ဒီဇင်ဘာ၁၀ရက်မွေးနေ့ ရှင်သို့ 



မွေးနေ့ရှင်အတွက်အမှတ်တရ ကိတ်း))

ဒီဇင်ဘာ၁၀ရက် နှင်းဖွဲဖွဲလေးများကျနေချိန် မေမေ့ဗိုက်ထဲကခက်ခက်ခဲခဲထွက်လာခဲ့တဲ့ ကျွန်မညီမလေး တစ်ယောက်ပါ။ မွေးလာကတည်းက လမစေ့ပဲ အမေသွေးသွန်လို့မွေးလိုက်ရတာကြောင့် ၃ပေါင်သာရှိလို့ ဖန်ပေါင်းချောင်လေးထဲ မှာ နေခဲ့ရတဲ့ကျွန်မရဲ့ညီမဟာ လူ့လောကထဲရောက်ဖို့ မျှော်လင့်ချက်လေး တွေနဲ့နေခဲ့ရရှာသလို၊ အမေ့မှာလည်း လမစေ့သေးပဲ သွေးသွန်လို့ခွဲစိတ်ကာ မွေးလိုက်ရတာကြောင့်၊ အသက်ရှင်သန်စွာနေထိုင်ဖို့ကို ဆရာဝန်တွေအတော် ကြိုးပမ်းခဲ့ရပါတယ်။ မိခင်ရဲ့အသက်ကိုသာ အလေးထားကယ်တင်နေကြတာမို့မွေးလာတဲ့ ကလေးကိုသွေးအလိမ်း လိမ်းနဲ့ ပစ်ထားကြရပါသေးတယ်။ ကလေးငယ်ကတော့ လူ့ လောကထဲဝင်ချင်လို့မရှိမဲ့ရှိမဲ့အင်အားလေးနဲ့အသက်ရှု နေသလားပဲ။ ကံကောင်းထောက်မစွာနဲ့မိခင်က အသက်ရှင်သန်လာသလို၊ ကလေးငယ်မှာလည်း လူ့လောကကြီးထဲ ကို ၀င်ရောက်လာနိုင်ခဲ့တယ်လို့ ဆိုရပါမယ်။


ကံတရားကြောင့် ကျွန်မ အမေနဲ့အတူအသက်ရှင်သန်ခဲ့တဲ့ ကျွန်မညီမဟာ မေမေ့ရဲ့နို့ညှာသမီးဖြစ်ပါ တယ်။ မိဘများက တော့ အချစ်ပိုမပိုမသိပေမယ့် သူကတော့ အမေနဲ့မိသားစုကို အင်မတန်မှချစ်ခင် ပါတယ်။ သူ့အရေးထက် ကျွန်မတို့ အရေးကို ဦးစားပေးတတ်ပါတယ်။ ကျွန်မကျန်းမာရေးနဲ့ပတ်သတ်ရင် လည်း သူကဆေးညွှန်ကြားပေးရတာနဲ့ သွေးပေါင် ချိန်ပေးရတာနဲ့ ဆရာဝန်တစ်ပိုင်းဖြစ်သလို၊ အိမ်မှာ တီဗီ၊ ကက်ဆက်နဲ့ အခြားစက်ပစ္စည်းများပျက်တဲ့အခါမှာလည်း ကောင်း၊ ရေစက်ကိစ္စ၊ မီးကိစ္စ နဲ့ ယောကျာင်္းလေးလုပ်ရသည့် ကိစ္စမှန်သမျှတို့ကိုပါ အင်ဂျင်နီယာတစ်ပိုင်းနီးပါး လုပ်ခဲ့ပါ သေးတယ်။ မိန်းခလေးလုပ်ရသည့်ကိစ္စြဖစ်တဲ့ အိမ်သန့်ရှင်းလှပအောင် လုပ်ကိုင်တာကလည်း သူရဲ့နေ့စဉ် အလုပ်ပဲဖြစ် ပါတယ်။ (ကျွန်မတို့ ကတော့ နည်းနည်း အပျင်းကြီးလို့ ပါ။) သူရဲ့ လုပ်ကိုင်မှုတွေကိုသိကြတဲ့ အိမ်နီးချင်းများက ချီးမွှမ်း ကြသလို အမေ့သူငယ်များကဆိုရင် သူတို့ သားတွေနဲ့ သဘောတူကာ ပေးစားကြပါသေးတယ်။း)) ဒါပေမယ့် သူက ဂျီးအလွန်များတယ်။ (တစ်မျိုးမထင်ပါနဲ့ ၊ သူကအသန့် အလွန်ကြိုက်သူပါ )


