ဒီနေ့ 20th August က ကျွန်မရဲ့  အစ်ကိုမွေးနေ့ ပါ။ ကျွန်မနဲ့ အစ်ကိုက ဒီAugust လ တစ်လ တည်းမှာမွေးခဲ့ကြတာလေ၊ ရက်တော့ကွာတယ်၊ ကျွန်မက ၃ရက်နေ့ ၊ အစ်ကိုက ၂၀ရက်နေ့ ။ မိုးရာသီမှာမွေးတာဖြစ်လို့ အမေက နင်တို့ ကိုမွေးတုန်းက အနှီးတော်တော်ကုန်တယ်လို့ ပြော ဖူးတယ်။ မိုးရွာလို့ အနှီးမခြောက်တာကြောင့်၊ အနှီးလျှော်လှမ်းရတဲ့ကိစ္စမှာလည်း တော်တော် ဒုက္ခရောက်ရတယ်တဲ့လေ။း)
ကျွန်မနဲ့ အစ်ကိုက ဒီAugust လ တစ်လတည်းတင်မဟုတ်ဖူး။ သိဟ်ရာသီဖွားချင်းလည်း တူကြတယ်။ တနင်္ဂနွေနေ့ ချင်းလည်း တူကြတယ်လေ။ ဒါကြောင့် ငယ်ငယ်တုန်းကဆိုရင် အမေက ကျွန်မတို့ မောင်နှမနှစ်ယောက်ကို မွေးနေ့ တစ်ခါတည်းပေါင်းလုပ်ပေးခဲ့တယ်။ အကုန်အကျသက်သာအောင်လားတော့မသိဘူး။း) ကျွန်မ တစ်နှစ်သမီးအရွယ် ကင်ပွန်းတပ် ကတည်းကစပြီး၊ မူလတန်းတက်တဲ့အချိန်ထိ မွေးနေ့ပွဲတိုင်းကို အစ်ကိုနဲ့ အတူတူလုပ်ခဲ့ ရတယ်။ အစ်ကိုကလည်း ကျွန်မလိုပဲ သူငယ်ချင်းအပေါင်းအသင်းသိပ်မရှိတော့ အမေတို့  အဖေတို့ အသိ မိတ်ဆွေတွေဖိတ်တာပိုများတယ်လေ။ ဒါပေမယ့် ကျွန်မကတော့ ကလေးမို့  လားမသိဘူး၊ အဲလိုပေါင်းလုပ်တာကိုမကြိုက်ပါဘူး၊ ဘာလို့ လဲဆိုတော့အစ်ကိုနဲ့  လက်ဆောင် ခွဲဝေနေရလို့ လေ။း) ဟုတ်တယ်၊ ဖိတ်စာကတစ်စောင်တည်းမှာ သားနဲ့ သမီးတို့ ရဲ့ မွေးနေ့  ဆိုတော့လည်း။ တစ်အိမ်တည်းမှာ မွေးနေ့ လုပ်တာကို ဘယ်သူက လက်ဆောင်သီးခြားစီပေး ပါ့မလဲ။
အဲဒီတုန်းက မောင်နှမက နှစ်ယောက်တည်းရှိသေးတာဆိုတော့ ကျွန်မက ဗိုလ်ကျလို့ ရတယ်။ မွေးနေ့ ပြီးလို့ ဧည့်ရှင်းပြီဆိုတာနဲ့ ကျွန်မက လက်ဆောင်တွေကို အရင်ဦးအောင်ဖောက်တယ်။ မှတ်မိတာက ကျွန်မဖောက်လိုက်တဲ့လက်ဆောင်တစ်ခုက ကားသေးသေးလေး၊ သဘောင်္ပုံစံ လည်း ဟုတ်တယ်၊ ဘီးလည်းပါတယ်၊ စက္ကူဗူးလေးမှာပြထားတာကတော့ ကုန်းပေါ်၊ ရေထဲ မောင်းလို့ ရတဲ့သဘောပေါ့။ ခု ကလေးတွေဆော့တဲ့ ကားသေးသေးလေးတွေလိုပါပဲ ကြမ်းပြင် ပေါ်မှာ ကားလေးကိုလက်နဲ့ ဖိကိုင်ထားရင်း နောက်ဖက်ကိုဆုတ်ပြီးမှ လက်လွှတ်လိုက်တဲ့အခါ ရှေ့  ကိုတအားပြေးသွားတာမျိုး။ ခုခေတ်ကတော့ အထူးအဆန်းမဖြစ်တော့ပါဘူး။ ကျွန်မတို့  ငယ်ငယ်တုန်းကတော့ အဲဒါလေးက အဆန်းဖြစ်နေတာပေါ့။ ပုံစံလေးကလည်း ကားမဟုတ် သဘောင်္လိုပုံစံမျိုးလေးဆိုတော့ ကျွန်မကသဘောကျခဲ့တယ်။ အမှန်တော့ အဲဒီကစားစရာ လေးကယောကျာင်္းလေးအတွက်ဆိုတာ သိသားပဲ။ ဟဲဟဲ ဒါပေမယ့် ကိုယ်ကလိုချင်တော့ ဒါက မီးမီးကိုပေးတာဆိုပြီး ယူထားလိုက်ရော။ အစ်ကိုက ကြောင်တောင်တောင်လေးနဲ့ ကျွန်မကို ကြည့်ရင်း ငါ့ကိုပေးတာပါလို့ သာတခွန်းပြောတယ်။ အတင်းလည်းလုမယူဘူးလေ။ သူက ငယ်ငယ်လေးကတည်း က စကားလည်းသိပ်ရှည်ရှည်ဝေးဝေးပြောတာမဟုတ်ဖူး။
