

နှုတ်ဆက်ခဲ့ပြီ ဒီဇင်ဘာ
ငါ မင်းကိုမခွဲချင်ပေမယ့်
နှစ်သစ်ရဲ့ နေ့တစ်နေ့က
ငါ့ကို လက်ကမ်းကာ ကြိုနေပြီလေ
ဒီနေ့ဟာ မင်းရဲ့နောက်ဆုံးမို့
ငါကြေကွဲကာ ၀မ်းနည်းနေလည်း
မင်းရဲ့နောက်ဆုံး အချိန်လေးကို
အားလုံးပျော်ရွှင်အောင် ပေးဆပ်ခဲ့တာကြောင့်
ငါမေ့ရက်နိုင်မှာ မဟုတ်ပါဘူး ဒီဇင်ဘာရယ်။
အနမ်း
0 ယောက်ဆွေးနွေးချက်:
Post a Comment