အသက်တိုခြင်း ရှည်ခြင်းနှင့် ဘ၀ချမ်းသာခြင်း ဆင်းရဲခြင်းအကြောင်းရင်း

“ သဗ္ဗေသတ္တာ အဟာရ ဋ္ဌိတိကာ” ဟု ဓမ္မကပြဆိုထားပါသည်။ သတ္တ၀ါတိုင်း အာဟာရကို မှီဝဲနေကြရပါသည်။ အဟာရပြတ်လျှင် သေပါမည်။

ပထမ စိတ်သေမည်၊ နောက် ရုပ်သေမည်၊ နောက် လူသေမည်။ နောက် ဘ၀ဘ၀ ဆက်သေပါမည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ပထမ စိတ်မသေအောင်နှင့် ရုပ်မသေအောင် အတွက် မိမိစိတ်ချမ်းသာအောင် အမှုအမျိုးမျိုးကို ကြိုးစားရှာဖွေနေကြရပါသည်။

ဥပမာ။ ။ မိန်းမ/ လင်ရှာဖွေယူခြင်း၊ စီးပွားဥစ္စာရှာဖွေခြင်း၊ အငယ်အနှောင်းထားခြင်း၊ အိမ် ကား ဂုဏ် ရာထူး မက်မောရယူနေခြင်းများနှင့် ဇိမ်ခံစားမှုအမျိုးမျိုးတို့သည် လူတိုင်းနှစ်သက် ကြသော အာဟာရများပင်ဖြစ်ကြပါသည်။ ဓမ္မက ထိုအာဟာရများကို ဖဿ အာဟာရနှင့် မနော အာဟာရ ဟုဖော်ပြထားပါသည်။ လူမသေ အောင်အတွက် ထမင်း ဟင်း အစားအစာနှင့် ဆေးဝါးအမျိုးမျိုးကို နေ့စဉ်မှီဝဲနေကြခြင်းသည်လည်း လူမသေ အောင် (ကာဗရီ အာဟာရ) ကိုမှီဝဲခြင်းဖြစ်ပါသည်။ လူတိုင်း ဖော်ပြပါ အာဟာရ (၃)မျိုးကို ရနိုင်သမျှ လုပ်ကြံ ရှာဖွေ စားတတ်ကြပါသည်။

သို့သော် ဘ၀ဘ၀ ဆက်မသေအောင် ဘ၀ဘ၀ ဆက်မဆင်းရဲအောင် (စေတနာဟာရ) ကိုမူ မှီဝဲသုံးဆောင် ရန်အလွန်အားနည်းနေတတ်ကြပါသည်။

ထို့ကြောင့် ဘ၀ဘ၀တိုင်း မဆင်းရဲရအောင် အသက်မတိုရအောင် နိဗ္ဗာန်အထိဆက်သွား နိုင်အောင် ကုသိုလ် ဒါန(အာဟာရ) နှင့် ပါရမီဒါန (အာဟာရ) မျိုးကိုပြုတတ်ရပါမည်။

စာရေးသူ ဓမ္မမိတ်ဆွေ၏ ဓမ္မမှတ်စုများ
မှတ်စု (၄)


4 ယောက်ဆွေးနွေးချက်:

သူကြီးမင်း (တုံးဖလား) said...

အမ။
မှတ်သားစရာကောင်းကောင်းလေးမို့ သေချာဖတ်သွားပါတယ်။
လူတိုင်း အသက်ရှည်နည်း ချမ်းသာနည်း ရှိကြပါတယ်။ လိုက်နာဖို့ဘဲ လိုပါတယ်။

kiki said...

ဒါန နဲ့  သီလ မပါ သေခါမှ သိရသတဲ့  ။
အင်း.. ခုထိ ဘာမှ မပါသေးပါလား ...
အသက်ကလေးတော့ ရှည်အောင် နေအုံးမှပဲ..
(မန်းတောင်ရိပ်လည်း ခိုစရာ တောရိပ်တောင်ရိပ်တွေ မရှိတော့ဘူး ..စစ်ကိုင်းတောင်လည်း ထူးမခြားနား .. )း(

~ဏီလင်းညို~ said...

မအနမ်းရေ........
ဒီနေရာလေးကို ရောက်ရင်...ဒီလိုစာလေးတွေဖတ်ရလို့ ကျေးဇူးတင်မိတာ...အခါခါ....း))
ခင်မင်တဲ့
ဏီလင်းညို

Angel Shaper said...

မကြီးနမ်းရေ.... ကောင်းလိုက်တာ.. သေချာဖတ်မှတ် သွားပါတယ်။ လိုက်နာကျင့်သုံးနိုင်မှ နော့်... ကျေးကျေးစ်ပါ။