စကားမပြောရုံတင်မဟုတ်ဖူး။ လူကကြောက်သေးတယ်၊ အမေ့နားပဲအမြဲကပ်နေတတ်တာ ငယ်ငယ်ကရိုက်တဲ့ဓါတ်ပုံတွေထဲမှာဆိုရင် အမေ့ထမီကိုကိုင်လျှက်အစ်ကို့ ကို တွေ့ ရတယ်။း) ဒါ့ကြောင့် အဖေက မင်းသားတော့အခြောက်ဖြစ်တော့မှာပဲဆိုပြီး စိုးရိမ်နေခဲ့တယ်တဲ့။ အဲဒါနဲ့  အဖေက သူ့ ကို သုံးလေးတန်းတက်တော့ ရော့ဘင်ဟု လို ပုံပြင်တွေပြောပြရတယ်၊ နောက်ပြီး ၁၂နှစ်သားလောက်မှာ ရှင်ပြုပြီးကိုရင်ဝတ်ခိုင်းရတော့တယ်။ အဖိုးမဆုံးခင်ဝတ် ပေးခဲ့တာလည်းပါတာပေါ့။ ရှင်မပြုခင်က အစ်ကို့ ပုံစံက ဆံပင်ဂုတ်ထောက်နဲ့ ပိန်ပိန်သေးသေးလေးပေါ့။ မိန်းခလေးပုံစံလိုလိုပဲ၊ ကျွန်မတို့ ရဲ့ ဝမ်းကွဲ အစ်မအကြီးဆုံးနဲ့  တောင်တူသလိုလိုရှိတယ်။ ရှင်ပြု ပြီးနောက်မှ အစ်ကိုက ယောကျာင်္းပိုပီသ လာတာလေ။

အစ်ကိုဝမ်းကွဲနှစ်ယောက်ရှိလို့ လည်း၊ နောက်ပိုင်း မှာ အစ်ကိုတွေနဲ့ တွဲဖြစ်ပြီး၊ အဖေစိုးရိမ်သလို မဖြစ်တော့တာထင်တယ်။ သင်္ကြန်ကျလို့ တောင် သူများတွေလိုမပျော်ခဲ့ဖူးဘူးလေ။ ရေစိုမှာစိုးလို့ ဆိုပြီး အိမ်ထဲ မှာပဲအောင်းနေတယ်၊ ဘယ်မှမထွက်ဘူး။ သူနိုင်ငံရပ်ခြားမသွားခင် သင်္ကြန်၂နှစ်လောက်ကိုသာအစ်ကိုတစ်ဝမ်းကွဲ ကအတင်းလာခေါ်လို့  သင်္ကြန်ထွက်ဖူးတယ်ရှိတော့တယ်။ ဒါတောင် ကားမှန် ပိတ်ပြီးလိုက်ကြည့်တာ။း)
အခုလတ်တလောအချိန်မှာတော့ အစ်ကိုကကျွန်မတို့ နဲ့ ရေခြားမြေခြားဖြစ်နေတယ်ဆိုပေမယ့် အစ်ကိုကြီးအဖအရာဆိုသလိုပဲ၊ သူ့ အလုပ်တွေများနေပေမယ့်လည်း အမေနဲ့ ကျွန်မတို့  ညီအစ်မ တစ်တွေကိုပိုပြီးဂရုတစိုက်ရှိလာပါတယ်။ ကျွန်မအတွက်လည်း အစ်ကိုဟာကျေးဇူးရှင် တစ်ယောက်ပါပဲ။ ကျွန်မရဲ့ အသက်ဆက်ကိုဆက်ရတာဟာ အစ်ကိုရဲ့  ချွေးနည်းစာတွေဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် အစ်ကို့ ကိုနေ့ စဉ်နေ့ တိုင်းမေတ္တာပို့ ပြီး၊ အလုပ်အကိုင်အဆင်ပြေစေဖို့  ဆုတောင်းပေးနေမိပါတယ်။
ဒီနေ့ အစ်ကို့ မွေးနေ့ မှစပြီး၊ နောင်လာမယ့်ရက်များမှာလည်း အလုပ်အကိုင်များအဆင်ပြေကာ၊ သာယာလှပသောဘ၀လေးကိုပိုင်ဆိုင်လျှက်၊ အေးချမ်းစွာရပ်တည်နိုင်ပါစေလို့ ပေါ့ ။
မှတ်ချက်။ ။ မြန်မာလို သြဂုတ်လဆိုတာခေါ်လို့ မကောင်းသလိုဖြစ်နေလို့ August လလို့ ပဲ ရေးသားလိုက်ပါတယ်။ August လ ဆိုတာလေးက ၁၂လထဲမှာခေါ်ဆိုရတာ အကောင်းဆုံး၊ အလှဆုံးလေးလို့ ပဲထင်မိတယ်။း) ကိုယ့်ငါးချဉ် ကိုယ်ချဉ်မိတာပါ်။း)

11 ယောက်ဆွေးနွေးချက်:
Happy Birthday Ko Aung ! !
