ဘီစကစ်များနဲ့ တည်ဆောက်ထားတဲ့အိမ်လေး (နဲ့ ) Sedona ရဲ့ Indiana Jones ပွဲတော်



















Christmas
ပွဲတော်များနဲ့ New Yearကိုကြိုဆိုတဲ့အနေနဲ့  သည်မှာရှိတဲ့  Hotel ကြီးများနဲ့  Super Market ကြီိးများ က သူ့ထက် ငါအပြိုင်ဆိုသလိုပြင်ဆင်ကာကျင်းပကြပါတယ်။

Christmas ပွဲတော်အတွက်ဆိုပြီး ပစ္စည်းအမျိုးမျိုးနဲ့  စားသောက်ဖွယ်ရာတွေ ကိုလည်း Discount တွေချကာ ရောင်းချပါတယ်။ သူများနိုင်ငံ တွေ လိုတော့ ဈေးထက်ဝက်လောက် လျှော့တာမျိုးမဟုတ်ပေမယ့်၊အရင်ရောင်း ဈေး တွေထက်တော့ 5%, 10% ချထားပါတယ်။

Hotel ကြီးတွေမှာ အလှအပ ပြင်ဆင်ထားကြတာ တွေကိုလည်း ညဖက်အပြင်ထွက်တဲ့ အခိုက်မြင်တွေ့ ခဲ့ရပါတယ်။ ညဖက် မီးရောင်စုံများနဲ့ ပုံသဏ္ဍာန်အမျိုးမျိုး မြင်တွေ့ တဲ့ အနက် ၊ ကြယ်ငါးပွင့် ဟိုတယ်ဖြစ်တဲ့  Sedona Hotel ကြီးထဲမှာလည်း အထူးလှပအောင် ပြင်ဆင်ထား တာကိုတွေ့ နိုင်ပါတယ်။ christmas tree နဲ့ အတူ ထူးထူးခြားခြား ပြင်ဆင်ထား တာကတော့ ဘီစကစ်နဲ့ တည်ဆောက်ထားတဲ့အိမ်လေးပါပဲ။ ထူးခြားပြီး ချစ်စရာကောင်းပါတယ်။ လှလှပပလေး နဲ့  santa နဲ့ အတူ ခရစ်စမတ်ရဲ့ အဓိပ္ပါယ်ကို ပုံဖော်ထားတာပါ။
နောက်တစ်ခု က Sedona Hotel မှာကျင်းပမယ့် Indiana Jones 2009 ဖြစ်ပါတယ်။

ဒီဇင်ဘာ၃၁ ရက် ညမှာကျင်းပမှာဖြစ်ပြီး၊ လူမင်းရဲ့ အထူးတင်ဆက်မှုပါပဲ။ ဒါအပြင် ဇော်ဝင်း ထွဋ်ရဲ့ အင်ပါယာ တေးဂီတ ဖျော်ဖြေမှု၊ ဖိလစ်ပီနိုတေးဂီတ၊ မျက်လှည့်တင်ဆက်မှုနဲ့ အတူ ညစာ ဘူဖေးလည်းပါဝင်ကာ ၀င်ကြေး $70 ကနေ $100 အထိပေးရပါမယ် ဆိုတဲ့အကြောင်း သိရပါတယ်။ ကြော်ငြာထားတာလေး ကိုပါ Post ကနေတင်ပြလိုက်ပါတယ်။ The Biggest Party in Myanmar လို့ ဆိုထားပါတယ်။

Sedona ကို ကျွန်မကိုယ်တိုင် ရောက်သွားတာတော့ မဟုတ်ဖူး။း))


ဗိုက်ဆာဆာနဲ့ တော့ဘီစကစ်တွေ မစားလိုက်နဲ့ နော်၊ အိမ်လေးပြိုသွားမှာစိုးလို့ .... :P














0 ယောက်ဆွေးနွေးချက်: