သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းဆိုသည်???



လူတစ်ဦးနဲ့ တစ်ဦး ဆက်ဆံရာမှာ သံသယဆိုတဲ့ မယုံကြည်မှု ဟာ အင်မတန်ကိုကြောက်စရာ ကောင်းတဲ့ သတ္တ၀ါလိုပါပဲ။ လူတစ်ယောက်ကို သံသယဖြစ်ပြီးပေါင်းသင်းနေခြင်းဟာ ကိုယ့် အတွက်မကောင်းသလို ၊ တစ်ဖက်လူအတွက်လည်း စာရိတ္တပိုင်းဆိုင်ရာ၊ သိက္ခာပိုင်းဆိုင်ရာ မှာ ထိခိုက်စေပါတယ်။ တကယ်တမ်း စာရိတ္တပိုင်းမှာ ချို့ ယွင်းနေသူ အဖို့ ကတော့ မပြောပ လောက်ပေမယ့်၊ အကျင့်သီလသိက္ခာကိုတန်ဖိုးထားတဲ့ သူများအတွက်ကတော့ နစ်နာလှပါ တယ်။ လူတစ်ယောက်ကို သံသယစိတ်ဖြစ်နေပြီဆိုကတည်းက သူ့ ကိုဆက်လက်ပေါင်းသင်း ဖို့ မဖြစ်နိုင်တော့တဲ့အကြောင်းတရားလို့ ကျွန်မတော့ ခံယူမိပါတယ်။

လူတစ်ဦးနဲ့ တစ်ဦး စတင်သိကျွမ်းရာမှကိုယ်ဟာ သည်လူတစ်ယောက်ကိုရာသက်ပန်ပေါင်း သင်းနိုင်ပါ့မလားဆိုတာကိုစဉ်းစားဖို့ လိုပါလိမ့်မယ်။ ကျွန်မကိုယ်တိုင်က အမြဲအဲသည်လိုမျိုး စဉ်းစားခဲ့လို့ ပါပဲ။ ဘာလို့ လဲဆိုတော့ ယခုအခါမှာ ကျွန်မမြင်တွေ့ မိနေတာက အခုခင်လိုက် ကြ၊ တော်ကြာမုန်း လိုက်ကြ မခေါ်ကြနဲ့  ဖြစ်နေကြလို့ ပါ။ အဲသည်လိုမျိုးအနေအထားကျတော့ ကိုယ်လည်း မကောင်းသလို တစ်ဖက်လူလည်းမကောင်းဘူးဖြစ်သွားတတ်ပါတယ်။ တစ်ချို့  ကျတော့လည်း ပေါ့ပေါ့တန်တန်ပါပဲ။ သူခေါ်ရင်ကိုယ်ခေါ်လိုက်မယ်၊ သူမခေါ်လည်းကိုယ်မခေါ် ဘူး ဆိုတာမျိုး။

အပေါင်းအသင်းထားရာမှာ ကိုယ်နဲ့ စရိုက်ကိုက်ညီမှုရှိမရှိနဲ့ ၊ ကိုယ်က သူ့ အပေါ်ဘယ်လောက် အတိုင်းအတာအထိ ချစ်ခင်နိုင်မယ်ဆိုတာက အရေးကြီးပါလိမ့်မယ်။ ဒါက ကျွန်မယူဆမိတဲ့ အတိုင်းကိုပြောတာပါ။ ဘယ်သူတွေက ဘယ်လိုသဘောထားကြမယ်တော့ ကျွန်မလည်း သိ တာ မဟုတ်ပါဘူး။ ကိုယ်နဲ့ ပေါင်းသင်းမယ့်သူက ငွေကြေးချမ်းသာရဲ့ လား၊ ဂုဏ်ထူးဘွဲ့ ထူး၊ ရာထူးတွေရှိရဲ့ လားဆိုတာတွေက ကိုယ့်အဖို့ အရေးကြီးတာမဟုတ်ပါဘူး။ ရုပ်ရည်ရူပကာ ကို ချစ်ခင်နှစ်သက်ကြတဲ့သူတွေလည်း အတော်များများရှိကြပါတယ်။ ဒါတွေအားလုံးဟာ အပေါ် ယံတွေလို့ ပြောရင် ကျွန်မအဆိုးဖြစ်နေမလား။

