အမှန်တရားဆိုသည်....

အမှန်လုပ်ပြီး အမှန်ဖြစ်မလာခဲ့တဲ့သူများအတွက် အမှန်တရားကိုစိတ်မပျက်ကြပါနဲ့ ။

တစ်ခါတစ်ရံ အမှန်တရားက အမှားတစ်ရံဖြစ်သွားတတ်တယ်လို့ ကျွန်မ မိတ်ဆွေအစ်ကိုကြီးတစ်ယောက်က ပြောဖူးပါတယ်။ တကယ်ပဲ အဲလိုဖြစ်တတ်သလားလို့ မသေချာပေမယ့်၊ အမှန်ကိုလက်မခံ တတ်ကြတဲ့ သူတွေ ရှိကြတယ်ဆိုတာတော့ ကျွန်မကောင်းကောင်းသိခဲ့ရတယ်။ ဒါကြောင့် တစ်ခါတစ်လေမှာ ကိုယ့်ကိုယ်ကို စိတ်ပျက်မိသလို အမှန် တရားကို လက်ကိုင်ထားဖို့ စိတ်ညစ်ရပြန်တယ်။ တကယ်တော့ အမှန်တရားကို စိတ်ညစ်ရမှာမဟုတ်ပါဘူး။ အမှန်ကိုမမြင်တတ်တဲ့သူတွေကိုသာ စိတ်ညစ်ရမှာပါ။ ဒါကြောင့်အောက်ကစာပိုဒ်လေးကိုသာ နှလုံးသွင်းကာ၊ မှတ်သားကာ နေမိပါတယ်။



အမှန်တရားက
နဂိုရှိပြီးသားပါ
ဖန်တီးလို့ မရပါဘူး။
ဖန်တီးထားတဲ့
အမှန်တရားဆိုတာလည်း...
ဘယ်တော့မှမတည်မြဲသလို
မှန်လည်းမမှန်နိုင်ပါဘူး။


လွတ်လပ်စွာ တွေးခေါ်
ယူဆခွင့်ရှိပေမယ့်....
အမှားကိုအမှန်
အမှန်ကိုအမှား
လိမ်ညာပြောလို့ မရပါဘူး။



7 ယောက်ဆွေးနွေးချက်:

kiki said...

အမှန် တရား က အမှားတရံ ဆို တာ ဟုတ်ပ ကွယ်။
မှန် တိုင်းလဲ ကောင်း တာ မဟုတ် ။
မှန် ... ကန် ရင် ကွဲ တတ် သည် ။။
( ထို့ ကြောင့်  မှန် များ ကို မကန်ရ ) ။

မှတ်ထားနော် ။ဘုတ်အုတ်လေးနဲ့  ။

မှားတာသာ များများတွေး ။
ဒါမှ ခုခေတ်ကြီးနဲ့  အံဝင် ဂွင်ကျ မှာ ။။
ဟိဟိ

သားကြီး said...

ခေတ်ကိုကခေတ်မှားကြီးဖြစ်နေလားမသိပါဘူးဗျာ

မိုးခါး said...

မှန်တိုင်လည်း မကောင်းတဲ့
မှန်နေရင်တောင် တခါတလေ ငြိမ်ငြိမ်ပဲနေလိုက်တယ်
း)

လပြည့်ရိပ် said...

အမှန်တရား ဆိုတာ ကြည့်တတ်တဲ့ မျက်လုံးနဲ့ ကြည့်တဲ့ ရှုထောင့်ပေါ်မှာပဲသက်ဆိုင်တယ် ထင်တယ်။ ကိုယ်မျက်လုံးထဲမှာ ကိုယ်ကြည့်တတ်တဲ့ ရှုထောင့်ကနေ မှန်နေပေမယ့် အခြားသူရဲ့ မျက်လုံးနဲ့ ရှုထောင့်ဘက်ကတော့မှားချင်မှားနေလိမ့်မယ်။

ကြယ်ပြာ said...

အမှန်တရားသည် နောက်ကျမှရောက်တတ်၏ တဲ့ ... သူလဲအချိန်မလေးစားဘူး ...း)

မေဇင် said...

စကားလုံးလေး တစ်လုံးကို မှတ်သားသွားတယ်..အမှန်တရား ဆိုတာ အမှားတရံ ဖြစ်တတ်တယ်တဲ့..ဟိဟိ ဟုတ်တယ်နော်..။

mama said...

ဘာကြီးဘဲ ဖြစ်ဖြစ်လေ..
အမှန်တရား တစ်ခုက နှစ်ခု မဖြစ်နိုင်ဘူး
အမှန်တရားက နှစ်ခုဖြစ်နေတာနဲ.
အဲဒီကနေ စပြိး
မှားတာဘဲလေ...
မမ