ငါ့သတိရခြင်းတွေက...
ငါ့သတိမရခြင်းအတွက်နှိုးဆော်နေတယ်
ငါ့ချစ်ခြင်းတွေက...
ငါ့မုန်းခြင်းအတွက်တိုက်တွန်းနေတယ်
ငါ့ယုံကြည်ချက်တွေက...
ငါ့သံသယဖြစ်ဖို့ အတွက်သတိပေးနေတယ်
ငါ့မျှော်လင့်ခြင်းတွေက...
ငါမေ့ဖို့ အတွက်တောင်းဆိုနေကြတယ်
သြော်..ဦးနှောက်နဲ့ နှလုံးသား
တစ်ထပ်တည်းမကျသ၍
ငါရူးမိုက်နေမိအုံးမလားပဲ????
အနမ်း
7 ယောက်ဆွေးနွေးချက်:
ဟေ့ဟေ့ ..မမီးတို့ ၁ ရပြီ....
မမီးကတော့ ဆက်ပြီး ရူးမိုက်ဖို့ အားမပေးတော့ဘူး
ဦးနှောက်နဲ့ နှလုံးသားတစ်ထပ်တည်ကျအောင်အင်္ဂျင်နီယာခေါ် ပြင်ခိုင်းလေ...းp
ပျော်ရွှင်ပါစေ.....
အဲဒီဦးနှောက်နဲ့ နှလုံသားကို ကြိုးဝိုင်းပေါ်သာ တင်ပေးလိုက်ဗျာ
ဪ .... လူမိုက် ၊ လူမိုက် ။ လူမိုက် ။
ဘယ်ထိများ မိုက်တွင်းနက်နေအုံးမလဲ ဒီလူမိုက် ။
နာပြောသလိုလုပ် ၊ နာ လုပ်သလို လိုက်မလုပ်နဲ့ လို့ 
ပြောထားတာ လည်း နားမထောင်တဲ့  လူမိုက် ။
ဆရာ ထက် မိုက်တဲ့  လူမိုက် ။
လဒတွေနဲ့ တောင်ပြိုင်မိုက်အုံးမဲ့  လူမိုက် ။
တွေ့ မယ် ၊ တွေ့ မယ် ။ ဟိုနေရာမှာ ..ဟိဟိ
လူမိုက်ချုပ် မှူးကြီး
ကွိကွိ
ကဗျာလေးသိပ်ကောင်းတယ်။ ဦးနှောက်နဲ့ နှလုံးသား တထပ်တည်းကျပါစေနော့။
ဦးခေါင်းထဲမှာ နှလုံးထည့်ပြီး ရင်ဘတ်ထဲမှာ ဦးနှောက်ထည့်ထားကြည့်...
ပြန်တည့်သွားလိမ့်မယ်...
းဝ)
ရူးမိုက်တာ မဟုတ်ပါဘူး အမရယ်။
လူတွေဘဲလေ။ ဒီလောက်တော့ ရှိရမှာပေါ့။
Post a Comment