ကောင်းတဲ့ အရာတွေကို ရှာဖွေပါ

Searching Pictures, Images and Photos
ခင်ဗျားသိတဲ့ အပျော်ရွှင်ဆုံးလူတွေကို တစ်ချက်ကြည့်လိုက်ပါ။ ပြီးတော့ ခင်ဗျား တစ်ခုခု သတိထားမိလိမ့်မယ်။ သူတို့မှာ အလွယ်ကူဆုံးဆိုတဲ့ဘ၀တွေ မရှိကြပါဘူး။ ပျော်ရွှင်တဲ့လူတွေဟာ အခြားလူအများစုထက် ပိုပြီးတော့ ဒုက္ခခံရ ၊ ပိုပြီးတော့ ရုန်းကန်ရလေ့ရှိပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်မှာ သူတို့ဟာ ဘ၀ရဲ့ကောင်းတဲ့အရာတွေကိုပဲ ရှာဖွေကြတယ်။ ပြီးတော့ ခင်ဗျား ဒါကိုသတိပြုမိလိမ့်မယ်။ ကျနော်တို့ဟာ အခြေအနေတွေထဲမှာ ၊ ဒါမှမဟုတ် လူတွေထဲမှာ ကောင်းတဲ့အရာတွေကို ရှာဖွေမယ်ဆိုရင် ကောင်းတဲ့အရာတွေကို တွေ့တာပဲ။ဆိုးတဲ့အရာတွေကို ရှာဖွေရင်တော့ ဆိုးတဲ့အရာ တွေပဲတွေ့တာပါ။ ဒါကြောင့် ခင်ဗျားပျော်ရွှင်ဖို့အတွက် ခင်ဗျားရဲ့အခြေအနေကို ပြောင်းလဲဖို့မလိုပါဘူး။ တကယ်လိုတာ ခင်ဗျားရဲ့ အတွေးတွေကို ပြောင်းပစ်ဖို့ပါပဲ !ခင်ဗျားက ခင်ဗျားရဲ့ အလုပ် ၊ ဒါမှမဟုတ် ခင်ဗျားရဲ့အမေ ၊ ဒါမှမဟုတ် ခင်ဗျားရဲ့မိန်းမဆီမှာ ချို့ယွင်းချက်တွေကို လိုက်ရှာမယ်ဆိုရင် အများကြီးတွေ့ရလိမ့်မယ်။တစ်ချို့လူတွေက ချို့ယွင်းချက် တွေရှာရင်းနဲ့ပဲ ဘ၀ကိုကုန်လွန် စေကြတယ်။ ပြီးတော့ သူတို့က ခင်ဗျားကို ဒီလိုပြောလိမ့်ဦးမယ်။
"ကျုပ်က တကယ့်အရှိသမားဗျ" တကယ်တော့ ဒါဟာအရှိတရားမဟုတ်ပါဘူး။ အဲဒါဟာ အဆိုးမြင်ဝါဒပါပဲ။ ပျော်ရွှင်တဲ့လူတွေက သူတို့ကိုသူတို့ ဒီလိုအမြဲမေးလေ့ရှိတယ်။ “ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကောင်းတဲ့ဟာ ဘာရှိသလဲ”

ဥပမာ ဆိုကြပါစို့.. ခင်ဗျားက သွားရင်းလာရင်း ယာဉ်ကြောပိတ်ဆို့မှုနဲ့ကြုံနေရတယ်။ ခင်ဗျားကိုယ်ခင်ဗျား ဒီလိုမေးကြည့်လိုက်ပါ။

* ခင်ဗျားကြိုက်တဲ့ သီချင်းတစ်ပုဒ်ကို နားထောင်ချိန်ရတယ်။
* ခင်ဗျားရဲ့ တစ်နေ့တာကို အစီအစဉ်ဆွဲနိုင်တယ်။
* ပြီးတော့ ဒါက လမ်းလျှောက်နေရတာထက်စာရင် ပိုကောင်းတယ်လေ။


ဥပမာ။ ။ ခင်ဗျားက ပိုက်ဆံပြတ်နေတယ်။ ဒါဆို ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးကြည့်လိုက် ၊
“ ပိုက်ဆံမရှိတာ ဘာကောင်းသလဲ ”

* ခင်ဗျားဟာ ငွေနဲ့ဝယ်လို့မရတဲ့ အရာတွေကို တန်ဖိုးထားတတ်လာမယ်။
* ပိုပြီး အောင်မြင်အောင် လုပ်မယ်လို့ ဆုံးဖြတ်မိလိမ့်မယ်။
* ပြီးတော့ ခင်ဗျားရဲ့မိတ်ဆွေ အစစ်အမှန်က ဘယ်သူတွေလဲဆိုတာ သိလာရလိမ့်မယ်။


