အရိန္ဒမာအသိဆုံးပါ

အို........ အို...
အို......... အို...
တစ်ရံတစ်ခါဆီက..
ပုံဂံရာဇ၀င်အချစ်ဇာတ်လမ်းမှာ..
မှတ်တမ်းတင်ခဲ့..
မင်းကျန်စစ်နှလုံးသားဝေဒနာ
နားမလည်နိုင်သော မဏိစန္ဒာရင်ထဲမှာ
အထင်လွဲစိတ်နာ
မချစ်လို့ ပစ်သွားသူမြင်ရှာ

မချစ်လို့တော့မဟုတ်ပါ ချစ်သောမဏိစန္ဒာ
အရှင့်သစ္စာ ထောက်ထားမညှာပဲ
ဖောက်ပြားမိတဲ့ နှလုံးသားစေရာ
အကြောက်တရားမရှိလည်း
နားလည်ကျေးဇူးသိတတ်စွာ
နှလုံးသားကို ဖျက်ခြွေက
သက်သေပြခဲ့တာပါ မဏိစန္ဒာ

အိုး.. အိုး...
အချစ်ဆိုတာ ရယူခြင်းမှမဟုတ်ပဲ မဏိစန္ဒာ
ထား...ခဲ့တဲ့ မေတ္တာတရားက
အမှား..မဲ့တဲ့ သစ္စာစကားကြောင့်သာ
မရဏအသက်ဘေးမှ
ထွက်ပြေးလွတ်မြောက်ခဲ့တာ
ချစ်သော မဏိစန္ဒာ မင်းမသိရှာပေမယ့်ကွာ
သိခဲ့သူက အသိဆုံးက အရိန္ဒမာ
မေးကြည့်ပါလား မဏိစန္ဒာ
မေးကြည့်ပါဦး မဏိစန္ဒာ...
နှလုံ့းသားကိုအနီးစပ်ဆုံး
လေ့လာခဲ့တဲ့ အရိန္ဒမာအသိဆုံးပါ..
အိုး....အိုး....







ဒီသီချင်းလေးက မြန်မာသံစဉ်သီချင်းဖြစ်တဲ့အပြင် မြန်မာရာဇ၀င် သမိုင်းကြောင်းထဲက အချစ် အကြောင်းကို ဖော်ညွှန်းထားတာကြောင့်လည်း နှစ်သက်မိပါတယ်။

သံစဉ်လေးကောင်းသလို၊ နားထောင်လို့လည်း ကောင်းပြီး အလွမ်းသီချင်းလေးတစ်ပုဒ်လို့ ပြောရပါမယ်။ ဒါကြောင့် ကြိုက်နှစ်သက်မိလို့ ဒီသီချင်းကိုပဲ ရွေးချယ်လိုက်ပါတယ်။
ပိုးအိစံ အသံလေးနဲ့ ဒီသီချင်းက ပိုလိုက်ဖက်မယ်ထင်လို့ ပိုးအိစံဆိုထားတာကို တင်လိုက် ပါတယ်။ အခြားသီဆိုထားသူများ အမြောက်အများရှိပါတယ်။

မက်မက်ရေ... အဆင်ပြေတယ်..ဟုတ် !
ကြွေးဆပ်ပြီးပြီနော်။

13 ယောက်ဆွေးနွေးချက်:

kiki said...

ဟင်....
များတော့ ဘာ မှ မသိလိုက်ဖူး ..
ဘာတွေ ဖြစ်ကြတာ လည်းးးး)))

ဝက်ဝံလေး said...

အဲဒီသီချင်း အစ အဆုံး တကယ်ရတယ် ဆိုပြရမလား ဟင် အသံသွင်းပြီး ပို့ပေးလိုက်မယ် ဟဲဟဲ
နားထဲ ဂွမ်းဆို့ထား
ဒါဗြဲ
တာ့တာ
ဟိ

ဝက်ဝံလေး said...

အချစ်ဆိုတာ ဝက်အူချောင်းမှ မဟုတ်ဖဲ မဏိစန္ဒာတဲ့ ဟိဟိ
မီးက အဲဒါပဲသိလိုက်တယ် ဟဲဟဲ

ပိုးဟပ်လေး said...

အရိန္ဒမာက ပြောတယ်
အဲ့နေ့က သူကျောင်းမတက်ဖူးတဲ့....

Flower said...

သီချင်းလေးလာနားထောင်တာ
ရေးတဲ့သူက ကိုယ်တိုင်ဆိုပြရင်ဘယ်လောက်ကောင်းမလဲ
တွေးနေမိတာ...
သီချင်းလေးရဲ့ ဗီစီဒီပုံရိပ်လေးပါ မြင်ယောင်သွားပါတယ်....

Dream said...

အဟဲ...မိုက်ဒယ်မိုက်ဒယ်..... အရိနမာ မတိပေမယ့်
မက်မက်တိဒယ်...ဟိဟိ...း))

အဲ့လိုသီချင်းလေးတွေ တင်ပေးတဲ့အတွက် ကျေးဇူးးးးးးးးး
အာဝါးးးးးးးးးးးအမြှောက်သုံးသိန်းးးးးးးးးးးးးးးးးးပေးလိုက်မယ်...ခစ်ခစ်.......ချစ်တာ..အဲ့ဒါမို့....


း))

သူကြီးမင်း (တုံးဖလား) said...

အရိန္ဒမာအသိဆုံးပါတဲ့။

အမအတွက်ကကော ဘာအသိဆုံးပါလိမ့်။းဝ)

နားထောင်လို့ကောင်းပါတယ်။ ပြီးတော့ မက်မက်ရဲ့ အာဝါးတွေ တစ်ဝက်ခွဲယူသွားပါတယ်။းဝ)

အဖြူရောင်နတ်သမီး said...

လှံနဲ့ပစ်လိုက်တာ နဲနဲလွဲသွားတယ်...
ကံကောင်းလို့...အရိန္ဒမာအသိဆုံးပဲဖြစ်မှာပါ..
သူများကတော့ ဘာမှသိပါဘူး...ဟီး

မိုးခါး said...

မိုးခါးလည်း ဒီသီချင်း ကြိုက်တယ်ဗျို့ ...း)

win latt said...

ကောင်းတယ်...
....
ကျန်စစ်သား ရင်ထဲအထိ
တွယ်ငြိသည့် ချစ်ဝေဒနာ
မဏိစန္ဒာ အရှင်မသိပေမဲ့
အရိန္ဒမာ အသိဆုံးပါလေ.....
ဟုတ်တယ်...အရိန္ဒမာ အသိဆုံးပါ....။

ခင်မင်စွာလာလည်တဲ့အတွက် ကျေးဇူးပါခင်ဗျာ...။

ညလင်းအိမ် said...

မက်မက်တို့ကတော့ မလွယ်ဘူး ...
ငြိမ်ငြိမ်ကို မနေဘူး ...
အဟတ် ....

မအနမ်း ကြိုက်တဲ့ သီချင်းလေး နားထောင်သွားတယ်ဗျို့ ...

လသာည said...

သီချင်းလေးက အေးအေးလေးနဲ့ နားထောင်ကောင်းတယ်..။
..ဒါနဲ့ သီချင်းတင်သူ မအနမ်းအကြောင်းကို အရိန္ဒမာလည်း သိတယ်လားဟင်..
ချစ်လို့ ကျီစယ် နောက်သွားတယ် ဟိ

poemflower said...

ဘ၀တူတွေ လာအားပေးပါတယ် ဒီသိချင်းက ပိုးအိစံဆိုတာ အရမ်းကောင်းပါတယ်..