ဝါခေါင်လပြည့်မွေးနေ့ရှင်သို့



ဒီနေ့ဟာ ၀ါခေါင်လပြည့်နေ့ ဥပုသ်နေ့အခါသမယဖြစ်တာကြောင့် ရက်ကောင်းရက်မြတ်လို့ ပြောရပါမယ်။ ၀ါခေါင်လကတော့ မြန်မာလတဆယ့်နှစ်လမှာ ပဉ္စမမြောက်လဖြစ်ပါတယ်။ မိုးဥတုတွင်ပါဝင်ပြီး ၀ါခေါင်လမှာ ရက်မစုံ ကွယ်သောလဖြစ်သောကြောင့် ရက်ပေါင်း၂၉ရက် သာရှိတယ်လို့သိရပါတယ်။ ၀ါခေါင်လကို ရှေးအခါက နံကာလ ဟုလည်းခေါ်ဆိုခဲ့ကြပါတယ်။ ၀ါခေါင်လတွင် ရှေးမြန်မာမင်းများရှိစဉ်အခါကတည်းက ရာသီပွဲတော်အဖြစ် စာရေးတံပွဲသဘင် ကို ဆင်ယင်ကျင်းပလေ့ရှိပြီး ယခုထက်တိုင် ကျင်းပလျှက်ရှိပါတယ်။

ဝါခေါင်လပြည့်နေ့ကို ကျွန်မအစ်ကိုရဲ့ မြန်မာလိုမွေးနေ့လေးအဖြစ် ကျွန်မက အမှတ်တရ ရှိနေခြင်းပါပဲ။ အမေက အစ်ကိုကိုမွေးတော့ သြဂုတ်လ၂၀ရက်ဖြစ်ပြီး မြန်မာလိုက ၀ါခေါင် လပြည့်နေ့ကျရောက်ပါတယ်။ ဒါကြောင့်လည့်း အစ်ကို့မွေးနေ့မြန်မာလိုကို အမှတ်ရနေခြင်းပါ။ နေ့ထူးနေ့မြတ်မဟုတ်တဲ့ ညီမတွေရဲ့မွေးနေ့ကိုတော့ မြန်မာလို မသိပါဘူး။ ကိုယ့်မွေးနေ့တောင် မြန်မာလို သေချာမှတ်ထားရတား)) ကျွန်မအဖွားဆို ကျွန်မတို့ကို ငယ်ငယ်ကတည်းက ပြက္ခဒိန်ကိုကြည့်ခိုင်းပြီး ဒီနေ့ဘာနေ့လဲ အမြဲမေးပါတယ်။ အင်္ဂလိပ်လို ဇန်န၀ါရီ ၁၃ရက်လို့ မပြောလိုက်နဲ့ မရဘူး၊ မြန်မာလိုထပ်မေးတယ်။ မြန်မာလို လပြည့် လကွယ် လဆန်း လဆုတ် စသဖြင့်ပါ.. အဲ ကျွန်မတို့ကလည်း ငယ်ငယ်က မြန်မာလိုဆိုနားမလည်ဘူး။ သူ့အခန်းထဲက အင်္ဂလိပ် မြန်မာပြက္ခဒိန်ကို ကြည့်ခိုင်းတယ်။ ပြီးတော့ အဲဒီမှာရေးထားတာ ၁၃၆..ခု၊ ပြာသိုလ. ..လို့ အတိအကျပြောရပါတယ်။ အဖွားရဲ့အမေးကို ကျွန်မနဲ့ကျွန်မညီမတို့ တစ်ယောက်နဲ့ တစ်ယောက် ပတ်ရှောင်နေခဲ့ဖူးပါတယ်။ အဖွားကမေးလို့မဖြေနိုင်ရင် ဆူသေးတာကိုး…

အခုနောက်ပိုင်းတော့ ကျွန်မ မြန်မာလိုပါတဲ့ပြက္ခဒိန်ကို သုံးစွဲတတ်တဲ့အကျင့်က ဖြစ်သွား တယ်။ ဒီနေ့ရက်စွဲကြည့်မယ်ဆိုရင် မြန်မာလို ဘာလလဲ ဘယ်နှစ်ရက်နေ့လဲဆိုတာ သေချာ ကြည့်တတ်လာပြီ။ မြန်မာလူမျိုးဖြစ်ပြီး မြန်မာလို ဘယ်နှစ်ရက်လည်း သိမှဖြစ်မှာလေ…။ ခုမှ အဖွားကို ကျေးဇူးတင်ရတော့တယ်။

ဝါခေါင်လနဲ့ပတ်သတ်လို့က များများစားစားတော့မသိပါဘူး။ ၀ါခေါင်လအဖွဲ့လေးကိုတော့ အမှတ်တရ ဖြစ်စေချင်လို့ တင်လိုက်ပါတယ်။