အခုအချိန် သူနဲ့ ဝေးကွာသွားမှသာ ဟိုကိစ္စဆို သူသာရှိရင်၊ ဒီကိစ္စဆို သူသာရှိရင်ဆိုတာမျိုးတွေဖြစ်လာပါ တော့တယ်။ လူတစ်ယောက်ရဲ့တန်ဖိုးဟာ အဲဒီလူမရှိရင်ပိုသိတယ်ဆိုတာ မှန်ပါလိမ့်မယ်။ သူလုပ်ခဲ့တဲ့ ကိစ္စတွေကို ကိုယ်ကအမှတ် တမဲ့ဖြစ်ပေမယ့်၊ သူမရှိတဲ့အခါ သူလုပ်သလိုကိုယ်မလုပ်နိုင်တာတွေ အများကြီးပါလားဆိုတာ သိလာခဲ့တဲ့နောက် သူ့ တန်ဖိုးဆိုတာကို သိလာကြရပါလိမ့်မယ်။ ကျွန်မ ညီမက အိမ်မှာဆိုအဓိကလူမဟုတ်ပေမယ့် အဓိကအလုပ်တွေကို လုပ်ဆောင်နိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ မိသားစုမှာ အဖေမရှိတော့တဲ့နောက် အစ်ကိုက အားကိုးအားထားစရာ ယောကျာင်္းဆိုပေမယ့် စီးပွားရေး နောက်တစ်ကောက်ကောက် လိုက်နေရတာကြောင့်၊ အိမ်မှာအားကိုးနေရတာက ကျွန်မ ညီမနို့ညှာပါ။ မွေးဖွားတုန်းကသာ သုံးပေါင်တည်းမို့သေးသေးလေးဖြစ်ပြီး ကျန်းမာရေးခြူချာမယ်လို့ထင်နေကြ ပေမယ့် အရွယ်ရောက်လာတဲ့အခါ သူကပဲ အိမ်မှုကိစ္စအားလုံးကို လုပ်ဆောင်ရတဲ့သူ ဖြစ်လာခဲ့တယ်။


မိသားစုကိုခင်တွယ်ပေမယ့် မိသားစုနဲ့ အဝေးဆုံးနေရာကိုထွက်သွားခဲ့တယ်။ မဟုတ်ရင်လည်း သူ့ ဘ၀က အိမ်ထဲမှာပဲ အိမ်ကအလုပ်တွေနဲ့ နစ်နေမယ်လေ။ ဒီလိုလုပ်တာကလည်း သူအတွက်တိုးတက်ရာကို ရှာသလို၊ အမေ့အတွက် စဉ်းစားတာလည်းပါမယ်လို့ ကျွန်မထင်ပါတယ်။ တကယ်တော့ ကျွန်မညီမ ကြိုက်နှစ်သက်တာ ဟာ အများအားဖြင့် မြန်မာဟင်းလျာတွေဖြစ်ပါတယ်။ ချည်ရည်ဟင်းများနဲ့ ငပိကြော်၊ ငပိရည်တို့ ကို သူကြိုက် နှစ်သက်သလို၊ အချဉ်ထုတ်၊ ဇီးထုတ်လိုမျိုးတွေကို အားရပါးရစားတတ်တဲ့ ကျွန်မညီမက အဲဒီအစားအစာတွေနဲ့ ဝေးတဲ့နေရာတစ်နေရာကို ရောက်နေတော့တာပါ။ နီးတကျက်ကျက် ဝေးတစ်သက်သက်ဆိုသလို၊ လူတွေရဲ့ သဘောသဘာဝဟာ ဝေးနေမှပိုချစ် ပိုခင်တွယ်တတ်ကြသလား။ ကျွန်မကတော့ သူနဲ့  အနေနီးတုန်းက တကျက်ကျက်တော့မဖြစ်ခဲ့ပေမယ့်၊ သူနဲ့ စကားပြောချိန်က တစ်နေ့ ကို၂နာရီ ၃နာရီထက် ပိုမယ်မထင်ဘူး။ ဒါ့ပြင် ကျွန်မလည်း သူ့ ကိုညီမတစ်ယောက်လို အသိအမှတ်ပြုခဲ့တာကလွဲရင် သူ့ အတွက် ဘာမှတကူးတက မလုပ်ပေးခဲ့ဖူးဘူးလေ။ ဒါတင်ဘယ်ကမလဲ ကျွန်မကငယ်ငယ်ကတည်းက ကျန်းမာရေးမကောင်းတာကြောင့် သူ့ကို အမေကမွေးဖွားခဲ့ပြီးနောက် မှာလည်း (မေမေ့ယောင်းမ ဖြစ်သူ) ကျွန်မကြီးဒေါ်တို့  အိမ်မှာခေတ္တခဏ သွားနေစေခဲ့ရသေးတယ်။