အဲဒီအပေါ်ယံတွေကိုပဲ လူတွေနှစ်သက်ကြတာများပါတယ်။ မျက်စိနဲ့ မြင်လို့ ရတဲ့အရာတွေပဲ ကိုး။ ကျွန်မလည်း ငယ်ရွယ်စဉ်ကတော့ အဲဒါမျိုးတွေကို တပ်မက်မိခဲ့တယ်လို့ ဝန်ခံပါတယ်။ ဒါပေမဲ့ ငယ်ငယ်ကတည်းက စကားသိပ်မပြောတဲ့ ကျွန်မအကျင့်ကြောင့် သူငယ်ချင်းမိတ်ဆွေ ဆိုတာများများစားစားမရှိခဲ့ဘူး။ ရှိခဲ့ဖူးတဲ့သူငယ်ချင်းမိတ်ဆွေထဲမှာလည်း ကျွန်မအပေါ် ဆိုးဆိုး ၀ါးဝါးဆိုတာမျိုးမတွေ့ ကြုံခဲ့လို့ ကျွန်မကံကောင်းတယ်လို့ ယူဆနိုင်ပါတယ်။ ဒါဆို အခု ရော…။ ကျွန်မလက်ရှိပေါင်းသင်းတဲ့သူတွေ ဘယ်လိုလူတွေလဲ။ ကျွန်မအပြင်လောကကိုသိပ်မထွက် ဖြစ်တဲ့ နောက်ပိုင်းကွန်ပျူတာကိုအသုံးပြုဖြစ်လာပါတယ်။ အဓိကကတော့ ကျွန်မ စာရေး ဖို့ ပါ။ နောက်တော့ အွန်လိုင်းကိုအသုံးပြုလာရတဲ့ အကြောင်းလေးဖြစ်လာခဲ့တယ်။ အခြားတော့ မဟုတ်ပါဘူး။ ကျွန်မအကိုနဲ့ ညီမတစ်ယောက် ကျွန်မတို့ နဲ့ ရေမြေခြားကိုရောက်သွားခြင်း ကြောင့်ပါ။ အဲဒီကမှအွန်လိုင်းကိုအသုံးပြုတတ်ပြီး၊ မိတ်ဆွေ အပေါင်းအသင်းဆိုတာတွေရရှိ လာခဲ့တယ်။

