ပြောင်းဖူးကြိုက်တဲ့ကျွန်မ

ဘာရယ်မဟုတ်ဖူး။ ဒီကာတွန်းလေးတွေ့ တာနဲ့  ပြောင်းဖူးကြိုက်တဲ့ ကျွန်မ ဒီပိုစ့်ပုံလေးကို တင်လိုက်တာပါ။ ပြောင်းဖူးပေါက်ပေါက်လည်းကြိုက်တာပဲး)
ကျောက်တန်းစီညီပါပေ့၊ ဆံမြိတ်ချလှပါပေ့ ဆိုတဲ့ ငယ်ငယ်တုန်းက ပြောင်းဖူး စကားထာဝှက် တာလေးကိုလည်း သတိရမိတယ်။




လက်နာလို့ စာမရေးနိုင်တာကြောင့် ဂလိုပဲ ဆားချက်ရပါ၏ ။ သည်းခံတော်မူကြပါကုန်။း)
အားလုံးကိုခင်မင်လျှက်....
(မ) အနမ်း

12 ယောက်ဆွေးနွေးချက်:

kiki said...

အွန်မငီး အနမ်းရယ် ။။
ပွင့် ပွက်တောင် ထွက်ကုန် ပါရောလား အေ ။
ဘေးက ခရမ်း လေးလို သေချာမှ မဝတ်ထားတာကိုးအေ။
မျက်စိရှက်စရာ တွေ နော် ။။
ဒီ အပြို ကြီးလဲ မရိုးတော့ပါလား ..

ခိခိ.
ကိကိ

ကိုလူထွေး said...

ဝါးးးး ဟားးးးး ဟားးးးး ဟားးးးးး

သဘောကျတယ်...း)

အပျိုကြီးအနမ်းက မရိုးတာလား
အပျိုကြီး ကိကီက မရိုးတာလား...

စဉ်းစားစရာပဲနော် မနမ်း...း)

သူကြီးမင်း (တုံးဖလား) said...

အမ...
ပြောင်းဖူးက နှစ်ဖူးဆိုတော့.. မဟုတ်မှ လွဲရော..
အထီးနှင့်အမထင်တယ်။

ဒါဖြင့်.. ကွဲထွက်သွားတာ အမ(အထီးမဟုတ်၊ အမအနမ်းနှင့်ရောသွားမှာ စိုး၍)များလား.. နေကာမှ မတတ်ထားဘဲကိုး...

စကားမစပ်.. အမအနမ်းကော.. နေပူထဲသွားရင် ဘာဝတ်သွားသလဲ မသိဘူး...နေကာမဟုတ်ဘဲနဲ့တော့ မသွားနဲ့နော်။ အဟဲ။

စိတ်မဆိုးကြေး။ ခင်လို့။

သူကြီးမင်း (တုံးဖလား) said...

နေကာမဟုတ်ဘဲ မဟုတ်ဘူး။ နေကာ မတတ်ဘဲ။

ပျော်ရွှင်ပါစေ။

လင်းကြယ်ဖြူ said...

ဟုတ်ပါ့..ပြောင်းဖူးပြုတ်တောင်စားချင်လာသပခင်ဗျာ..
ငချိတ်ပြောင်းဖူး မဲမဲ တူး ကလည်းတကယ်စေးတယ်နော်
စားလို့ကောင်းတယ်..ပြောင်းဖူးဖုတ်.ပြုတ်..ကြော်..
အကုန်ကောင်းတယ်...
ပျော်ပါစေခင်ဗျ

Angel Shaper said...

ဟိဟိ ကြိုက်တယ်။ ပြောင်းဖူးနော်။

စည်သူ said...

ကာ...
ကာတာက ချူထရံ..

ရံ...
ရံတာက ဖိနပ်

နပ်...
နပ်တာက ပြောင်းဖူး

ဖူ...
ဖူးတာက နဖူးပေါ့.. အဟိအဟိ

သွားနောက်မိရင် ထုလိုက်မှဆိုးလို့
စာလေးပဲရေးပေးခဲ့မယ်..

Lucifer said...

မမီးလည်းပြောင်းဖူးကြိုက်တယ်

ဖိုးဂျယ် said...

အမရေ ပြောင်းဖူးလေး စားသွားတယ်း)

မျက်မှန်လေး said...

့ဟဟ...
ရီရတယ်ဟေ့။။။
ဗြဲ...ငှဲ ငှဲ...

desertraindrops said...

မနမ်းကတော့ လုပ်ပြီး လက်နာနေတာနဲ့ ပြောင်းဖူးကြိုက်တယ်ဆိုပြီး တင်တယ်။ ဒီမှာ ပြောင်းဖူးဈေးကြီးလို့ ကြိုက်ရက်သားနဲ့ မစားရတာ ကြာနေပြီ။ လွမ်းအောင်လုပ်တယ် :)

shwelannwelanwinkyi said...

ရွှေလမ်းငွေလမ်းဝင်းကြည်
ဦးဆီမှာ ပြောင်းဖူးပေါင်းလာစားပါအုံးကွယ်။
စီဘောက်မှာ ကွန်မကောင်းလို့ပါ။
ခင်မင်စွာဖြင့်