စဉ်းစားကြည့်ပေါ့


တွေးတွေးကြည့်တော့
ရေးရေးသိလာ
ကိုယ်သာအမှန် သူကအမှား
သံတိုင်ပမာ ခိုင်မြဲလိုက်တဲ့
အယူအဆများနဲ့ 
တစ်သက်လုံးစာ
ကွဲလွဲကြမလား
စဉ်းစားကြည့်ပေါ့။

အစွဲတစ်ခု ရင်မှာပြုလို့ 
နာကျည်းကြေးဆို
သွေးစက်များသက်သေ
ကမ္ဘာတည်သ၍ပေါ့
အချစ်နတ္ထိအမုန်းသာရှိပြီး
ရန်ပွဲဆင်မလား
စဉ်းစားကြည့်ပေါ့။

သတ်မှတ်တဲ့ ပညတ်များ
အစွန်းသာသာ
တစ်ဖက်သတ်နဲ့ ပေါ့
ဘယ်သောခါမျှ
မတွေးတတ်တော့တဲ့
အဖြည့်တရားနဲ့ 
မမြင်နိုင်တဲ့အကောင်းမြင်ဝါဒ
ဒေါသပွားမလား
စဉ်းစားကြည့်ပေါ့။

ကိုယ်စွဲပြုလို့  ငါသာငါဟု
မြင်စတမ်းဆို
အစွန်းရောက်မယ့်
လမ်းကိုလျှောက်ကာ
အချိန်တစ်ခုမကျော်ခင်
နောင်ကိုမတမိစေဖို့ 
ကြိုးစားနိုင်မလား
စဉ်းစားကြည့်ပေါ့။

အနမ်း

12 ယောက်ဆွေးနွေးချက်:

Angel Shaper said...

တစ် တစ် တစ်
၁ ၁ ၁ ၁ ၁ ၁ ၁
111111111111111111
၁ ကွ ဟိဟိ။
နေရာဦးထားတာ။

Angel Shaper said...

နှစ်လဲ ရတယ်။
ခုဖတ်မယ်။

Angel Shaper said...

အင်းးးးးး
ကိုယ်သာအမှန် သူက အမှား ဆိုတဲ့ အယူအဆတွေ၊ ငါ ငါ ငါ ဆိုတဲ့ အစွဲတွေကို ဖျောက်နိုင်ဖို့ ကြိုးစားရမယ်နော်။
တန်ဖိုးရှိလိုက်တာ မအနမ်းရယ်။
သုံးယူပြီး လေးစားသွားပါတယ်။

kiki said...

စဉ်းစားကြည့်လိုက်ပါတယ် ၊
မကောင်းတဲ့သူတွေကို ဘယ်လိုအကောင်မြင်ဝါဒနဲ့ကြည့်ပေးရမလဲ ဆိုတာ....
စဉ်းစားလို့လည်း အဖြေမထွက် ....

(တွေးတွေးကြည့်တော့
ရေးရေးသိလာကိုယ်သာအမှန် သူကအမှားသံတိုင်ပမာ ခိုင်မြဲလိုက်တဲ့ အယူအဆများနဲ့  တစ်သက်လုံးစာကွဲလွဲကြမလား) ....
ဒီလိုကြီးတော့လည်း ခေါင်းမမာအောင် ကြိုးစားပါတယ် မအနမ်းရယ်... :)

ဒါပေမဲ့ ခက်နေတယ် ...
အသိခေါက်ခက် အဝင်နက် ...

မိုးခါး said...

မမကိကိလိုပါပဲ .. :D
ကြိုးစားပြီးတော့ ပြင်နေတာပါပဲ .. အကောင်အထည်မပေါ်သေး ... :D

တောင်ပေါ်သား said...

လူတိုင်းဟာ မှန်တယ်ပဲ ထင်နေကြတာပါး(
တကယ့်ကို ရင်ထဲက စဉ်းစားကြည့်သွားတယ်

လေးစားလျက်
တောင်ပေါ်သား

poemflower said...

ှုငါစွဲတွေ မကောင်းမှန်းသိပေမယ့် ဖျောက်ဖို့တော်၂ကို ကြိုးစားနေပါတယ်..

ကိုလူထွေး said...

ဒီကဗျာ ဟိုလူတွေကို ပေးဖတ်ရမယ်...

ကောင်းတယ်...

းဝ)

သူကြီးမင်း (တုံးဖလား) said...

အော်...
လောကကြီးမှာ ဒီလိုတွေချည်းပါဘဲ။
ကိုယ်သာအမှန် သူတို့ကအမှား။

သတိသံဝေမရတတ်ကြသေးဘူး။

လင်းကြယ်ဖြူ said...

စဉ်းစားကြည့်ပေါ့လို့ ကဗျာကိုပိတ်ထားတော့..
စဉ်းစားမိတယ်....
ဟုတ်တယ်နော်..အတ္တတွေ ကို ပလိုင်းထဲ အပြည့်လွယ်ရင်း...ဆန္ဒ တောင်ကုန်းတွေကို ..
နောက်လှည့်မကြည့်ပဲ ကျော်ကျော်တက်လာတာ..
ရင်ဘတ်ထဲက ဟာကနဲ တစ်ချက်ဖြစ်တော့မှ ပြန်လှည့်ကြည့်မိတယ်..ငါ့နောက်မှာ ..ငါ့ပလိုင်းထဲက ငါမြတ်နိုးတဲ့ အတ္တတွေ အများကြီး လမ်းမှာ ပြုတ်ကျ ကျန်နေခဲ့ပါလားလို့...

ပျော်ပါစေခင်ဗျာ

ရေတမာ said...

ဖတ်လို့ကောင်းလိုက်တာ အမရေ ငါစွဲမစွဲဖို့ နောင်တမရဖို့ ကြိုးစားစဲ မိုက်စဲပဲအမရေ

စည်သူ said...

တွေးတွေးကြည့်တော့
ရေးရေးသိလာ
ကိုယ်သာအမှန် သူကအမှား
သံတိုင်ပမာ ခိုင်မြဲလိုက်တဲ့
အယူအဆများနဲ့ 
တစ်သက်လုံးစာ
ကွဲလွဲကြမလား
စဉ်းစားကြည့်ပေါ့။

အစွဲတစ်ခု ရင်မှာပြုလို့ 
နာကျည်းကြေးဆို
သွေးစက်များသက်သေ
ကမ္ဘာတည်သ၍ပေါ့
အချစ်နတ္ထိအမုန်းသာရှိပြီး
ရန်ပွဲဆင်မလား
စဉ်းစားကြည့်ပေါ့။

သတ်မှတ်တဲ့ ပညတ်များ
အစွန်းသာသာ
တစ်ဖက်သတ်နဲ့ ပေါ့
ဘယ်သောခါမျှ
မတွေးတတ်တော့တဲ့
အဖြည့်တရားနဲ့ 
မမြင်နိုင်တဲ့အကောင်းမြင်ဝါဒ
ဒေါသပွားမလား
စဉ်းစားကြည့်ပေါ့။

ကိုယ်စွဲပြုလို့  ငါသာငါဟု
မြင်စတမ်းဆို
အစွန်းရောက်မယ့်
လမ်းကိုလျှောက်ကာ
အချိန်တစ်ခုမကျော်ခင်
နောင်ကိုမတမိစေဖို့ 
ကြိုးစားနိုင်မလား
စဉ်းစားကြည့်ပေါ့။

အကြိမ်ကြိမ် အခါခါ ဖတ်ပြီး စဉ်းစားကြည့်နေတယ်..

ဘယ်လိုပြောရမှန်းတောင် မသိဘူးဗျ..