လူတစ်ယောက်နဲ့ တစ်ယောက်မမြင်ဘူးပဲ ၊ တစ်ယောက်နဲ့ တစ်ယောက် စာတွေရိုက်နှိပ်ပြီး ခင်မင်လာကြခြင်းကို ကျွန်မစိတ်ဝင်စားလာမိတယ်။ စာရိုက်ကာ ခင်မင်ခြင်းနဲ့ သူတို့ ရဲ့ စိတ်ကို လည်းလေ့လာနိုင်တယ်လို့ ကျွန်မခံယူမိတယ်။ လူအမျိုးမျိုး စိတ်အထွေထွေဆိုတာကိုလက်ခံ ရမယ်လေ။ ကျွန်မအခုမှ လူတွေရဲ့ စိတ်သဘောထားတွေကို လေ့လာချင်တဲ့စိတ်တွေဖြစ်ပေါ် နေမိတော့တယ်။ ဒါကြောင့်လည်း ကျွန်မ လူတွေရဲ့ စိတ်ကိုနားလည်အောင်ကြိုးစားလာမိ တယ်။ အရင်တုန်းက ကျွန်မ စိတ်ပညာဘာသာရပ်ကိုယူခဲ့ရမှာလို့ လည်း ကိုယ့်ကိုယ်ကိုတောင် အတွေးပေါက်လာပါတယ်။ လူတွေ့ ရဲ့ စိတ်ကိုသိရှိလို့ ကျွန်မနှစ်သက်တဲ့ သူမျိုးကိုဆိုလက်ခံ ပေါင်းသင်းတယ်။ အဲဒီလိုနဲ့ ကျွန်မမှာ တကယ်ကိုခင်မင်တဲ့အရင်းနှီးဆုံး မိတ်ဆွေဆိုတာတွေ နဲ့ လည်းကြုံတွေ့ ရပါတယ်။ အပေါင်းအသင်းများများစားစား မထားတတ်တာ နဲ့  စကားကိုကြွယ် ကြွယ် ၀၀ မပြောတတ်တာကတော့ကျွန်မစရိုက်လို့ ဆိုရမယ်ထင်တယ်။ ကျွန်မ သူတို့ တွေ အပေါ်နားလည်နိုင်အောင်တော့ကြိုးစားခဲ့တယ်။ ကျွန်မကိုပြန်လည်နားလည်နိုင်ဖို့ ကိုလည်း ကျွန်မ မျှော်လင့်မိအမှန်ပါပဲ။

လူတစ်ဦးနဲ့ တစ်ဦးပေါင်းသင်းတဲ့အခါ နောက်ပြောင်ခြင်းဟာ ရင်းနှီးမှုပဲလို့ ပြောလို့ ရပေမဲ့ ထိခိုက်နစ်နာအောင်ပြောဆိုနောက်ပြောင်ခြင်းကတော့ ရင်းနှီးတာလို့ ပြောလို့ မရတော့ပါဘူး။ အချို့ က မညှာမတာပြောဆိုဆက်ဆံတတ်တာမျိုးတွေရှိကြပါတယ်။ ကိုယ့်အတွက်မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းများဟာ ကိုယ့်အပေါ်နားလည်မှု အရှိနိုင်ဆုံးဖြစ်ဖို့ လိုအပ်ပါတယ်။

လူတစ်ဦးနဲ့ တစ်ဦး ခင်မင်စွာပေါင်းသင်းလာကြရင်ဖြင့်၊ ယုံကြည်မှု့ ၊ နားလည်ပေးမှု့၊ စာနာမှု၊ ခွင့်လွှတ်မှု ၊ သည်းခံမှု့ စတဲ့သဘောထားတွေရှိဖို့ လိုပါလိမ့်မယ်။ ဒါမှ လည်းတစ်ဦးနဲ့ တစ်ဦး တစ်သက်တာ မိတ်ဆွေကောင်း၊ အဖော်ကောင်းတွေဖြစ်သွားမယ်လို့  ယူဆမိပါတယ်။

