လွယ်ပါတယ်





စိတ်တိုတာက လွယ်ပါတယ်
စိတ်ရှည်ဖို့သာ မလွယ်တာ
ဒေါသဖြစ်တာက လွယ်ပါတယ်
သည့်ခံဖို့သာ မလွယ်တာ
ဆဲဆိုတာက လွယ်ပါတယ်
ညင်သာဖို့သာ မလွယ်တာပါ
ရိုင်းတယ်ဆိုတာက လွယ်ပါတယ်
ယဉ်ကျေးဖို့သာ မလွယ်တာပါ
အပြစ်တင်တာက လွယ်ပါတယ်
ချီးမွမ်းဖို့သာ မလွယ်တာပါ

ကိုယ့်အပေါ်မှာ အဲဒီလိုလွယ်လွယ်ပြောကြသူတွေကို ကိုယ်က လွယ်လွယ်ကူကူမတုန့်ပြန်ပဲ မလွယ်ကူတာကို ကျင့်သုံးနိုင်ကြပါ့မလားလို့ တွေးမိရင်း ရေးမိရေးရာကို ရေးလိုက်တာပါ။

14 ယောက်ဆွေးနွေးချက်:

poemflower said...

မှန်ပါ့ မအနမ်းရယ်.

kiki said...

မိုက်တယ်ဆိုတာ လွယ်ပါတယ် ..
တကိုယ်ကောင်းဆန်ဖို့ ဆိုတာ လွယ်ပါတယ်...

မလွယ်တာကို လွယ်အောင်လုပ်ဖို့ ဆိုတာ မလွယ်ပါဘူး...
လွယ်နေတာကို မလွယ်အောင် လုပ်ဖို့ ဆိုတာ မလွယ်ပါဘူး....

ကဲ.. ရှုပ်ကုန်ပြီ ..ရှင်းအောင်လုပ်ဖို့  မလွယ်ပါဘူး...
း)))

~ဏီလင်းညို~ said...

မအနမ်းရေ....
အပြည့်အ၀ထောက်ခံအပ်ပါသည်။
ခင်မင်တဲ့
ဏီလင်းညို

ကိုလူထွေး said...

မလွယ်ပါလားနော်...

းဝ)

Angel Shaper said...

ဟုတ်ပါ့... မှန်ပါ့......
ပြောရင်လွယ်တယ်....
တကယ်ကိုကျင့်သုံးဖို့လွယ်ကိုမလွယ်တာ.......

တောသားလေး said...

အစ်မပြောတာမှန်လိုက်တာဗျာ။
ကျန်းမာချမ်းသာပါစေလို့ဆုတောင်းလျှက်
ခင်မင်လျှက်
တောသားလေး

Anonymous said...

လွယ်တာကတော့ အကုန်လွယ်တယ်၊ မလွယ်သေးတာက သေဖို့မလွယ်တာပါ၊ သေရင်ပြီးပြီ ဆိုပေမဲ့ မပြီးသေးတာတွေ အများကြီး..။

လသာည said...

အင်း..
မလွယ်ဘူးနော်..း)
စာလေးက တိုတိုလေးနဲ့ အနှစ်ပြည့်တဲ့ မှတ်သားစရာ စာလေးပါပဲ..

သူကြီးမင်း (တုံးဖလား) said...

လွယ်တာတွေ မလွယ်အောင်..
မလွယ်တာတွေ လွယ်အောင်...
ကြိုးစားရမှာက ကျနော်တို့ရဲ့တာဝန် မဟုတ်ပါလား။

အဆင်ပြေပျော်ရွှင်ပါစေ အမ မနမ်း။

zoung said...

လာလည်သွားတယ်နော်.. ဘယ်မှာရေးရမှန်းမသိလို့ ရေးလို့ရတဲ့နေရာမှာ ရေးထားခဲ့မယ်.. အကုန်တော့မဖတ်ရသေးဘူး.. ဖတ်ရသလောက်တော့ ကျွန်တော် အားပေးပါတယ်.. တော်တော်လေးကောင်းပါတယ်ဗျာလို့...

MoeThwayNge said...

အဲ ... ခုတလောဖြစ်နေတာနဲ့ တော့ တိုက်သလို...
လောလောဆယ်တော့ အမရေ ရှည်နေရတယ် ..
ရောက်တယ်။ဖတ်တယ် ။မန့်တယ် ။ပြန်မယ်။


ခင်မင်မှုဖြင့်
အားလုံးကိုပျော်စေချင်တဲ့

desertraindrops said...

မနမ်းရေ..မလွယ်ပါဘူး။

ဂျစ်တူး ( မုံရွာ ) said...

ဒါမျိုးကြီးလည်းဖြစ်တတ်ပါတယ်ဗျာ-

ပိုးဟပ်လေး said...

မှန်ပါတယ်လေ