဏ်တက်ချိန်ထိ မခင်းဖြစ်ဖူးဆိုရင် တော့ သိုးတဲ့သင်္ကန်းလို့ယူဆပါတယ်။ ဒါ့ကြောင့် နောက်နေ့အရုဏ်မတက်ခင်အတွင်း ပြီးအောင် ကထိန်ခင်းကြရပါတယ်။

သတိပြုရမယ့်အချက်က တစ်ချို့ကထိန်အလှူရှင်များက ကထိန်ခင်းမယ့်ရက်မရောက်ခင် ကထိန်သင်္ကန်းကို ကျောင်းမှာလှူထားတတ်ကြပါတယ်။ အဲဒီလိုမျိုး ကထိန်မခင်းမီ သင်္ကန်းကို အပြီးတိုင် လှူထားလို့မရပါဘူး။ အပ်နှံရုံသာ အပ်နှံထားရမှာဖြစ်ပါတယ်။ (ကျွန်မတို့တစ်ခါက အဲဒီလိုကြိုတင်လှူခဲ့ဖူးလို့ပါ)

နောက်တနည်းကတော့ ကထိန်သင်္ကန်းကို ဉတ်သင်္ကန်းလို့လည်းခေါ်ပါတယ်။ သိမ်ထဲမှာ သံဃာတော်များက ဉတ်ကမ္မာဝါစာတွေရွတ်ဖတ်ပြီးတော့မှ ကထိန်ခင်းမယ့်ရဟန်းကို သံဃာ့ သဘောတူချက်နဲ့ ကထိန်လျာသင်္ကန်း ပေးရပါတယ်။ သင်္ကန်းနွမ်းပါးတဲ့ရဟန်းကို ကထိန်လျာ သင်္ကန်းပေးရပါတယ်။


သင်္ကန်းနွမ်းပါးတဲ့ရဟန်းတွေများနေရင် အကြီးဆုံးမထေရ်ကိုပေးရ ပါတယ်။ ထိုရဟန်းတော်က ကထိန်ခင်းရပါတယ်။ ထိုသို့ပြုလုပ်ရတဲ့သင်္ကန်းဖြစ်တာကြောင့် ဉတ်သင်္ကန်း လို့ခေါ်ခြင်းဖြစ်ပါတယ်။ ဉတ်ဆိုတာ ဉတ္တိဆိုတဲ့ပါဠိကလာပြီး မြန်မာလိုအနက်မှာ အသိပေးခြင်း၊ ကြေငြာခြင်းပဲဖြစ်ပါတယ်။

ထို့ကြောင့် ကထိန်သင်္ကန်းကို (၁) မိုးပေါ်ကျသင်္ကန်း (၂) မသိုးသင်္ကန်း (၃) ဉတ်သင်္ကန်းလို့ အသီးသီးခေါ်ဆို ကြပါတယ်။

သင်းပိုင်၊ ဧကသီ၊ ဒုကုဋ် သင်္ကန်းသုံးမျိုးရှိတဲ့အထဲကမှ သင်္ကန်းတစ်ထည်ထည်နဲ့ပဲ ကထိန်ခင်းလို့ရပါတယ်။

ကထိန်သင်္ကန်းကပ်လှူခြင်းနဲ့ပတ်သတ်လို့ သိသင့်တာလေးတွေကို အရှင်ဆန္ဒာဓိကရဲ့ အိုဘယ့်အလှူရှင် စာအုပ်မှ ကိုးကားတင်ပြခြင်းဖြစ်ပါတယ်။

ပုံကို google မှယူပါသည်။

9 ယောက်ဆွေးနွေးချက်:

နှင်းဟေမာ said...

အစ်မအနမ်းရေ...

လာရောက်လေ့လာ ဖတ်မှတ်သွားပါတယ်
အခုလို ပြန်လည်မျှဝေပေးတာကျေးဇူးတင်ပါတယ်
လေးစားစွာဖြင့်

လသာည said...

ကထိန်အကြောင်း သေသေချာချာ ပြောပြပေးတာ ကျေးဇူးနော်။
ဘာလိုလိုနဲ့ မနက်ဖြန်တောင် တန်ဆောင်မုန်းလပြည့်ဖြစ်သွားပြီ..

ခြင် said...

နမ်းရေ... အဖိုးတန်တဲ့ ပို့စ်လေးပဲဟေ့... နာ့တူငယ်ချင်း တော်သကွာ...

