မနေ့ ၊ သည်နေ့  နဲ့ မနက်ဖြန်












မနက်ဖြန်က
သည်နေ့ ကိုပြောတယ်
'မင်းသေတဲ့အခါ၊ ငါရှင်မယ်'။


မနေ့ က
သည်နေ့ ကိုပြောတယ်
'မင်းမကြာခင်၊ ငါနဲ့ တူတော့မယ်'။

သည်နေ့ က
မနက်ဖြန်ကိုပြောတယ်
'ကျုပ်သမိုင်း အက္ခရာကို
ခင်ဗျားစာရွက်ပေါ်မှာရေးမယ်'။

ညွန့် အေး (အင်းဝ) ရေးခဲ့တဲ့ကဗျာလေးပါ။
ရိုးရိုးရှင်းရှင်းလေးနဲ့ အချိန်ကူးပြောင်းသွားပုံလေးကိုဖော်ညွှန်း ထားတာမို့ ၊ အချိန်တန်ဖိုးထားရသူတိုင်းလည်းနှစ်သက်မယ်ထင်ပါတယ်။

3 ယောက်ဆွေးနွေးချက်:

ကဗျာမလေး said...

မနေ့၊ သည်နေ့နဲ့ မနက်ဖြန်တိုင်းမှာ သတိတရား၊ အသိတရားတို့နဲ့ နေထိုင်သွားတတ်ကြဖို့ မျှော်လင့်မိပါတယ်။

ရွှေပြည်သူ (ShwePyiThu) said...

အရမ်းအဓိပ္ပါယ်ပြည့်ဝပြီး အချိန်အဆက်မိတဲ့ ကဗျာတစ်ပုဒ်ကို ဝေမျှပေးတာ ကျေးဇူးတင်ပါတယ် မအနမ်းး)

mhyawlintchin.blogspot.com said...

မမအနမ်းကောင်းတယ်ဗျ ...
နောက်လည်းဝေမျှပါအုံးနော် . ...
ကဗျာလေးကအရမ်းကိုအဓိပ္ပါယ်ရှိတယ်သိလား
မမအနမ်းနှစ်သစ်မှာပျော်ရွှင်ပါစေနော်:)