ကျွန်မရဲ့ ဘလော့ကိုလာရောက်ဖတ်ရှုကြတဲ့ မိတ်ဆွေအပေါင်းအသင်းများကို မင်္ဂလာပါ လို့ နုတ်ခွန်းဆက်ပါ တယ်။ ဒီပိုစ့်လေးက ကျွန်မရဲ့ တစ်ရာပြည့်မြောက်ပိုစ့်လေးလည်းဖြစ်ပါတယ်။ စာရေးတာဝါသနာပါတဲ့ကျွန်မကို ကျွန်မ ညီမက ဒီဘလော့လေးကိုဖွင့်ပေးခဲ့ခြင်းပါ။ အရင်ကတော့ ဘလော့ထဲမှာ အတော်လေး စာရေးဖြစ်သလိုပါပဲ။ အခုနောက်ပိုင်းမှာတော့ အကြောင်းကြောင်းတွေကြောင့် ဒီဘလော့မှာစာရေးခြင်း ကျဲလာတယ်လို့ ဆိုရပါမယ်။
အခြားသူငယ်ချင်းမိတ်ဆွေတွေရဲ့ ဘလော့တွေကိုတော့အမြဲလိုလိုလိုက်ဖတ်ပါတယ်။ သူတို့ ရဲ့ အရေးအသားနဲ့ သိမှတ်စရာကောင်း၊ စိတ်ဝင်စားစရာကောင်းတဲ့ စာတွေကိုဖတ်ရတော့ ကိုယ့်ကိုယ်ကိုတောင် သိမ်ငယ်မိသလို ပါပဲ။ သူတို့ တစ်တွေအားလုံးဟာ ကိုယ့်ထက်အများကြီးကိုတော်ကြတာကိုသိရတော့လည်းဝမ်းသာမိပါတယ်။
လူတိုင်းကို စာရေး၊ စာဖတ်လုပ်စေချင်တာကျွန်မဆန္ဒတစ်ခုလိုဖြစ်နေခဲ့ပါတယ်။
အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ ကြပါစေ။



4 ယောက်ဆွေးနွေးချက်:

မဆုမွန် said...

အနမ်းရေ ပို့စ်တစ်ရာမြောက်မှသည် အများကြီးဆက်ရေးနိုင်ပါစေနော်..
တကယ်တော့ ဘလော့လေးဆိုတာ ကိုယ့်ရဲ့ ရဲဘော်ရဲဘက်လေးပဲ ကိုယ့်အပူတွေ သောကတွေ ပျော်ရွှင်စရာတွေ အတွေးပုံရိပ်တွေ ခံစားချက်တွေ အကုန်လုံးကို သူ့ရင်ခွင်ထဲမှာ မော်ကွန်းတင်ထားတာလေ ကိုယ့်ရဲ့ ခံစားချက်တွေ အချိန်တွေ ဦးနှောက်အားတွေ စိုက်ထုတ်ပြီး ရေးခဲ့ရတာဆိုတော့ ဘလော့ခ်လေးကို မပစ်ထားပါနဲ့ ဘာပဲဖြစ်ဖြစ်စာချရေးပါနော် အမြဲအားပေးနေမယ့် ဘလော့ခ်မိတ်ဆွေတွေ ရှိတယ်ဆိုတာ မမေ့ပါနဲ့ရှင်။

flowerworld said...

မမဆုမွန်ပြောသွားတာမှန်ပတော် ဟီးးး
ကုန်းဆင်းလိုက်တာ ပို့စ်တစ်ရာမှ....နောက်ထပ်မရေမတွက်နိုင်တဲ့ အထိရေးသားနိုင်ပါစေချင့်း) မောတယ် ရေတိုက်မယ်ဆို

moekhar said...

ပျော်ရွှင်ပါစေနော်
စာတွေအများကြီးဆက်ရေးနိုင်ပါစေး)

Anonymous said...

အဲလိုလည်း မဟုတ်ပါဘူးလေ .. လူဆိုတာ တစ်ယောက်တည်း ရပ်တည်လို့ မရသလို အတွေးအခေါ်ဆိုတာကလည်း တစ်ယောက်တည်း တွေးခေါ်လုပ်ကိုင်တာထက် .. လူအများနဲ့တွေးခေါ်လုပ်ကိုင်တာ ပိုပြီး ထိရောက် လျင်မြန်တာ အစ်မလည်း သိမှာပါ ... ဘလော့ကလည်း ထိုသဘောပါပဲ .. ကိုယ့်ထက်စာရေးကောင်းသူတွေကတော့ ဒုနဲ့ဒေးပေါ့ ဒါပေမယ့်က လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်း ခံစားချက်ခြင်းတူနိုင်ကြတာ မဟုတ်ဘူးလေ .. အဲတော့ ကိုယ်ထင်တာ ကိုယ်မြင်တာ ကိုယ်ခံစားရတာကို တင်ပြနိုင်တာဟာ အရေးအသားမကောင်းဘူးဆိုရင်တော့ ဘလော့လောက အတွက် ရသတစ်မျိုးတိုးစေမှာ မို့လို့ ကျွန်တော်ကတော့ ဘလော့အားလုံး စာရေးကောင်းတယ်လို့ပဲ သတ်မှတ်ပါတယ် .. အားလုံးသော ဘလောဂါများ အချင်းချင်း ဖေးမကြမှ ဘလော့လောကရဲ့ အနှစ်သာရတွေ ပိုပြီး ပြည့်စုံလာမယ် ထင်မိပါတယ် .. များများရေးပါ .. ဖတ်ကြီးပဲလည်း မနေပါနဲ့ .. ကိုယ့်ရဲ့ခံစားချက်က သူများတွေအတွက် အားဆေးတစ်ခွက် သို့တည်းမဟုတ် ဆောင်ရန်ရှောင်ရန် တစ်ခုလည်း ရသွားစေနိုင်ပါတယ် ..
နေဒေးသစ်။