သိနေပေးပါ




မင်းမချစ်ရင်လည်းနေပါ
ငါမင်းကိုချစ်နေခွင့်ရရင်ပဲ
ကျေနပ်နေမှာပါ။

မင်းမတွေ့ ချင်လည်းနေပါ
ငါမင်းကိုမြင်နေခွင့်ရရင်ပဲ
ကျေနပ်နေမှာပါ။

မင်းမကြားချင်လည်းနေပါ
ငါမင်းအသံကြားနေခွင့်ရရင်ပဲ
ကျေနပ်နေမှာပါ။

အားလုံးကိုငါအရှုံး
ပေးဆပ်ခွင့်ရရင်တောင်
မင်းအတွက်ဆို
ပေးဆပ်မယ့်သူ
ငါ့လိုလူကို
မင်းအနားမှာ
ရှိနေတယ်ဆိုတာ
သိနေပေးပါ။

8 ယောက်ဆွေးနွေးချက်:

မိုးစက်အိမ် said...

ကဗျားလေးက ယဉ်ပြီး လှတယ်နော်...

kiki said...

သိတယ် သိတယ် .. သိပ်သိတာပေါ့
GHOST ကားထဲက မင်းသား လို ဘဲ ..
ဝိဋင် လေးလေ( စပလင် မှားနေမယ် ..မပေါင်းတတ်တော့ဘုး .တတ်သလိုရေးလိုက်တာ ခွင့်ပြုနော်)
အနားမှာ တဝဲလည်လည် လုပ်နေရတာ ..
သနားတယ် ..သနားတယ် ..

Anonymous said...

ရယူပြီးပိုင်ဆိုင်ချင်တဲ့ ချစ်ခြင်းမေတ္တာတရားဆိုတာ ပူလောင်ပြင်းရှသလောက် .... ပေးဆပ်နှင်းအပ်နေချင်တဲ့ ချစ်ခြင်းမေတ္တာတရားဆိုတာ တော်တော်လေး ငြိမ်းချမ်းအေးမြပါတယ် .... ကဗျာလေးကနေတစ်ဆင့် ငြိမ်းချမ်းခြင်းတွေ .. အေးမြခြင်းတွေ ... စူးရှ တောက်လောင်မှုကင်းတဲ့ ချစ်ခြင်းမေတ္တာတရားတွေ ကျွန်တော် တွေ့ခဲ့ရတယ် ...
နေဒေးသစ်။

မိုးခါး said...

ညီမတော့ နေနိုင်ဘူးဗျ
:D

ကဗျာမလေး said...

ထပ်တူပါပဲ..... သိစေချင်တယ် :)

desertraindrops said...

မ့ရေ.ကဗျာလေး တအားကောင်းတယ်။ တိုက်ဆိုင်သွားလို့ ထပ်တူခံစားသွားပါတယ်။

ဗန်ပိုင်းယား said...

အင်း . သိနေရင် တော်ပါပီလေ. ............

Apprenticeship said...

အင်း အချစ်ဆိုတာ ပေးစပ်ခြင်းပေါ့ :(