လူ(၄)မျိုး၊ (၄)မျိုးသောလူ



လူ အမျိုး(၄)ပါးနဲ့ (၄)မျိုးသောလူ ဟူ၍ရှိသည်။

လူအမျိုး( ၄ )ပါးဆိုတာက…
(၁) ခတ္တိယ (ခေါ်) မင်းမျိုး
(၂) ဗြာဟ္မဏ (ခေါ်) ပုဏ္ဏားမျိုး
(၃) ၀ဿ (ခေါ်) ကုန်သည်မျိုး
(၄) သုဒ္ဒ (ခေါ်) ဆင်းရဲသားမျိုး တို့ ပါပဲ။

ဒါဆိုကျွန်ုပ်တို့ က မည်သည့်အမျိုးထဲက လူတွေလဲ ????

လူ( ၄ )မျိုးဆိုတာကတော့…
(၁) ပြောသာပြော၏၊ ပြောသည့်အတိုင်းမလုပ်သောသူ
(၂) လုပ်ကားလုပ်၏၊ ပြောကားမပြောသောသူ
(၃) ပြောလည်းပြော၏၊ လုပ်လည်းလုပ်သောသူ
(၄) ပြောလည်းမပြော၊ လုပ်လည်းမလုပ်သောသူ

ကဲ ကျွန်ုပ်တို့ က ဘယ်လိုလူမျိုးလဲ????
နံပါတ်(၄) အချက်ကတော့အဆိုးဆုံးသောသူဖြစ်ပါတယ်။ ကျွန်မ၏မိတ်ဆွေများထဲ မည်သူမှ (၄) အချက်က လူမဖြစ်နိုင်ပါဘူးလို့ ယုံကြည်ပါတယ်။
ကျွန်မ တွေးတောမိတာလေး ကို ရေးသားမိခြင်းပါ။ မည်သည့်ရည်ရွယ်ချက်မှမပါပါ။

အနမ်း

12 ယောက်ဆွေးနွေးချက်:

kiki said...

အကောင်းဆုံးတွေသာ တွေးပြီး အကောင်းဆုံးသောလူဟု မိမိကိုယ် မိမိ မှတ်ယူလိုက်ပါ ။
မိမိနှင့် သဟဇာတ မရှိသူများကို နံပတ်(၄) စာရင်းတွင် ထဲ့ထားလိုက်ပါ ။

ပုံ။
သမိန်ပေါသွပ်..
ငှဲ ငှဲ ငှဲ...

Sein Lyan Tun said...

အင်း
ကျနော်ကတော့ နံပတ်လေးထဲ မပါအောင် ကြိုးစားနေတယ်ပေါ့...း)
ချစ်ခင်စွာဖြင့်
ဖိုးစိန်

desertraindrops said...

နံပါတ်လေး မပါဘူး.:)) မှတ်သားသွားတယ်။

Anonymous said...

တစ်ခါတစ်ရံတွင် .. ၁
တစ်ခါတစ်ရံတွင် .. ၂
တစ်ခါတစ်ရံတွင် .. ၃
တစ်ခါတစ်ရံတွင် .. ၎
တစ်ခါတစ်ရံတွင် .....
တစ်ခါတစ်ရံတွင် ............... :)

ဇော် said...

ဟားဟား
စာလေးကို ကောင်းကောင်းခံစားပြီး မန့်မလို့လုပ်တုန်း အပျိုကြီး ကိကိရဲ့ စာကိုတွေ့ပြီး ရယ်လိုက်ရတယ်။

အင်းနော်။ ကျနော်လဲ ဘယ်လိုလူမျိုးပါလိမ့်။ စဉ်းစားစရာပဲ။
လာလည်တာ ကျေးဇူးနော် မကစ်စ်။ အဟီး။

မိုးစက်အိမ် said...

အနော်က ဘယ် Group ထဲ
မှာပါတာလဲဟင် :P

mhyawlintchin.blogspot.com said...

အကောင်းဆုံးတွေသာ တွေးပြီး အကောင်းဆုံးသောလူဟု မိမိကိုယ် မိမိ မှတ်ယူလိုက်ပါ ။
မိမိနှင့် သဟဇာတ မရှိသူများကို နံပတ်(၄) စာရင်းတွင် ထဲ့ထားလိုက်ပါ ။

ဟုတ်တယ်ဗျ ... မမကိကိပြောတာမှန်တယ်
ထောက်ခံပါတယ်ဗျို့ ထမင်းဂျိုင့်နဲ့ကို အစောကြီးလာပြီးထောက်ခံချင်ပါတယ်
အခုတော့ အိမ်မှာခလေးထိန်းနေရလို့
နောက်ကျသွားတာခွင့်လွတ်ပါ ....
ပုံ။
သွပ်ပေါသမိန် ( ပျော်ပျော်နေသေခဲ )
ဟဲဟဲဟဲ

Anonymous said...

အပေါ်သုံးမျိုးလုံးကို တစ်လှည့်စီ လုပ်နေဖြစ်တာပါပဲ မကြီးရေ .... ဒါပေမယ့် နံပါတ် ၁ အချက်ကို သိပ် မကျင့်သုံးမိတာတော့ များပါတယ် ... ကျန်တဲ့ ၂ ခုကတော့ အလျဉ်းသင့်သလို ရေလိုက် ငါးလိုက်ပါပဲ ... ဟိုကွေ့ဟိုတက်လှော် ဒီကွေ့ ဒီတက်နဲ့ လှော်ပေါ့ ...
နေဒေးသစ်။

Unknown said...

ကျွန်တော်ကတော့ နံပါတ်သုံးဖြစ်ချင်တယ်ဗျာ။ အလုပ်ရဲ့ ၇၅% က အပြော၊ ၂၅%က အလုပ်ဖြစ်နေလို့......:D
အဲ အပေါ်က လူအမျိုးလေးပါးကိုတော့ လူအချင်းချင်း လူတန်းစားခွဲခြားတယ်လို့ ယုံကြည်လို့ လက်မခံဘူးဗျ။ တကယ်တော့ မင်းမျိုးလဲ လူ... ဆင်းရဲသားမျိုးလဲ လူပါပဲဗျာ...

ဂျပန်ကောင်လေး said...

ဗဟုသုတရပါတယ်ဗျာ.. ကျေးဇူးပါ...

နွေးနွေးသဲမွန် said...

တခါတလေ ကိုယ်လဲနာပတ် ၁ လူ ဖြစ်ဖြစ်နေတတ်တယ်..နာပတ်၃ လူမျိုးဖြစ်အောင်ကြိုးစားပါ့မယ်...အတွေးကလေးအတွက် ကျေးဇူးပါနော်

မိုးခါး said...

ကြိုးစားပြီး နံပါတ်4မဖြစ်အောင်နေပါ့မယ် ..း)