“ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ”ဆိုသော စကားပုံကို မြန်မာတိုင်းသိကြပါသည်။ သို့သော် မိမိသည်ပင် နေ့စဉ် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာဖြစ်နေသည်ကို ပြုပြင်ရန် မေ့လျော့နေတတ်ကြပါသည်။
ဥပမာ။ ။ ဘုရားဝတ်ပြုချိန်၊ အလှူဒါနပြုချိန်သည် နေ့စဉ် နာရီဝက် တစ်နာရီမျှသာပြုကြပြီး ကျန်အချိန်တို့ သည်ကား လောဘ၊ ဒေါသ၊ ကာမတို့နှင့် စပ်သောကိစ္စမျိုးများနှင့်သာ တစ်နေကုန်သွားကြပါသည်။
ကျွန်ုပ်အနေဖြင့် ကုသိုလ်များများ ငရဲနဲနဲဖြစ်အောင် ပြုပြင်လိုက်ပါသည်။
ကျွန်ုပ်ပြုပုံကား_
သိကြားမင်းကြီးအား ဘုရားရှင်ဟောကြားသော ( သက္ကပဉာသုတ်တော်လာ) တရားအတိုင်း ဣဿာမစ္ဆိရိယ (မနာလိုဝန်တို) ခြင်းဆိုသည့် စိတ်မျိုးမဖြစ်ပေါ်အောင် သတိအမြဲထားပြီး ဒါနတစ်ခုခုကိုပြုရန် စိတ်ကူးနေ လိုက်ပါသည်။ ထို့ပြင် ဒီနေ့ ငါးပါးသီကိုလုံခြုံအောင် စောင့်မည်ဟု အဓိဋ္ဌာန်ပြုထားလိုက်ပါသည်။
အချိန်အားတိုင်း ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းဖြစ်သော ဘုရားဂုဏ်တော်(၉)ပါးကို စိတ်ထဲမှသော်လည်းကောင်း၊ နှုတ်မှသော်လည်းကောင်း ရွတ်ဆိုအောင်းမေ့လိုက်ပါသည်။
စာရေးသူ ဓမ္မမိတ်ဆွေ၏ ဓမ္မမှတ်စုများ
မှတ်စု (၅)
4 ယောက်ဆွေးနွေးချက်:
မအနမ်းရေ......
ကျွန်တော်လည်း....ကြိုးစားရဦးမယ်...။
များသောအားဖြင့်တော့ အပြင်မှာ စကားသိပ်မပြောဖြစ်ပဲ စာရေးဖို့တွေးနေတတ်တာပါပဲ ကျွန်တော်ကတော့.....း))
ဖတ်ရလို့ ကျေးဇူးဗျ....
ခင်မင်တဲ့
ဏီလင်းညို
မအနမ်း..ရေ
အစစအဆင်ပြေပါစေနော်။
အဖိုးတန်စာလေးများကို လာရောက်ဖတ်ရှုမှတ်သွားပါတယ်း))
“ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ”
ဟုတ်ပ ဟုတ်ပ
ကိုယ်တိုင်လည်း ဒီလိုပဲ ဖြစ်နေတယ် ဆိုတော့
သတိထားပြီး နေဖို့ ကြိုးစားရအုံးမယ် ။
ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာ ကျွန်သဖွယ်၊ သူတောင်းစားသဖွယ် နေထိုင်နေရတာ မထူးဆန်းပါဘူး။ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်နေတဲ့ ဂေါတာမကုလားကိုယ်တိုင်က အိမ်တကာလှည့်ပြီး သူတောင်းစားလို တောင်းစားနေမှတော့ သူ့ကို ကိုးကွယ်နေကြတဲ့ သူတွေသူတောင်းစားသဖွယ် ၊ ကျွန်သဖွယ်ဖြစ်နေတာ မထူးဆန်းပါဘူး။
Post a Comment