ခွဲခြားပုံ

မိန်းမ ထမင်းစားခန်းထဲဝင်လာသောအခါ ယောကျာင်္းက ယင်ကောင်များအား ယပ်တောင်ဖြင့် လိုက်ရိုက်နေသည်ကိုတွေ့ ရသည်။
"ရှင်ဘာလုပ်နေတာလဲ" ဟု မိန်းမကမေးသောအခါ
ယေကျာင်္းက "ယင်ကောင်အမဲလိုက်ထွက်နေတာ"ဟုအဖြေပေးသည်။
"တော်တော်များများ သတ်လိုက်ပြီလား" ဟုမိန်းမက ဆက်မေးသည်။
"အေး၊ အမ၂ကောင်၊ အထီး၃ကောင် ဆော်ထည့်လိုက်ပြီ" ဟုယောကျာင်္းကပြောရာ
"ရှင်က ယင်ကောင်ကိုအထီး အမ ဘယ်လိုသိသလဲ "ဟုမိန်းမက ပြန်မေးလေ၏ ။
ထိုအခါ ယောကျာင်္းက "သိတာပေါ့ဟ၊ ဘီယာဗူးပေါ်က ၃ကောင်ကအထီး၊ ဖုန်းပေါ်မှာ ကြာကြာနားနေတဲ့ ၂ကောင်က အမပေါ့" ဟုအဖြေပေးလေသည်။

သည်ဟာသလေးကို 7 day news journal မှ ကူးယူတင်ပြပါသည်။

3 ယောက်ဆွေးနွေးချက်:

Welcome said...

မှတ်သားစရာ
အကျင့်လေးတွေပေါ့နော်

http://winzaw-mdy.blogspot.com

Anonymous said...

ဟဟ ..ခွဲခြားတာ တော်တော် ကျွမ်းကျင်တယ်နော် :P
ပျော်ရွှင်ပါစေဗျာ

kiki said...

အထီးနဲ့ အမ ခွဲခြားရတာ လွယ်ပါတယ် ..ဒီခေတ်ကြီးမှာ ။ အပျို နဲ့ အို ခွဲခြားတတ်ဖို့ ပိုခက်မယ်ထင်တယ်နော် ။ အဟီးးး ။ သိချင်ရင် ဆရာတင်လေ ၊ ပြောပြမယ် ...