ဦးယာ၏ ၀ါခေါင်လဘွဲ့မှာ-

“ရတုဝါခေါင်၊ တိမ်တောင်ပက်ယှက်၊ သည်ရက်အခါ၊ မြတ်စွာထွဋ်ထား၊ ရွှေစကားတွင် ပွဲများခြိမ့်ခံ၊ စာရေးတံဟု၊ စီမံခင်းကျင်း၊ မင်းသားတသီး၊ မင်းသမီးနှင့်၊ မှူးကြီးမတ်ရာ၊ မြတ်သဃာင်္တို့၊ ရတနာထွေပြားး၊ အပါးပါးနှင့်၊ သကြားကြံချို၊ ဆိမ့်ယိုအုန်းသီး၊ ပျောသီးရွှေရောင်၊ မြဒေါင်းပေါင်တွင်၊ အသာတင်၍၊ သဘင်ခံပွဲ၊ ညံမစဲသား၊ ပုလဲရွှေမြင်း၊ ငါးအင်ကလျာ၊ မိုးသူဇာတို့၊ ဖလ်ပြာတကောင်း၊ ရှိစုံပေါင်း၍၊ ၀ပ်ညောင်းပန်ကြား လျှောက်ဆိုထားသည်” လို့စပ်ဆိုထားခဲ့ပါတယ်။
အစ်ကို့မွေးနေ့ဝါခေါင်လပြည့် အမှတ်တရအဖြစ်ပိုစ့်ပါ။

10 ယောက်ဆွေးနွေးချက်:

ဝက်ဝံလေး said...

မနမ်း အကို မွေးနေ့မှ သည်နောက်နှစ်ပေါင်း ၁၂၀ တိုင်ချစ်သူခင်သူများ နှင့် ဘဝကို အောင်မြင်စွာလျှောက်လှမ်းနိုင်ပါစေ
---
မ ရေတူတူပဲ သိလား သမီးလဲ သမီးမွေးနေ့ မြန်မာလို အသိဘူးရယ် ဟိဟိ

အဖြူရောင်နတ်သမီး said...

မနမ်းရဲ့အကို မွေးနေ့ကို လာလည်သွားပါတယ်...
Happy Birthday ပါနော်...

mosquito said...

Happy Birthday Ko A O

သဒ္ဓါလှိုင်း said...

မနမ်းအကိုရဲ့မွေးနေ့ကိုရောက်လာပါတယ်..
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေနော်...။

ခင်မင်စွာ
သဒ္ဓါ

နေ၀သန် said...

မအနမ်းအစ်ကိုမွေးနေ့မှာ ပျော်ရွှင်ပါစေနော်...း)))


ခင်မင်တဲ့
နေ၀သန်

နွေဆူးလင်္ကာ said...

ဟက်ပီးဘတ်ဒေးလို့ ပြောလိုက်ပါဗျာ ...

ပေါ့ဆိမ့် said...

ဝါခေါင်လပြည့် မွေးခဲ့တာဆိုတော့ ထူးခြားတဲ့ မွေးနေ့ရှင် ပဲဖြစ်မှာပါ။ မနမ်း အစ်ကို ရဲ့မွေးနေ့မှာ မောင်နှမ နှစ်ယောက်စလုံး ပျော်ရွှင်ပါစေ ..
(ဒီပို့စ်လေးထဲမှာ ဖတ်ရတဲ့ အဘွားဆိုလို့ ဘာပြောရမှန်းမသိအောင် ကျွန်တော်ရဲ့ အဘွားကို အရမ်းလွမ်းသွား မိတယ်)

အင်ကြင်းသန့် said...

မအနမ်းရေ....

နောက်ကျပေမယ့် ပြောသွားဦးမယ်။ မအနမ်းရဲ့အစ်ကိုကို ဟက်ပီးဘာဒ့်ဒေး ပါလို့....

ကိုကိုးအိမ်(မန္တလေး) said...

ဒီမွေးနေ့လေးကိုလာရောက်ရင်းနဲ့ မွေးနေ့ဖိတ်သွားပါတယ်ခင်ဗျာ။ ကိုးရဲ့မွေးနေ့ပွဲလေး မှာ အစားအသောက်တွေစီစဉ်ထားပါတယ်။ လာအားပေးပါဦး။

ခင်မင်လျှက်
ကိုကိုးအိမ်

အဖြူရောင်နတ်သမီး said...

မနမ်းရေ...
မနမ်းရဲ့ Email ကို နတ်သမီးရဲ့ post မှာ comment နေရာမှာ ရေးပေးခဲ့ပါ..ပြီးရင် ပြန်ဖျက်ပေးလိုက်မယ်နော်..
ကျေးဇူး...မနမ်းရဲ့အိမ်မှာ Email လိပ်စာ လာရှာတာ မတွေ့လို့..