ခင်ဗျားကတော့ ဒီလိုပြောချင်ပြောမှာပေါ့ ။
“ ဒါဟာ ရူးတာပဲ ။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာနဲ့ အတူတူပဲ ”
အမှန်က ဒီလိုမဟုတ်ပါဘူး။ ကောင်းတဲ့အရာတွေကိုရှာဖွေတတ်ခြင်းဟာ ပျော်ရွှင်မှုရဲ့ သော့ချက်ပါပဲ။

ဒါဆို ခင်ဗျားရဲ့ နောက်၂၄ နာရီအတွက် တာဝန်ကဘာလဲ ?
အခြေအနေတိုင်းမှာ ကောင်းတဲ့အရာတွေကို ရှာဖွေကြည့်ဖို့ပဲပေါ့ ။ ဒီအလေ့အကျင့်က အစပိုင်း မှာတော့ ခက်ခဲ ချင် ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူ့အလိုလိုအော်တို ဖြစ်လာပါလိမ့်မယ်။ “ကောင်းတဲ့အရာတွေကို ရှာဖွေတတ်ခြင်း ” ဆိုတဲ့ အလေ့အကျင့်ရှိလာပြီ ဆိုရင်တော့ ခင်ဗျားဟာ ပိုပြီး ပိုပြီး ပျော်ရွှင်လာပါလိမ့်မယ်။

[ မူရင်း ။ ။ 7 Days To Greater Happiness email course! by Andrew Matthews ]

forward mail မှရရှိပြီး

hlyanhtetoo.mylovecafe.com မှကူးယူဖော်ပြပါသည်။




5 ယောက်ဆွေးနွေးချက်:

kiki said...

ဟုတ်ပ .. ကောင်းတဲ့ အရာလေးတွေ ပဲ ရှာတော့မယ် ။ အကောင်းဘက်က တွေးရမယ် ။

( အတွေးတမျိုးပေါက်သွားတာ ကတော့..
ကောင်းကောင်းစား ၊ ကောင်းကောင်းသုံး ။ဘယ်လောက်ကောင်းလိုက်မလည်းနော်..
ကောင်းကောင်းရ နေတဲ့ သူတွေ အတွက် ပြောတာ ပါ )...
ဆားလေးလည်း ကောင်းကောင်းချက်ဦးမှ ..း))

ဂျစ်တူး ( မုံရွာ ) said...

မျှဝေခံစားခွင့်ရသွားတဲ့အတွက်-
ကျေးဇူးပါခင်ဗျာ-

လသာည said...

ကောင်းတဲ့ ပိုစ်လေးကို ရှာဖွေတင်ပြပေးတာ ကျေးဇူးတင်ပါတယ်း))

ဟုတ်တယ်နော်.. အဓိကကတော့ အတွေးလေးကို ပြောင်းကြည့်လိုက်ရင် အကောင်းတွေအများကြီး စဉ်းစားရလာနိုင်တာပေါ့နော်။ လူကလည်း ပျော်သွားမယ်..။
ကဲ.. ဒီနေ့မှစပြီး ကောင်းတဲ့အရာတွေကို ရှာတော့မယ်။ kikiလိုပြောသလို ကောင်းကောင်းစား ကောင်းကောင်းသုံးလို့ ရရင်လည်း သိပ်ကောင်းမယ်နော်းD

ပိုးဟပ်လေး said...

ကောင်းတာလေးတွေ တွေးနိုင်မှ လည်းစိတ်ကပျော်ရွှင်ရမှာပေါ့

အဆိုးဘက်က တွေးလို့ကတော့
အဆိုးပဲ ထွက်မှာပဲလေ

အားနေရင် စိတ်ဆိုး စိတ်တို တတ်တဲ့
သူတွေက အဆိုးတွေ ချည်းတွေးနေလို့
ပျော်ရွှင်မှုဆိုတာ ရနိုင်မှာ မဟုတ်ဘူး

အဲဒါက နားလည်ပေးနိုင်မှုနဲ့ လည်း
နည်းနည်းတော့ သက်ဆိုင်တယ်

Anonymous said...

အင်း.... ကောင်းတဲ့ဘက်ကလှည့်တွေးတတ်တာတော့ အမြဲမကောင်းနိုင်ဘူး ထင်တယ်ဗျာ။