မမျှော်လင့်တဲ့ ပဲခူးခရီး

ပဲခူးဘုရားက ရွှေသာလျောင်းဘုရားကြီးကိုသွားချင်နေတာ ကြာခဲ့ပါပြီ။ ပဲခူးကို နောက်ဆုံးရောက်ခဲ့တာ က လွန်ခဲ့တဲ့၁၀နှစ်လောက်က ဖြစ်မယ်ထင်တယ်။ ပဲခူးနဲ့ ရန်ကုန်ဆိုတာ သွားရင်အနီးလေးပေမယ့် ပဲခူးမြို့ကို သက်သက်မသွားပဲ မရောက်ဖြစ်တတ်ကြပါဘူး။ ခရီးရှည်သွားတဲ့အခါမျိုးမှာတော့ ခရီးသွားကားတွေက အပြန်ခရီးမှာ အချိန်ရရင် ပဲခူးကိုဝင်ပေးတတ်ပါတယ်။


ပဲခူးမြို့ အ၀င် ဈေးကြီးမရောက်ခင် ရထားလမ်းဂုံး ရဲ့ အစ နေရာကနေလမ်းချိုးလေးအတိုင်း သွားရတာ ကြောင့်လည်း ရွှေသာလျောင်းဘုရားကို သီးခြား သွားဖူးရပါတယ်လို့ဆိုတာပါ။ အဲဒီနေ့က တနင်္ဂနွေနေ့ ဖြစ်ပြီး၊ ညီမရဲ့မွေးနေ့ဖြစ်တာကြောင့်လည်း မထင်မှတ်ပဲ ကောက်ကာငင်ကာ ပဲခူးသို့ ဘုရားဖူးထွက် လာကြခြင်းပါပဲ။ သွားဖြစ်တာက မိသားစုလေးယောက်ပါ။ ကားမောင်းသူက မွေးနေ့ရှင်ကိုယ်တိုင် ဆိုတော့ လမ်းခရီးကို မကျွမ်းကျင်တာကြောင့် အနည်းငယ်တော့ မေးမြန်းရပါသေးတယ်။



ပဲခူးမြို့ရောက်တာနဲ့ ရွှေသာလျောင်းဘုရားကြီးကိုပဲ အရင်ဆုံးဝင်ရောက်ဖူးမြှော်ကြပါတယ်။ ဘုရားကြီးကို တည်ထား ကိုးကွယ်ခဲ့သူကတော့ ဟံသာဝတီမင်းရဲ့ ၁၃ဆက်မြောက် မိဂါဒိပ္ပမင်း ဖြစ်ပါတယ်။ သားဖြစ်သူက ဗုဒ္ဓဘာသာကို အလွန်ယုံကြည်ကိုးကွယ်ခဲ့တဲ့ မွန်အမျိုးသမီးဒလတော်နဲ့ လက်ဆက်ခဲ့တာကြောင့်၊ မိဂါဒိပ္ပသည်လည်း အယူလွဲမှား ခြင်းများပျောက်ကာ၊ ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့ပြီး ဤရွှေသာလျောင်းဘုရားကြီးအား တည်ထားခဲ့တယ်လို့သိရပါတယ်။ ဘုရားသမိုင်း အကျယ်ကိုတော့ မရေးတော့ပါဘူး။


ရန်ကုန်မြို့မှာတော့ ခြောက်ထပ်ကြီးဘုရားက လျောင်းတော်မူပါပဲ။ ခြောက်ထပ်ကြီးဘုရား ကလည်း ပုံမကျလို့ အကြိမ်ကြိမ်ပြန်လည် ပြုပြင်ခဲ့ရတယ်လို့သိရပါတယ်။ ပဲခူးက ရွှေသာလျောင်းဘုရား ကိုတော့ ဖူးရတဲ့အခါတိုင်း အားမရသလိုပဲ။ ဖူးပြီးတိုင်းလည်း ထပ်ဖူးချင်တာပဲ။ ရွှေသာလျောင်းဘုရား ရင်ပြင် တော်ပေါ်ကကို မဆင်းချင်ဘူးဖြစ်နေတတ်ပါတယ်။ ဘာလို့လဲတော့မပြောတတ်ဖူး။ ပဲခူးမှာလည်း ရွှေသာလျောင်းဘုရားအပြင် မြသာလျောင်း၊ စိန်သာလျောင်းဘုရားများလည်း လျောင်းတော်မူဘုရား အနေနဲ့တွေ့နိုင်ပါသေးတယ်။ ရပ်တော်မူ ဘုရားတွေကိုတော့ အတော်ရှားရှားပါးပါးသာတွေ့ရပါလိမ့်မယ်။