ရောယောင်ပြီး ဆုတောင်းပေးလိုက်ပါသည် ..
လူချင်း မတွေ့ ဖူးပေမဲ့  နာမယ်တော့ ရင်းနှီး နေပါတယ်လေ ။ ညီမ ဆိုးလေးတွေ ရ ထားတဲ့ ၊ကိုအောင် တယောက်ကို ကိုယ်ချင်းစာမိပေါ့ ။ :)
ဝေးးးးးးးးးးးးး
ဟက်ပီဘတ်ဒေးးးးးးးး ကိုအောင်ရေ...
အောင်မြင်ပျော်ရွှင်ပါစေ။
ကိကိပြောသလိုပဲ ညီမဆိုးလေးတွေ ရထားတယ်ဆိုလို့ ကိုယ်ချင်းစာမိတယ်။ တကယ်။
မအနမ်းရေ... တို့ လဲ ကိုအောင့်ကို အကိုတော်မယ်လေ။
ညီမဆိုးလေး တစ်ယောက်ထပ်ရတာပေါ့နော်။
ဟိဟိ။။ ကိုအောင်ရေ...ဟက်ပီဘတ်ဒေးးးးးးးဗျိုးးးးးးးးးး
ံHappy Birthday ပါနော်။ :D ရောပြီးဆုတောင်းပေးသွားပါတယ်
စုဘူးအိမ်
Happy Birthday ပါ မမ အနမ်း အစ်ကိုရေ... ။
မမရေ.. နောင့် နဲ့ နောင့်ကိုကြီးလဲ Aug လထဲမှာ ပဲ 2 ယောက်လုံး မွေးတာ...။ သိလ်ရာသီချင်း တူပေမယ့်.. နေ့တွေတော့ မတူဘူး...။
နောင့်လဲ ကိုကြီး ကိုအရမ်းချစ်တယ်... ။ ဒါပေမယ့် နောင့် ကိုကြီးက ကံမကောင်းခဲ့ဘူး...ခုဆို အသက်လေး 26 နှစ်နဲ့ နာတာရှည် ရောဂါ တစ်ခုကိုခံစားနေရတယ်..။ သူ့အတွက် နောင့် စင်္ကာပူ ကိုထွက်လာခဲ့ရတာပေါ့.... ။
မအနမ်းရဲ့အကိုအတွက် ဆုတောင်းပေးပါတယ်နော်
ပျော်ရွှင်ဖွယ် မွေးနေ့များ ပိုင်ဆိုင်နိုင်ပါစေး)
အမ အစ်ကို မွေးနေ.မှာ ပျော်ရွှင်ပြီး
စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး မွေးနေ.
ပေါင်းများစွာ ဆင်နွှဲ နိုင်ပါစေလို. ဆု
တောင်းပါတယ် ဗျာ ...
Happy Birthday ပါနော်.. August လမှာမွေးနေရှင်တော်တော်များတယ်နော်..
August လက အလှဆုံးဆိုရင် December ကရောမလှဘူးလား
သြဂုတ်လမှာမွေးတဲ့သူတွေက သဘောကောင်းပြီး လူချစ်လူခင်များကြတယ်တဲ့...
ဟုတ်မှာပါ...းP
့happy birthday မွေးနေ့မှစ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ချစ်တဲ့မိသားစုနဲ့အတူ ပျော်ရွှုင်ပါစေ။
Post a Comment