အခြားတစ်ဖက်











ချစ်ခြင်းရဲ့အခြားတစ်ဖက်မှာ
မုန်းခြင်းတွေရှိနေမယ်..


ကြင်နာခြင်းရဲ့အခြားတစ်ဖက်မှာ
နာကြင်ခြင်းတွေရှိနေမယ်..


မှန်ကန်ခြင်းရဲ့အခြားတစ်ဖက်မှာ
လိမ်ညာခြင်းတွေရှိနေမယ်..


ရိုးသားခြင်းရဲ့အခြားတစ်ဖက်မှာ
ကောက်ကျစ်ခြင်းတွေရှိနေမယ်..


ယုံကြည်ခြင်းရဲ့အခြားတစ်ဖက်မှာ
သံသယဖြစ်ခြင်းတွေရှိနေမယ်..


ဒါကို ဆန့်ကျင်ဖက်နိယာမတွေလို့
သတ်မှတ်ထားမယ်ဆိုရင်..
မင်းအပြောတွေရဲ့ အခြားတစ်ဖက်မှာ
ဘာများရှိနေလိမ့်မလဲလို့ ငါတွေးမိနေဆဲ…။

12 ယောက်ဆွေးနွေးချက်:

kiki said...

ဟန်ဆောင် ပန်ဆောင် သူတွေ ရဲ့  အခြားတစ်ဖက်က အကြောင်း အရာ တွေ က ရော .. ဘာ တွေ ပါ လိမ့် ..သိချင် လိုက်တာ နော် ..
သေခြင်းရဲ့  အခြားတစ်ဖက် မှာ ရော . ရှင် ခြင်း က ရှိ နိုင် ပါ့ မလား ????
ဆန့် ကျင် ဖက် တွေ မို့  ဘယ် လို မှ ပေါင်းစည်း လို့  မရနိုင် တာ လို့  ပဲ မှတ်ယူ လိုက် ပါတယ် .. အနမ်း တယောက် ဆန့်ကျင်ဖက် တွေ ရဲ့ ပဍိပက္ခ ကြားမှာ နေသာထိုင်သာ ရှိနိုင်ပါစေ ...

ချော(အစိမ်းရောင်လွင်ပြင်) said...

အလွာပါးပါးလေးခြားနေတဲ့ နှစ်ဘက်ဆိုပေမဲ့ အခြေအနေချင်းကတော့ ကွာခြားလွန်းတယ်နော်။
အချစ်နဲ့အမုန်းဟာလည်း အချစ်က ပျော်ဖို့ကောင်းသလောက် အမုန်းကတော့ နာကြင်စရာကောင်လွန်းပါတယ်..
ခံစားချက်ခြင်းလည်း မတူညီကြဘူး။
ဘယ်အရာကိုမဆို အစွန်းမရောက်ဘဲ အလယ်နားလောက်ဆိုရင်တော့ ခံစားရသက်သာမယ် ထင်ပါတယ်..

သူကြီးမင်း (တုံးဖလား) said...

အမ...
ဟုတ်လှချည်လား။ ကဗျာလိုလို စာလိုလိုလေး။ အဓိပ္ပါယ်အရမ်းရှိတယ်။ လောကကြီးမှာလဲ အဲဒီအတိုင်းတွေဘဲ အမရေ...

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ကိုဇော် said...

ဆန့်ကျင်ဘက် သဘောတရားလေးတွေကို ချပြသွားတာပဲ။ ယင် နဲ့ ယမ် ဆိုတဲ့ သဘောတရားမျိုး ထင်တယ်။ နောက်ကျောက ဓါးနဲ့ ထိုးသူတွေကတော့ ကြောက်စရာ အကောင်းဆုံးပါပဲ။

တောသားလေး (and) ထွန်းမြတ်တေဇ (မြန်အောင်) said...

အစ်မ လောက၏ဖြစ်မြဲ ဓမ္မတာ ဆန့်ကျင်ဘက်
နိယာမလေးတွေကို လာဖတ်သွားပါတယ်ခင်ဗျာ။
အစ်မ အဆင်ပြေကျန်းမာပျော်ရွင်ပါစေ။
ခင်မင်လျှက်
တောသားလေး

ဇွန်မ said...

အမအနမ်း လူသားတိုင်းလိုလို ကြုံတွေ့နေရတဲ့ သဘာဝနိယာမတရားလေးပဲနော် ကဗျာကောင်းကောင်းလေးတွေ မစပ်တတ်ပေမဲ့ ကျွမ်းကျွမ်းကျင်ကျင်တော့ ကူးတတ်ပါတယ် အမရေ ဟီးဟီး (ကူးသွားပြီနော်အမ)

အင်ကြင်းသန့် said...

ခြားနားခြင်းနံရံက ပါးပေမယ့် ခြေလှမ်းတစ်ချက်မှားတာနဲ့ ဆန့်ကျင်ဖက်အခြေအနေကို ရောက်ရှိသွားမယ်ထင်တယ်။ အခုလို ယှဉ်ပြထားတာလေးကောင်းတယ် မအနမ်းရေ...

ဂျစ်တူး ( မုံရွာ ) said...

အင်း - - -
အခြားတဖက်မှာ
တကယ်တော့အတူတူမှမဟုတ်ဘာဘဲလေ-
ခံစားချက်များကိုထပ်တူထပ်မျှခံစားသွားပါတယ်အနမ်းရေ-

Anonymous said...

This link provides information on how to reach state insurance regulators that can help to provide state-specific information relating to car, homeowner, ... http://insuranceinstates.com/pennsylvania/Pittsburgh/A%20Personal%20Insurance%20Specialist/15234/

မြစ်ကျိုးအင်း said...

ကောင်းမွန်တဲ့ဘက် အခြမ်းမှာ တည်ရှိနေဖို့ အမြဲ သတိနဲ့ နေရမှာပဲ။ ကိုယ့်ရဲ့ အပြုအမူတွေ အမှားဖြစ်သွားရင် ဆန့်ကျင်ဘက် အခြေအနေကို ကြုံရမယ် မဟုတ်လား။

အဖြူရောင်နတ်သမီး said...

ကဗျာလေးကောင်းတယ် မနမ်းရေ...
စကားမစပ်...သူက ဘာပြောသွားလဲဟင်..
သူပြောတဲ့စကားကိုသိမှ အဲဒီစကားရဲ့ ဆန့်ကျင်ဘက် အနက်အဓိပ္ပါယ်ကို ဖွင့်လို့ရမှာမို့ ....း)


အလုပ်တွေပိနေလို့ ခနနားတုန်း စာကြွေးတွေ လာဆပ်သွားတယ်နော်..။

noblemoe said...

ကဗျာလေးကောင်းတယ် မနန်း
ရိုးရိုးရှင်းရှင်းလေးနဲ့ ထိမိတယ်။

လောကကြီးတွေ့ကြုံခဲ့ရတာတွေက သင်ခန်းစာတွေပါပဲ
လိမ်ညာကောက်ကျစ်မှုတွေကြောင့် ရိုးသားကြင်နာခြင်းတွေဟာပိုသိသာတန်ဖိုးရှိလာတာပေါ့အမရယ် ။

သာယာချမ်းမြေ့ပါစေရှင်း
မိုး