မြန်မာပြည်အနှံ ဘုရားဆင်းတုတော်တွေ တည်ထားကိုးကွယ်ခဲ့တာ အမျိုးမျိုးသော ပုံသဏ္ဍာန်ရှိကြပါတယ်။ အဲဒီလို ပုံသဏ္ဍာန်အနေအထားထဲမှာဆိုရင် လျောင်းတော်မူပုံသဏ္ဍာန်တွေကို ကျွန်မ နှစ်သက်ခဲ့တယ် ပြောရမလားမသိပါဘူး။ ကျွန်မအစ်ကိုကပြောဖူးတယ် သူကတော့ ရပ်တော်မူဘုရား ကိုယ်တော်ပုံသဏ္ဍာန်ကို နှစ်သက်မိပါတယ်တဲ့။ ဒါကြောင့် သူကိုးကွယ်ဖို့ထုလုပ်ထားတဲ့ ဘုရား ပုံတော်ကလည်း ရပ်တော်မူ ပုံတော်ပဲဖြစ်ပါတယ်။ ဒါက ဘုရားရှင်တို့ရဲ့ ပုံသဏ္ဍာန်အမျိုးမျိုးကိုသာ ဆိုလိုတာပါ။ ကိုးကွယ် ယုံကြည်မှုနဲ့မသက်ဆိုင်ပါဘူး။ ပုံသဏ္ဍာန်ကို နှစ်သက်တယ် ဆိုတာ ကလည်း မကောင်းပါဘူး။ အဲဒီလိုဖြစ်မိတာဟာလည်း စိတ်ကဖြစ်ပေါ်နေခြင်းတွေပါပဲ။


ဆရာတော် ဦးသုမင်္ဂလ ဟောကြားသလို ဘယ်မြို့က ဘယ်ဘုရားကမှ တန်ခိုးကြီးတယ်။ ဘယ်ဘုရား ကိုတော့ ကိုးကွယ်ရင်ဘာဖြစ်တယ်ဆိုတာတွေဟာ ဗုဒ္ဓဘာသာဝင် အစစ်အမှန်တစ်ယောက် မဖြစ် သေးဘူးလို့ဆိုပါတယ်။ ဗုဒ္ဓဘာသာဝင်တိုင်းကိုးကွယ်ကြတဲ့ ဘုရားဟာ ဂေါတမမြတ်စွာဘုရား တစ်ဆူ တည်း မဟုတ်သလို ကကုသံ၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ ဘုရားလေးဆူတည်းလည်း မဟုတ်ပါ ဘူးတဲ့။ ဂင်္ဂါဝါလု သဲစုမက ပွင့်တော်မူခဲ့တဲ့ ဘုရားရှင်များအားလုံးသာဖြစ်ပါတယ်။ ထိုဘုရားရှင်တို့ရဲ့ အဆုံးအမတွေကို လိုက်နာကျင့်သုံးမှသာ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပါလိမ့်မယ် ဆိုတာကိုလည်း လက်ခံဖို့လိုပါတယ်။ ဒါကြောင့်လည်း ဘယ်ဘုရားကိုဖူးဖူး သက်ရှိထင်ရှားဘုရားကဲ့သို့ပဲ ဖူးမြှော်ရ မှာဖြစ်ပြီး၊ ကံ ကံ၏အကျိုးကိုသာ ယုံကြည်လက်ခံမှု၊ ဘုရားရှင်ရဲ့ အဆုံးအမတွေကို လိုက်နာမှုတို့က သာ အဓိကကျပါတယ်။