သုခုမလေဒီ said...

lu နှင့် Buddha ဆိုသူတို့ရှင့် စာရေးသူ၏ ဘလော့ကို လာရောက်လည်ပတ်ပြီး ဖတ်ရှုကြတာကို ကျေးဇူးတင် ပေမယ့် ဘာကြောင့် ဤကဲ့သို့ကွန်မန့်များပေးခဲ့ကြသည် ကို နားမလည်ပါ.။ စာဖတ်သူသည် ဗုဒ္ဓဟူသောအမည် ကို သုံးစွဲထားပါသော်လည်း အဘယ်သို့သော အကြောင်းကြောင့် ဗုဒ္ဓရဲ့သားတော်ဖြစ်သော သံဃာများ အား မလေးမစားရှိရသည်ကို စာရေးသူတအံ့တသြဖြစ် မိပါ၏။ သို့သော်လည်း စာဖတ်သူအားအပြစ်မဆိုချင်ပါ..အဘယ်ကြောင့်ဆိုသော် စာရေးသူ၏အမြင်သည် စာဖတ်သူ၏အမြင်နှင့် မတူညီနိုင်သည်ကို လက်ခံမိ သောကြောင့်ဖြစ်ပါသည်။
သို့ပေမယ့် စာရေးသူဘလော့၌ နောက်နောင် ဤကဲ့သို့ ကွန်မန့်များမထားခဲ့ရန် တောင်းပန်အပ်ပါသည်။

kiki said...

ဘယ်မှာလည်း.. ဘယ်က လည်း..ဘယ်သူတွေလည်း.. ဘာတွေ လာရေးသွားတာလည်း..
ကတောက်.. ဘာမှ မမြင်လိုက်ရ ပါလား...
( အိပ်ပျော်နေသည်မှာ ကြာမြင့်သွားပါသဖြင့် လောကကြီးတွင် ဖြစ်ပျက်နေသည်များကို ခေတ္တ အဆက်ပြတ်သွား ပြီး ဘုမသိ ဘမသိ ဖြစ်နေရပါသည် )

buddha said...

ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာ ကျွန်သဖွယ်၊ သူတောင်းစားသဖွယ် နေထိုင်နေရတာ မထူးဆန်းပါဘူး။ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်နေတဲ့ ဂေါတာမကုလားကိုယ်တိုင်က အိမ်တကာလှည့်ပြီး သူတောင်းစားလို တောင်းစားနေမှတော့ သူ့ကို ကိုးကွယ်နေကြတဲ့ သူတွေသူတောင်းစားသဖွယ် ၊ ကျွန်သဖွယ်ဖြစ်နေတာ မထူးဆန်းပါဘူး။

buddha said...

ဂတုံးတွေကသိတဲ့အတိုင်း သပုတ်လေလွင့်အရမ်းတော်တာ...ဂတုံးတွေကို နိပ်ကွပ်ချင်တာလည်းပါတယ်.......... ဒီဂတုံးတွေကို ကြည့်မရဘူးဗျာ..... ဘာကြောင့်ကြည့်မရလဲ လမ်းမှန်ကိုမပို့ပေးလို့ ..... သူတို့ထမင်းငတ်မှီအရေးကိုပဲ ရှေ့တန်းတင်တယ် ..... ကိုးကွယ်တဲ့ကောင်က ကုလားမှန်းလည်းသိတယ် ကုလားဖြစ်ကြောင်းကို မပြောဘူး...
သင်္ကန်းခြုံဂတုံးတို့။ အဘယ့်အချိန်ကာလပတ်လုံးထိ လိမ်ညာသောလမ်းမှမရုန်းထွက်ဘဲ ရှိနေအုံးမှာလဲ??? အိုး အဆွေသင်္ကန်းခြုံဂတုံးတို့ သင်တို့သည် ရှေးဦးစွာ မိမိ့လက်နှင့်မိမိ့ဝမ်းစာကို ရှာပါစေ။ မိမိ့ဝမ်းစာအတွက်ပင်လျှင် သူတောင်းစားကဲ့သို့ ဝမ်းစာရှာနေသော သင့်တို့အား ကျွန်ုပ်အဘယ်ကဲ့သို့ ယုံကြည်ရမည်နည်း။အလှူဒါနပြုသူများက သင်တို့အား ငွေအလှူကိုပြုပြီးသည့်တိုင်မှ မတင့်တိမ်၊ မရောင့်ရဲနိုင် ထပ်၍ပင် စားဖွယ်သောက်ဖွယ်အလှူများကိုပင် ထပ်၍တောင်းနေကြသည့်မှာ သင်တို့သည် သူတောင်းစားထက်ပင် ပို၍ဆိုးနေကြသည့် မဟုတ်လော့။ သင့်တို့နေ့စဉ်ရက်ဆက် စားသောက်နေရသော် အစားအသောက်ပင်လျှင် မိမိ့လက်နှင့် မချက်မပြုတ်နိုင်။ ထို့ကြောင့် အပျင်းတကာအပျင်းဆုံးသူများသည် သင်တို့ပင် ဖြစ်ကြသည်။ သင်တို့သည် ကျွေးမွေးလှူဒါန်းကြသော်၊ အစားအသောက်ပင်လျှင် ကဲ့ရဲ့ရှုံ့ချလျက် အသား၊ငါးများမသတ်ရ ဥပဒေကို ကိုယ်တိုင်ချမှတ်လျက်နဲ့ပင် ကျွေးမွေးသည့်အခါ မြိန်ရေရှက်ရေ စားသောက်ကြသည်။ ထို့ကြောင့် သင်တို့သည် ကျွေးသောသခင့်လက်ကို ပြန်ကိုက်သော်၊ ခွေးနှင့်ပင် ခိုင်းနှိုင်းစရာ ရှိသည်။

buddha said...

