၁။ လိုချင်မှုတဏှာကိုအစွဲပြုပြီး ရှာမှီးခြင်းဖြစ်ပေါ်လာသည်။
၂။ ရှာမှီးခြင်းကိုအစွဲပြုပြီး ရခြင်းဖြစ်ပေါ်လာသည်။
၃။ ရခြင်းကိုအစွဲပြုပြီး စီမံဆုံးဖြတ်ချက်ကြောင်းဖြစ်ပေါ်လာသည်။
၎။ စီမံဆုံးဖြတ်ခြင်းကိုအစွဲပြုပြီး မက်မောခြင်းဆန္ဒရာဂ ဖြစ်ပေါ်လာသည်။
၅။ မက်မောမှုဆန္ဒရာဂကိုအစွဲပြုပြီး စွဲလန်းခြင်းဖြစ်ပေါ်လာသည်။
၆။ စွဲလန်းခြင်းကိုအစွဲပြုပြီး သိုမှီးသိမ်းဆည်းခြင်းဖြစ်ပေါ်လာသည်။
၇။ သိမ်းဆည်းရခြင်းကိုအစွဲပြုပြီး ၀န်တိုခြင်း မစ္ဆရိယဖြစ်ပေါ်လာသည်။
၈။ ၀န်တိုခြင်းမစ္ဆရိယကိုအစွဲပြုပြီး စောင့်ရှောက်ရခြင်းဖြစ်ပေါ်လာသည်။
၉။ စောင့်ရှောက်ရခြင်းကိုအစွဲပြုပြီး တုတ်ကိုင်ရခြင်း၊ လက်နက်ကိုင်ရခြင်း၊ အငြင်းခုန်ရခြင်း
ကုန်းတိုက်ခြင်း၊ မုသားဆိုခြင်း စသော အကုသိုလ်များဖြစ်ပွားလာရသည့်ဆိုတဲ့ ၉မျိုးပါ။
ဒီဒုက္ခတွေက ကင်းလွတ်ချင်လို့ ဒါနပြုကြတာပါပဲ။
မေတ္တာရှင်(ရွှေပြည်သာ) ဆရာတော်၏ ဗုဒ္ဓဘာသာခေါင်းဆောင်းထားသော အရှင်ဒေ၀ဒတ်၏ တပည့်များ” စာအုပ်မှ ကူးယူရေးသား ဖော်ပြပါသည်။
Subscribe to:
Post Comments (Atom)
7 ယောက်ဆွေးနွေးချက်:
အမရေ မှတ်သားစရာစာစုလေးကို မှတ်သားသွားပါတယ်ရှင် :)
အစ နဲ့  အဆုံး ကို ခြုံ ပြီး ဖတ်လိုက်တော့
လိုချင် မှု နဲ့  စပြီး မုသား နဲ့ ဆုံးသွားပါလားးး
တော်ပြီ ။ ဘာမှ လိုချင်တော့ဘူး ။
ပြန်အမ်းပေး လို့ ရမလား ။ :)
မူလနှစ်ဖြာ...တဏှာရင်းခံ ပါပဲ။
မှတ်သားသွားပါတယ်။
ခင်မင်စွာဖြင့်
ညခင်း
လိုက်ရှာပြီး မဖတ်အားတဲ့မမီးအတွက်တော့ စာကောင်းလေးတွေပါ...
ကျေးဇူးအများကြီးတင်ပါတယ်
လိုချင်မှုတဏှာတွေကြောင့် တုတ်ကိုင်တဲ့သူတွေ ပိုများ လာပြီနော်...။ရာထူး စည်းစိမ်ဥစ္စာ ဆိုတဲ့တဏှာတွေပေါ့
အော်.......
လူတွေလူတွေ.. တစ်ခါတစ်လေကျတော့
အရမ်းကိုသနား စရာကောင်းပါလား....
ကိုယ့်ကိုကိုယ်ပြောတာပါဗျာ...းP
ခင်မင်စွာဖြင့်
စည်သူ
မှတ်သားစရာမို့ မှတ်ထားလိုက်ပါတယ်ခင်ဗျာ
ပျော်ပါစေ
Post a Comment