ရွှေသာလျောင်းဘုရားဖူးပြီးတော့ အနီးကပ်လျက် မြသာလျောင်းဘုရားကိုပါ ၀င်ဖူးခဲ့ကြသေးတယ်။ မြသာလျောင်း ဘုရားကတော့ အမိုးအကာမရှိပါဘူး။ ဒါပေမယ့် ဘုရားရဲ့ မျက်နှာတော်ကလည်း သပ္ပါယ်ပါတယ်။ အဲဒီကမှ ကျိုက်ပွန်ဘုရားကြီးကို ၀င်ရောက်ဖူးမြှော်ကြပါသေးတယ်။ ဘုရားလေးဆူဖြစ်တဲ့ ကကုသံ၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ ဘုရားရှင်တို့အား ထိုင်လျှက်ပုံသဏ္ဍာန်အနေအထားကို တည်ထားတာတွေ့ရပြီး ကဿပဘုရားတစ်ဆူကိုတော့ ပြုပြင်နေကြတာကို တွေ့ရှိခဲ့ရပါတယ်။ ဘုရား ဒကာကတော့ ရှင်စောပုသမီး နှဲတကာ ရဲ့ယောကျာင်္းဖြစ်သူက တည်ထားကိုးကွယ်ခဲ့တာလို့ သာသိခဲ့ရ ပါတယ်။





အဲဒီနောက်တော့ ပင်ပင်ပန်းပန်း သိပ်သွားလို့မရတဲ့ ကျွန်မကြောင့် နောက်ထပ် ဘုရား၊ ပုထိုး၊ စေတီ များသို့ မ၀င်နိုင်တော့ပဲ နေလည်စာကို ပဲခူးအထွက်နားက ဆိုင်တစ်ဆိုင်မှာစားကြပြီး၊ အိမ်အပြန်လမ်း ကို စတင်ကာ ပဲခူးမြို့မှ ထွက်ခွာလာခဲ့ကြပါတော့တယ်။ အပြန်လမ်းခရီးမှာတော့ နေကပြင်းပြင်းမို့ လမ်းဘေးဖရဲသီးဆိုင် ၀င်ကာ ဖရဲသီးစားကြ ၀ယ်ကြ ပါသေးတယ်။ နေပြင်းပေမယ့် ဘုရားတွေဖူးလိုက်ရလို့ ရင်ထဲက ဖြစ်ပေါ်လာတဲ့ ပီတိတွေကတော့ အေးမြလို့ ပါ။



ကွန်နက်ရှင်ကြောင့် ပဲခူးခရီးအကြောင်းပိုစ့်ကို နောက်ကျစွာပဲ တင်လိုက်ရပါတယ်။

အလည်လာဖတ်သူများအားလုံးကိုကျေးဇူးပါ။

12 ယောက်ဆွေးနွေးချက်:

neking said...

ပဲခူးကိုဖြတ်သွားဖြတ်လာပဲရှိတာဗျ။
ရွှေသာလျောင်းဘုရားကြီးလဲကြားသာကြားဖူးတယ်
တခါမှမဖူးဘူးပါဘူး..။
ဓာတ်ပုံတွေနဲ့အချက်အလက်တွေအတွက်ကျေးဇူးပါ။
ဒီတခါမြန်မာပြည်ပြန်တဲ့အခါသွားလို့ရပြီ

~ဏီလင်းညို~ said...

မအနမ်းရေ...
ပဲခူးကိုရောက်ခဲ့တယ်ပေါ့လေ...း)
ဖရဲသီးနည်းနည်းကျွေးဗျာ...။
(ကျွန်တော်ဟာ... သိပ်ငတ်ပါသည်...း))
ခင်မင်တဲ့
ဏီလင်းညို

desertraindrops said...

ပဲခူး သွားလည်လာတာ ပဲခူးမနီ ငါးချဉ်လေးတောင် ၀ယ်မလာဘူး. စိတ်ဆိုးတယ်။ :)) မငုံပြန်လာတော့မယ်။ ဟဲဟဲ April 1 ရက်နေ့

kiki said...

ရွှေသာလျောင်းဘုရားတော့ ရောက်ဖူးတယ် .. ကြာလှပါပြီ..၁၀ နှစ်ကျော် ရောပေါ့
မြသာလျောင်းတော့ တခါမှ မကြားဖူးသေးဘူး ။
သာဓု ၃ ကြိမ် ခေါ်ပါတယ် ...

