သိခြင်း၅မျိုး၊ မသိခြင်း၅မျိုး

ခုတစ်လော စိတ်တွေထွေနေတာကြောင့် စာရေးဖို့ အားအင်မရှိသလို၊ ဘာရေးရမှန်း မသိ သေးတာကြောင့် ဗုဒ္ဓဘာသာရပ်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ ဗဟုသုတလေးတွေကိုသာ ပိုစ့်တင်ဖြစ်နေပါတယ်။

သိခြင်း(၅)မျိုး
၁။ ၀ိညာဏ်သိ အများသိသော အသိမျိုး
၂။ အမှတ်အသားဖြင့်သိသော အသိမျိုး
၃။ ပညာဖြင့်သိသော အသိမျိုး
၎။ အဘိညာဏ်တန်ခိုးဖြင့် သိသော အသိမျိုး
၅။ ပရိညာဉ်ဆိုက်အောင် သိသော ညာဏ်အသိမျိုး

မသိခြင်း(၅)မျိုး
၁။ မိမိမည်သည့်ဘ၀မှကူးလာသည်ဟူ၍မသိခြင်း
၂။ မိမိမည်သည့်အရွယ်ရှိအောင်နေရမည်ဟူ၍မသိခြင်း
၃။ မိမိမည်သည့်အနာရောဂါဖြင့်သေရမည်ဟူ၍မသိခြင်း
၎။ မိမိမည်သည့်အရပ်၌ သေရမည်ဟူ၍မသိခြင်း
၅။ မိမိ မည်သည့်ဘ၀သို့ ကူးပြောင်းရမည်ဟူ၍မသိခြင်း

ဓမ္မပါဒ-လာ
(စိန္တာမဏိ ဦးချစ်မောင်ရဲ့  ဗုဒ္ဓဘာသာဆိုင်ရာ အထွေထွေဗဟုသုတ မှ)

8 ယောက်ဆွေးနွေးချက်:

ကိုလူထွေး said...

ပြောမှသိ
ထိမှနာ
သာမှနေ
သေမှခင်

ဤလေးအင်
လူတွင်မကျင့်ရာ... ဆိုတာလဲ ရှိသေးတယ်လေ...


(ဆိုင်တော့မဆိုင်ဘူး... သိတာလေးဝင်ပြောတာ)

းဝ)

kiki said...

နောက် မသိတာတွေ အများကြီး ရှိသေးတယ်လေ။
ဥပမာ ..

မအနမ်း ဒီဘဝ မှာ ယောင်္ကျား ရ၊ မရ မသိခြင်း ။
ဘယ်သူနဲ့ ရမည်ဆိုတာ ကို မသိခြင်း ။

မြန်မာပြည်ကြီး ဖွားကိ တသက် ဒီမိုကရေစီ ရ ၊ မရ မသိခြင်း ။ နောင်လည်း ရမယ်၊မရဘူး ဆိုတာကို မသိခြင်း ။

သိချင်တယ် .. သိချင်တယ် .....ဘယ်လိုကျင့်ရင် သိရမလည်း .....

Lucifer said...

မသိတာတွေ သိချင်တယ်.. သိတာတွေမသိချင်ဘူး

desertraindrops said...

မကြီး ဒီလိုသိတဲ့ နာဖူးတဲ့ တရားအသိတွေ ဝေမျှတာလဲ တအားကောင်းတယ်။ မငုံသဘောကျတယ်။ ဆက်ရေးပါနော့။

Sein Lyan Tun said...

ခုတစ်လော စိတ်ညစ်တော့ တရားလာလာနေတယ်


ကောင်းတယ်ဗျ


မှတ်သားစရာတွေ

ချစ်ခင်လေးစားစွာဖြင့်

ဖိုးစိန်

ရေတမာ said...

သိခြင်းငါးမျိုးကို ခုမှသိပါတယ် ခုလိုဖော်ပြပေးတာ ကျေးဇူးပါ အမ.

သုခုမလေဒီ said...

ကိုလူထွေးကြီးပြောတာလည်းမှန်ပါတယ်။ သိတာလေး ဝေမျှတာကောင်းပါတယ်။ ကျေးဇူးပါ။

ဖွားကိကတော့ သူနောက်နေကျအတိုင်းနောက်ပြီ
အနမ်း တစ်သက် ဒီမိုကရေစီရမရနိုင်တော့မသိဘူး၊ ဖွား ကိရေ ယောကျာင်္းမရတာတော့သေချာတယ်။း)

နွေဆူးလင်္ကာ said...

ဗဟုသုတရပါတယ်။