ကျွန်မနဲ့ သူက အထက်အောက် ညီအစ်မဆိုတော့ ငယ်ငယ်တည်းကအတူတူ ရေကူးသင်တန်း၊ အကသင်တန်း၊ အင်္ဂလိပ်စာသင်တန်းတွေတက်ခဲ့ရဖူးတယ်။ အကျီ င်္ဆိုလည်းဆင်တူဝတ်ခဲ့ရဖူးတယ်။ စိတ်ချင်းကတော့မတူဘူးပေါ့နော်။ အမွှာညီအစ်မတွေတောင် တူခဲ့တာမဟုတ်ဖူးလေ။ ဒီနေ့က သူ့မွေးနေ့ဆိုတော့ သူ့အတွက် အမှတ်တရလေးဖြစ်ဖို့ သူ့ အကြောင်းလေးကို တွေးမိသမျှရေး လိုက်တာပါ။ ဒီထက်တော့ပိုမရေးတော့ဘူး၊ မဟုတ်ရင် မွေးနေ့ရှင်စိတ်ဆိုးနေမှာစိုး လို့ပါး)) တစ်ခုတော့ရှိသေးတယ်၊ သူ့ ကိုယ်သူဂုဏ်ယူပြီးပြောတတ်တာက သူက အမေ့ဗိုက်ထဲကထွက်လာတဲ့ သူတဲ့ လေ။ ကျွန်မတို့နဲ့ မတူဘူးပေါ့း))


မနှစ်ကသူ့မွေးနေ့မှာတော့ အိမ်မှာဘုရားပင့်ပြီး၊ ပူဇော်ခဲ့ပါသေးတယ်။ သူရှိခဲ့တဲ့ မွေးနေ့တွေတုန်းကတော့ သူ့ အတွက် လက်ဆောင်ဆိုတာ ကောင်းကောင်းမပေးခဲ့ဖူးဘူး။ ကဒ်ပြား တစ်ခုလောက်တော့ နှစ်တိုင်း ပေးတယ်း))


ညီမဖြစ်သူ အိ.. အတွက်မွေးနေ့ အမှတ်တရ


မှတ်ချက်။ ။ ၁၀ရက်နေ့နံနက်၇နာရီမှာမွေးတဲ့ အမှတ်တရအနေနဲ့ သူရောက်နေတဲ့နေရာရဲ့အချိန်ကိုကိုက်ပြီး ဒီပိုစ့်ကို တင်ခြင်းဖြစ်ပါတယ်။

15 ယောက်ဆွေးနွေးချက်:

neking said...

မွေးနေ့ရှင်အတွက်ဆုတောင်းပေးသွားပါတယ်..
လိုအင်ဆန္ဒတွေပြည့်စုံပြီး မိသားစုနဲ့အမြန်ပြန်ဆုံနိုင်ပါစေဗျာ

Welcome said...

မွေးနေ့ရှင် ညီမအ အတွက် ဆုမွန်တောင်းပေးပါတယ်..
မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် နွေးထွေး ပျော်ရွှင်တဲ့ မိသားစုနဲ့အတူ ထာဝရ ကြောင့်ကျမှု ကင်းစွာနဲ့ နေနိုင်ပါစေလို့ ......


ခင်မင်လေးစားလျက်နဲ့
ဝင်းဇော်

မင်္ဂလာပါ .... said...

မမအနမ်းရဲ့ ချစ်ညီမလေး အိအတွက် ....
ပျော်ရွှင်စရာမွေးနေ့လေးမှစပြီး နောင်နှစ်များစွာတိုင်သည်အထိ ...
အဓိပ္ပယ်ရှိတဲ့ ရှင်သန်ခြင်းများစွာဖြင့်
ပြီးပြည့်စုံနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်

မမ နှင်းဟေမား))

kiki said...

HaPpY bIrThDaY Ei Thwe ! !
မွေးနေ့ ရှင်တောင် အိပ်ယာ မထသေးဘူးထင်တယ်..
စားမဲ့သူတွေ အရင် ရောက်နေကြ ပြီ...း))

ဒီနှစ်ရော အိမ်မှာ ဘုရားပင့်ဖြစ်သေးလား ..
တနှစ်ဆိုတဲ့  အချိန်ကလည်း ကုန်တာ မြန်လိုက်တာ နော် ။
ဒီလို နဲ့ ပဲ မေမေ့  ညာစားနေကြတာ.. ဟိဟိ..မသိရင်ခက်မယ် ... ( အိမ်မှာဘာတွေ လုပ်စားကြလည်း.. သွားရည်ကျရအောင် လေ.. )

နေ၀သန် said...

မအနမ်းရေ... အမညီမလေးအတွက် မွေးနေ့ဆုတောင်းပေးပါတယ်.. ဟက်ပီးဘတ်ဒေးလို့နော်....း)

ဆောင်းနှင်းဝေ said...

