ကမ္ဘာကြီးကတော့လည်ပတ်နေဆဲပါ

Happy New Year Around The World Smiley Pictures, Images and Photos
တစ်နှစ်နဲ့တစ်နှစ်ဆိုတာ တကယ်မြန်လိုက်တဲ့အချိန်ပါပဲ။
အခုဆိုရင် ၂၀၁၀ခုနှစ်ကို ပြောင်းတော့မှာပါ။
အဲဒီတစ်နှစ်အတွင်းမှာ ငါတို့ဘာတွေ လုပ်ခဲ့ကြသလဲ??? စဉ်းစားကြည့်ရင် ကျွန်မအဖို့ တန်ဖိုးရှိတဲ့အချိန်ဆိုတာ အင်မတန် နည်းနေသေးသလိုပဲ။ ဒီနှစ်သစ်မှာလည်း အချိန်ကိုတန်ဖိုးထား ကောင်းတာတွေကိုလုပ်ပြီး၊ မကောင်းတာတွေကို ပြုပြင်ရပါအုံးမယ်။ ဒီလိုနဲ့ပဲ ကမ္ဘာကြီးကတော့ မရပ်မနားလည်ပတ်နေဆဲ၊ အချိန်တွေကတော့ ပြေးလွှား နေဆဲဖြစ်ပါလိမ့်မယ်။

၂၀၀၉ မှ ၂၀၁၀နှစ်ကိုကူးပြောင်းတဲ့အခါမှာ ကျွန်မတို့ဘာတွေကို ဆက်လုပ်ကြအုံးမလဲ။ ကျွန်မတို့လုပ်မယ့် အလုပ်တွေကောင်းလာဖို့ အကုသိုလ်တရားတွေကင်းပြီး ကုသိုလ်ဖြစ်မယ့် အလုပ်များကြိုးစားကာ လုပ်ဆောင်နိုင်ဖို့ကို သံန္နိဋ္ဌာန်ချရင်း ၂၀၁၀နှစ်သစ်ကို ကြိုဆိုကြ ပါစို့လား။

၂၀၁၀သစ်မှာ သတ္တ၀ါအားလုံးစိတ်ချမ်းသာစေဖို့ ကောင်းသောဆန္ဒတွေပြည့်ဝစေဖို့ ဆုမွန် ကောင်း တောင်းလိုက်ပါတယ်။

14 ယောက်ဆွေးနွေးချက်:

desertraindrops said...

မင်္ဂလာနှစ်သစ်လေး ဖြစ်ပါစေ။ နှစ်သစ်မှာ အကောင်းဆုံး ဖြစ်အောင် ကြိုးစားကြတာပေါ့နော့။

:) နှစ်သစ်အတွက် နံပါတ်တစ်ပါရတယ်။

Anonymous said...

မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နှစ်သစ်လေးဖြစ်ပါစေရှင်

ကိုလူထွေး said...

၂၀၁၀ မှာ လူသားတိုင်း လွပ်လပ် ကြပါစေ...

းဝ)

သူကြီးမင်း (တုံးဖလား) said...

ဟုတ်ပါတယ်အမ။ မကောင်းမှုတွေရှောင်ပြီး ကောင်းမှုတွေဆောင်ဖို့ နှစ်သစ်မှာ ကြိုးစားရပါဦးမယ်။

ဖိုးဂျယ် said...

ဟုတ်ပါ့ အမရေ မကောင်းတွေ ရှောင်ပြီး
ကောင်းမှုတွေ တိုးပွားအောင် လုပ်ဆောင်သင့်ပါတယ်။

ကြယ်ပြာ said...

ကောင်းတာလေးတစ်ခုလောက်လုပ်ပြီး မကောင်းတာလေးက နှစ်ခုလောက်တိုးနေတယ် ... ဟီး ..
တန်ဘိုးရှိတဲ့အချိန်တွေနည်းနေသေးတာတော့ အသေအချာရိပ်စားမိတယ် ....း(

စည်သူ said...

အင်း..

ခုလိုမျိုး အမှတ်ရစရာလေးတွေ..
သတိထားစာလေးတွေ ဖြစ်အောင် တင်ပြပေးလို့ ကျေးဇူးပါအမရေ..

သိနေပေမယ့်
မေ့နေတတ်ကြတာ
လူ့သဘာဝလေ..

အဲဒါကြောင့်
တစ်ခါတစ်လေ
လွယ်လွယ်လေးနဲ့
ခက်သွားတတ်တာ..

ပျော်ရွှင်ပါစေအမရေ
ခင်မင်စွာဖြင့်
စည်သူ။

လင်းကြယ်ဖြူ said...

နှစ်သစ်မှာ အားလုံး ပျော်စရာတွေ မြင်တွေ့ခံစားနိုင်ကြပါစေ...

~ဏီလင်းညို~ said...

မအနမ်းရေ...
နှစ်သစ်မှာထပ်တူညီမျှတဲ့ ဆုမွန်ကောင်းတွေပြန်တောင်းပေးခဲ့ပါတယ်ဗျာ...။
(အချိန်တွေ ကျွန်တော်တို့အနားက တိုးတိုးလေးဖြတ်သွားကြသလိုပဲ...မြန်လိုက်တာနော်ဗျာ...)
ခင်မင်တဲ့
ဏီလင်းညို

poemflower said...

မင်္ဂလာနှစ်သစ်ပါ မအနမ်း :)

သုခုမလေဒီ said...

နှစ်သစ်ဆုတောင်းပေးကြသူများအားလုံးကို ကျေးဇူးပါ။ အဆင်ပြေပျော်ရွှင်ကြပါစေ။

Unknown said...

အကုသိုလ်တရားတွေကင်းပြီး ကုသိုလ်ဖြစ်မယ့် အလုပ်များကြိုးစားကာ လုပ်ဆောင်နိုင်ဖို့ကို သံန္နိဋ္ဌာန်ချရင်း ၂၀၁၀နှစ်သစ်ကို ကြိုဆိုကြ ပါစို့ မမအနမ်းရေ .........
Happy New Year 2010 .....

ညီမလေး နှင်းဟေမာ

ကိုပေါက်စ said...

နှစ်တွေကတော့ ဒီလိုပဲပြောင်းပြောင်းသွားတာပါပဲ...
စိတ်မိုက်၊ စိတ်ရိုင်းတွေ ( ကိလေသာ စိတ်တွေ ) ကသာမပြောင်းနိုင်၊မလျှော့နိုင်ဖြစ်ပြီး ကျန်ကျန်ခဲ့တာ....

Welcome said...

နှစ်သစ်မှာ
စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံလို့
ဘ၀လိုအင်တွေ ဆန္ဒနဲ့ တစ်ထပ်တည်းကျစေဖို့
ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်

လေးစားလျက်