မမျှော်လင့်ပဲ သွားတာ ဟုတ်လို့ လားးးး( သိနေတယ် လေ .. )

(စကားမစပ် .. ဖရဲသီး တလုံး ဘယ်လောက် ဖြစ်နေပြီ လဲ ဟင် .. .. ။ ဟို အပင် မြင့်မြင့် ရှည်ရှည်ကြီင်္းတွေ ဘာလို့  မရိုက် လာတာ လဲ ..)

သူကြီးမင်း (တုံးဖလား) said...

ရွှေသာလျောင်းရော ရွှေမော်ဓောရော မဟာစေတီရော ကလျာဏီကျောက်စာတိုက်ရော ရောက်ဖူးပါတယ်။
ဒါပေမဲ့ မေ့လုလုဖြစ်နေပြီ။ အခု အမရဲ့ ပို့စ်ဖတ်လိုက်ရမှ သတိရပြီး သွားချင်စိတ်တောင်ပေါက်လာပြီ။
အပြန်ခရီးမှာ မောမောနဲ့ ဖရဲသီးစားချင်တာလဲ ပါတာပေါ့လေ။းဝ

ပျော်ရွှင်ကြည်နူးနိုင်ပါစေ။

Khyl said...

ရွှေသာလျောင်း ဘုရားဖူးရင်း... ဖရဲသီးကြီးတွေကို သရေ တောက်တောက်ကျသွားပါတယ်.... အနမ်းရေ..

ကိုလူထွေး said...

နည်းပညာအရ ကြည့်ရင်တော့ လျောင်းတော်မူဘုရားက တည်ဆောက်ရလွယ်ပြီး...

အဲဒီလောက် ဥာဏ်တော်အမြင့်ကြီးကို ရပ်တော်မူစေဖို့ တည်ဆောက်ရတဲ့အခါ လေဒဏ် မုန်တိုင်းဒဏ်တွေကို ခံနိုင်အောင် အုတ်မြစ်တွယ်ဖို့ ခက်ပုံရပါတယ်...

သေချာသိလို့တော့ ဟုတ်ဘူး...

ရွှေသာလျောင်းကိုတော့ ထပ်ဖူးခွင့်ရချင်ပါသေးတယ်...

းဝ)

ကိုလူထွေး said...

ဘုရာဝင်းထဲမှာ ရောင်းတဲ့ စာကလေးကျော် ကိုသတိရမိပါသေးတယ်...

အောက်က ထမင်းနဲနဲ့လည်း လိုက်တယ်လေ...

းဝ)

ကိုလူထွေး said...

ငါးချဉ်ကတော့ ဖက်ပဲ ပါတာမို့ မမက်တော့ပါဘူး...

းဝ)

တောသားလေး said...

အစ်မရေပဲခူးကိုကျွန်တော်လည်းရောက်ဖူးသေးဖူး။
ရွေသာလျောင်းဘုရားကိုဖူးသွားတယ်ဗျာ။ဓါတ်ပုံလည်း
ဘဲကူးသွားပါတယ်။
ကျန်းမာချမ်းသာပါစေလို့ဆုတောင်းပေးခဲပါတယ်။
ခင်မင်လျှက်
တောသားလေး

သုခုမလေဒီ said...

ဖွားကိရေ အပင်မြင့်မြင့်တွေက အသီးပဲရောင်းတယ်။ အရည်မရောင်းဘူး၊ ဖွားကိမပါလို့တဲ့ ။း))
ဦးလူထွေးရေ စာကလေးကြော်မတွေ့ခဲ့ပါဘူး။ အပြန်မှာ ဖားကြော်လေးတွေပဲ တွေ့ရတယ်။း)) တကယ်ပါ

မောင်ကောင်း said...

စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ခရီးတွေ များများထွက်ပြီး ကုသိုလ်တရားတွေ များများနှလုံးသွင်းနိုင်ပါစေအစ်မရေ...။
ကော်နက်ရှင်လည်းကောင်းပါစေ..း))