ဘုရားရှင်က ဟောပြဆုံးမခဲ့ပါတယ်။ မိတ်ဆွေကောင်းကို မှီဝဲဆည်းကပ် ကိုးကွယ်မယ် ဆိုရင် အလုံးစုံ အောင်မြင်တယ်တဲ့။ ဒီလိုဆိုရင် မိတ်ဆွေယုတ်ကို ဆည်းကပ် ကိုးကွယ်မိမယ်ဆိုရင်တော့ အလုံးစုံ ကျဆုံးမယ်ဆိုတဲ့ သဘောပေါ့။ ဒါဆို ဘယ်အချက်တွေနဲု့ ရွေးချယ်ရမလဲ? အင်္ဂါ(၇)ချက်နဲ့ တိုက်ပြီးတော့ ဆည်းကပ် ကိုးကွယ်ရပါ့မယ်။ (၁) ရိုသေထိုက်တဲ့ ဂုဏ်ရှိရမယ် (၂) ချစ်ခင်ထိုက်တဲ့ ဂုဏ်ရှိရမယ် (၃) ချီးမွမ်းထိုက်တဲ့ ဂုဏ်ရှိရမယ် (၄) လွဲမှားနေရင် ဆုံးမတတ်တဲ့ ဂုဏ်ရှိရမယ် (၅) မိမိတို့ မေးသမျှကိုလည်း ဖြေဆိုနိုင်စွမ်း ရှိရမယ် (၆) နက်နဲတဲ့ မဂ်ဥာဏ် ဖိုလ်ဥာဏ်ရကြောင်း သစ္စာတရားများကိုလည်း ဟောပြနိုင်စွမ်း ရှိရမယ် (၇) အကျိုးနည်းတဲ့နေရာ မညွှန်ပြပဲ အကျိုးများတဲ့ နေရာ ညွှန်ပြနိုင်ရမယ် ဆိုတဲ့ အချက်(၇)ချက်လို့  ဆိုပါတယ်။
(ဓမ္မမေတ္တာ ဘလော့မှ မောင်ကောင်းရေးသားထားသော အချက်ကို ပြန်လည်ကောက်နုတ် ကာတင်ပြခြင်းပါ)


ကျွန်မ ရဲ့ မိတ်ဆွေကောင်းရွေးခြယ်မှုဟာ ပြည့်စုံလိမ့်မယ်လို့ မဆိုချင်ပါဘူး။ ကျွန်မရဲ့ ချစ်ခင် ပေါင်းသင်းသူတွေအပေါ် ကျွန်မရဲ့ အယူအဆတစ်ခုသာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မရဲ့  ဘလော့ဂါ အပေါင်းအသင်းတို့ အနေနဲ့ လည်း ကိုယ့်ရဲ့ မိတ်ဆွေတွေကို ဘယ်လိုများရွေးခြယ် ပေါင်းသင်းကြသလဲ??? မိတ်ဆွေကောင်းဆိုတာကို ဘယ်လိုယူဆကြသလဲ ???

ဖိုးစိန်၊ ပြာသို နဲ့ မိုးခါး တို့ ကိုရေးစေချင်ပါတယ်။း)

6 ယောက်ဆွေးနွေးချက်:

Ree Noe Mann said...

လာရောက်ဖတ်ရှူသွားပါတယ်ဗျာ

တစ်ယူသွာပါတယ်ဗျာ

ရီနိုမာန်

khin oo may said...

နစ်ယူသွားပါတယ်။

moekhar said...

ရေးပါမယ်နော် ..း)
မိုးခါးလည်း စာကိုဖတ်ပြီး စဉ်းစားသွားမိတယ် ..
ကိုယ်တိုင်ယူဆ လက်ခံချက်လေးနဲ့ ခုရေးထားတာလေးနဲ့ ယှဉ်ထိုးစဉ်းစားမိတယ် ..
း)

may16 said...

လာရောက်ဖတ်ရှုမှတ်သားသွားပါတယ်

ကဗျာမလေး said...

စာရေးသူနဲ့ ခင်မင်ချင်ပါတယ် ...
ပို့စ်လေးကို ဖတ်ပြီးတော့ စဉ်းစားတွေးတောစရာတွေ များသွားတယ် ... မိတ်ဆွေသူငယ်ချင်းကောင်းဆိုတာ ကို လိုက်ရှာနေတာ ကြာပါပြီ ... အပြင်လက်တွေ့ဘ၀မှာကော ... အွန်လိုင်းပေါ်မှာပါ ရှာဖွေကြည့်မိတယ် ...

WWKM said...

ပို့စ်လေးလာဖတ်သွားပါတယ် ညီမရေ.
မိုးခါးလေးက ပြန်တက်ဂ်လို့ ပညာလာယူသွားတာပါ။
ပျော်ရွှင်ချမ်းမြေ့ပါစေ။