မွေးနေ့ရှင်အတွက်ဆုတောင်းပေးသွားပါတယ်
မွေးနေ့မင်္ဂလာအဖြာအဖြာနဲ့ပြည့်စုံပြီးလျှင်စိတ်၏ချမ်းသာ
ကိုယ်၏ကျန်းမာခြင်းပြီးပြည့်စုံန်ုင်ပါစေ.....

ei said...

comment တွေဖတ်ရတာပျော်စရာပဲ ဒီမှာကမွေးနေ့ကို ကျောင်းအခန်းကလေးထဲမှာပဲ အတန်းဖော်နဲ့ဆရာမကိုကိတ်ကျွေးအချိုတိုက်လောက်ပဲလုပ်ဖြစ်တယ် ဒီကမွေးနေ့သီချင်းကအားလုံးနဲ့မတူဘူး နားထောင်လို့ကောင်းတယ် သေးသေးလေးနဲ့ပျော်စရာလေးတော့ဖြစ်သွားတယ် အဟိ့ Bear အရုပ်ကြီးကြီးတခုရလိုက်တယ် ဘယ်သူမှမပြောဘဲလုပ်ဖြစ်သွားတော့သူတို့လည်းဘာမှမသိလိုက်ဘူး ........ဒီနေရာဘလောက် လေးမှာလည်းအမှတ်တမဲ့မွေးနေ့ပွဲကလေးဖြစ်နေတာတွေ့ရတော့လည်းအရမ်းပျော်သွားတယ် အဟဲ့ ခုတော့တစ်ယောက်ထဲမဟုတ်တော့ဘူးပေါ့.....မွေးနေ့ကိုထပ်တူဆုတောင်းပေးနေတဲ့လူတွေနဲ့တွေ့ရတော့ မလုပ်ဖြစ်တဲ့မွေးနေ့ကလည်းလုပ်ဖြစ်သွားသလိုပါဘဲ..

မိုးစက်အိမ် said...

မွေးနေ့ ရှင်လေးလည်း အေးချမ်းတဲ့  ဒီဇင်ဘာအခါသမယ
ဆောင်းနှင်းဖွေးဖွေးလေးတွေ ကြားမှာ လိုအင်ဆန္ဒတွေ
ပြည့်ဝလို့  ပျော်ရွှင်ချမ်းမြေ့ ပါစေဗျာ . . . :)

ကိုလူထွေး said...

ဒေါက်တာ အင်ဂျင်နီယာ ညီမအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းလိုက်ရပါကြောင်း...

းဝ)

Anonymous said...

မွေးနေ့ မှသည်
နောင်နှစ်ပေါင်းများစွာတိုင်အောင် နွေးထွေး ပျော်ရွှင်တဲ့ မိသားစုနဲ့အတူ ထာဝရ ပျော်ရွှင်စွာ မွေးနေ့ ပွဲလေး ဆင်နွဲနေနိုင်ပါစေလို့ ......

may16 said...

Happy brithday ပါ မွေးနေ့ရှင်
မွေးနေ့တင်မကပဲ အချိန်တိုင်း ပျော်ရွင်ပါစေရှင်..

desertraindrops said...

မွေးနေ့ရှင် ညီမလေး အိ ပျော်ရွှင်ဖွယ် မွေးနေ့ရက်ပေါင်းများစွား ပိုင်ဆိုင်နိုင်ပါစေ။ ချစ်တဲ့မိသားစုနဲ့ ထာဝရပျော်ရွှင်နိုင်ပါစေနော့။

ဖိုးဂျယ် said...

မွေးနေ့ရှင် အိ
လိုအင် ဆန္ဒတွေ ပြည့်ဝပါစေဗျာ

နေ့အိပ်မက် said...

မမညီမကလိမ္မာတယ်ဆို မမကလည်း သိတတ်တာပါပဲ.. ညီမလေးကို သတိတရ မွေးနေ့လုပ်ပေးတာ.. နေ့အိပ်မက်ဆိုတစ်ခါမှ ကိုကို့မွေးနေ့ကို အရေးတယူမလုပ်ဖူးဘူး. :P

Anonymous said...

စာတွေ အကုန်ဖတ်လို့ မရဘူးဗျို့ ဘာလို့လဲ မသိဘူး။ ပြန်ကြည့်လိုက်ပါဦးဗျာ..။ ညီမလေးအတွက် ဆုတောင်းပေးသွားပါတယ်။ မွေးနေ့မှမဟုတ်ပါဘူး၊ နေ့တိုင်း၊အချိန်တိုင်း၊ ဘဝကိုပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ပါစေဗျာ..။