ဗုဒ္ဓရဲ့ အဟောအပြောကို လူတိုင်းသာ လိုက်နာကျင့်နာရရင်လည်း အကုန်တောထွက်ပြီး တရားကျင့်ဖို့ပဲ ၇ှိပါတော့တယ်.... သူ့၇ဲ့ သြ၀ါဒတွေမှာ လူအများနဲ့ ပေါင်းသင်းဆက်ဆံတတ်အောင်၊ မိသားစုများ၏ အိမ်ထောင်ရေးဆိုင်ရာများ များစွာသော အချက်အလက်များကို ဤသို့သော သွန်သင်မူများကို လုံးဝမတွေ့ရှိရပါဘူး.. သူသွန်သင်ခဲ့ စကားများဟာ အရမ်းပင်လွယ်ကူလှပါတယ်... ကောင်းတာလုပ်လျှင် ကောင်းတာရမည်ဟုသော စကားသည် (၅)နှစ်ကလေးငယ်ပင် သိပါတယ်.. သူရဲ့အချုပ်က ဘာကိုမှ စွဲလမ်းခြင်း မရှိရဘူးဟုဆိုထားလေသောအခါ အိမ်ထောင်သည် ကလေး(၃)ယောက်အဖေလိုလူမျိုးကြတော့ ကိလေသာတဏာမက်မောကင်းစင်ရန် တောထွက်တရားကျင့်မယ်ဆိုရင် ကလေး၊ မိန်းမများဟာ ငတ်ပြတ်သေရုံပဲ ရှိပါတော့မယ်ဗျာ.... တဦးတယောက်တကောင်ကြွက်တမျက်နှာလူမျိုး ကိုယ့်အပေါ်မှာ မှီခိုအားထားစရာ မရှိသောသူများ အဖို့ဆိုရင်တော့ သူ့ရဲ့ အကျင့်နဲ့ ကိုက်ညီကောင်း ကိုက်ညီပါလိမ့်မယ်.. ဤသို့သော အချက်အလက်များကို ထောက်၍ စာရေးသူက တကိုယ်ကောင်းဆန်သည့် အကျင့်ဟု စွပ်စွဲလျှင် လွန်မည်မဟုတ်ပါ..

buddha said...

ယနေ့ လူအနည်းစုသာ ကိုးကွယ်တော့သည် ဘာသာတရားပင်ဖြစ်ပါတယ်...

ဗုဒ္ဓဘာသာဝင် သန်းပေါင်း ၃၅၀ ဆိုတာ အိန္ဒိယတနိုင်ငံစာ၏ လူဦးရေထက်ပင် အလွန်လွန်နည်းပါးပါတယ်. အိန္ဒိယနိုင်ငံဟာ ဟိန္ဒူဘာသာဝင်များ နိုင်ငံဖြစ်ပါတယ်.... သန်းပေါင်းတစ်ထောင် (၁၀၀၀) ကျော်ရှိပါတယ်.... ၈၅% ဟာ ဟိန္ဒူဘာသာဝင်များ ဖြစ်ပါတယ်.. ကျန်ရှိသည့် မွတ်စလင်မ် ခရစ်ယာန် ဗုဒ္ဓဘာသာဝင်များ နေထိုင်ကြပါတယ်...စာရေးသူ ဘာပြောချင်လဲဆို သူ၏စကားနှင့် ပြောဆိုသိမြင်နိုင်စွမ်းရှိသည်သူများပင် သူ၏စကားကို ကောင်းကောင်း နားလည်နေတဲ့သူ တွေကပင် ရှင်ဂေါတာမအား မကိုးကွယ်ကြသည်ကို တွေ့ရှိရမည် ဖြစ်ပါတယ်.... နောက်များမလည်း ဒီဘာသာကို စွန့်လွှတ်ဖို့ လူအများ ရှိလာမည့်ကို စာရေးသူ ယုံကြည်ပါတယ်၊ ယနေ့ တရုတ်နိုင်ငံမှာဆို ဗုဒ္ဓဘာသာဟာ ပျောက်ကွယ်လု ဖြစ်နေပါပြီ