ဖြစ်ချင်တယ်


















ငါဟာ လူအများဖြတ်သန်းသွားလာဖို့

တံတားကြီးတစ်စင်း မဟုတ်ရင်တောင်

လူအနည်းငယ်လောက် ဖြတ်ကူးနိုင်မယ့်

ပေါင်းကူးတံတားလေးတော့ ဖြစ်ချင်တယ်


ငါဟာ လူအများလုံခြုံစွာနေထိုင်ဖို့

အိမ်ကြီးတစ်လုံး မဖြစ်နိုင်ရင်တောင်

လူတစ်ချို့အတွက် အမိုးလုံတဲ့

ဇရပ်လေးတစ်ခုတော့ ဖြစ်ချင်တယ်


ငါဟာ လူအများအမြင့်တက်နိုင်ဖို့

ဓါတ်လှေကားကြီးတစ်စင်း မဟုတ်ရင်တောင်

လူအချို့ တက်ရောက်နိုင်မယ့်

သစ်သားလှေကားလေးတော့ ဖြစ်ချင်တယ်


ငါဟာ လူအများကို လိုရာပို့ဆောင်နိုင်မယ့်

မော်တော်ကားတစ်စီး မဖြစ်ရင်တောင်

လူတစ်ယောက်အတွက် လိုရာရောက်နိုင်မယ့်

စက်ဘီးလေးတစ်စီးတော့ ဖြစ်ချင်တယ်


ငါဟာ လူအများကို အအေးဓါတ်ရစေမယ့်

အဲယားကွန်းကြီး မဟုတ်ရင်တောင်

လူတစ်ယောက်ကို အပူသက်သာစေမယ့်

ယပ်တောင်လေး တစ်ချောင်းတော့ ဖြစ်ချင်တယ်


ငါဟာ……

…………………

……………………

………………………………..ဖြစ်ချင်တယ်


ငါဟာ…….

……………..

………………………….ဖြစ်ချင်တယ် ဖြစ်ချင်တယ်

15 ယောက်ဆွေးနွေးချက်:

ကိုဇော် said...

ဟာ . . .ဖြစ်ချင်တာတွေ များလှချည်လား. .

ဆိုပြီး အပြစ်တင်ရင် မှားမယ်ဗျာ။
ဘာလို့လဲ ဆိုတော့ ဖြစ်ချင်တာတွေက အကုန် အကောင်းဖြစ်စေဖို့ ချည်းပဲကိုး...

ဖြစ်မြောက်ပါစေဗျာ။

တောသားလေး said...

အစ်မရေ ဖြစ်ချင်တာတွေကိုလာဖတ်သွားပါတယ်။
ဘ၀မှာဖြစ်ချင်တဲ့ဆန္ဒလေးတွေပြည့်ဝပါစေခင်ဗျာ။
ခင်မင်လျှက်
တောသားလေး

ဝက်ဝံလေး said...

ကိုင်းးးး ဖြစ်ချင်တာတွေ ဖြစ်စေသတည်းးးးးးးးးးးး

SHWE ZIN U said...

ဖြစ်ချင်တာလေး တွေက တရားပါတယ် ဖြစ်နိုင်ပါစေနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

~ဏီလင်းညို~ said...

မအနမ်းရေ.......

ဖြစ်ချင်တဲ့ဟာလေးတွေက အကောင်းလေးတွေပဲ....။
ဖြစ်နိုင်မှာပါဗျနော့်......

ခင်မင်တဲ့
ဏီလင်းညို

thadarhline said...

မအနမ်းဖြစ်ချင်တာတွေဖြစ်လာပါစေလို့ဆုတောင်း
ပေးပါတယ်.။အတ္တမပါတဲ့ဖြစ်ချင်တာတွေအတွက်
ဖြစ်လာမယ်လို့လည်းယုံကြည်ပါတယ်။

ခင်တဲ့
သဒ္ဓါ

ပိုးဟပ်လေး said...

ပြည့်စေဗျားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ပန်းနုနှင်းဆီ said...
This comment has been removed by the author.
Flower said...

ဖြစ်ချင်တာတွေ အမြန်ဆုံးဖြစ်လာပါစေအနမ်းရေ
ပျော်ရွှင်ချမ်းမြေ့ လိုရာဆုတောင်းပြည့်ပါစေနော်

ဧပရယ်လ်ပူး@ပူးတေ said...

မမဖြစ်ချင်တာတွေ ဖြစ်ခွင့်ရပါစေနော်...

Angel Shaper said...

မအနမ်း ဖြစ်ချင်သော အရာများ အားလုံး ဖြစ်မြောက်အောင်မြင်ပါစေ။
Gထd........

may16 said...

အကုန်လုံး မဖြစ်ပေမယ့် ဖြစ်ချင်တဲ့ အချို့အရာတွေ ဖြစ်နိုင်ပါစေရှင်..

မော်ကွန်းသစ် said...

လိုရာ မဖြည့်ပေးနိုင်ရင်တောင် အမြဲတစေ ဆုတောင်းပေးနေနိုင်တဲ့ သူတစ်ယောက်ဖြစ်ချင်တယ်။ ဘုရားရှိခိုးရင် ဆုတောင်းပေးမယ်။ ထီပေါက်ရင် မမေ့ကြေး။

သူကြီးမင်း (တုံးဖလား) said...

အမရေ....ကောင်းလိုက်တဲ့ ခံယူချက်နှင့်အတွေးစလေးတွေပါလား။
တင်စားချက်ကလေးတွေ ထိမိတယ်။

မောင်အေးချမ်း said...

ရည်ရွယ်ချက်ကောင်းလိုက်တာဗျာ.......

ခင်မင်တဲ့
ညီညီထွေး