နားခိုရာ













ကံတစ်ခုအကြောင်းပြုလို့
ငါတစ်ယောက်လူဖြစ်ခဲ့
ကံတရားအကြောင်းမလှလို့ 
ငါ့ရဲ့ ဘ၀ လူမပီခဲ့
အကြောင်းမလှတဲ့ ကံရယ်
လူမပီတဲ့ငါရယ်
ဒီဘ၀ထဲကျင်လည်
တစ်ခါတစ်ရံ ငိုချင်းချ
တစ်ခါတစ်ရံ ရယ်မိပြန်
အရာရာကတော့ ၀ိုးတ၀ါး
လမ်းမရှိတဲ့အမှောင်ကမ္ဘာ
လျှောက်လှမ်းရာ
ငါ့အတွက်ပဲလား
အဖြစ်မရှိတဲ့ငါ
အနှစ်ရှိဖို့ သာရှာပေမယ့်
မောပန်းကာနွမ်းနေပြီမို့ 
နားခိုရာလေး ရှာပေးကြပါလား။ ။

12 ယောက်ဆွေးနွေးချက်:

ဂျစ်တူး ( မုံရွာ ) said...

နားခိုစရာနေရာကလေး
အမြန်ဆုံးတွေ့ ပါစေဗျာ - - - -

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မရေ
လောကမှာ လူပီသဖို့က စိတ်ဓာတ်ကောင်းဖို့က ပဓာနကျပါတယ်..
ကံအကြောင်းမလှလို့ ဘ၀ကံမကောင်းခဲ့ရင်တောင်
လူဖြစ်ရကျိုးနပ်တဲ့ အသိစိတ်ဓာတ်များနဲ့ ရှင်သန်ခွင့်ရမယ်၊ အများအကျိုးကို ထိုက်သင့်သလောက် ဆောင်နိုင်ခွင့်ရမယ်ဆိုရင်
အစစအရာရာပြည့်စုံနေပြီး လောကကောင်းကျိုး၊ သူတစ်ပါးအကျိုး ဘာမှ မဆောင်ရွက်နိုင်တဲ့သူထက် အဆများစွာသာပါတယ်။ ဒီဘ၀ရဲ့ ကောင်းမှုကုသိုလ်ဟာ နောင်ဘ၀ရောက်ရင် ကိုယ့်ကို များစွာကောင်းကျိုးပြုမှာပါ။
နားခိုစရာဆိုတာ ကိုယ်က ရှာတတ်ရင် တွေ့ပါတယ်အစ်မရေ။ အနှစ်ရှိတဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားရင်း
စိတ်ဓာတ်ခိုင်ခိုင် ထားကြစို့နော်။

ခင်မင်တဲ့

ချော

ခိုင်နုငယ် said...

မအနမ်းရေ..
ဖြစ်လာတဲ့ လူဘ၀မှာ ဘ၀တန်ဖိုးရှိနေဖို့ပါပဲ။
ဘ၀တန်ဖိုးဆိုတာ ကိုယ်ကျင့်တရား
အဲဒီကိုယ်ကျင့်တရားလေး ကောင်းနေရင်
နားခိုရာဆိုတာလည်း ရှာတွေ့မှာပါ။
မမရေ ပျော်ရွှင်ပါစေနှော်

ခင်တဲ့
ခိုင်နုငယ်

ခြင် said...

နမ်းရေ တချို့တွေများ... အသက်သာကြီးတယ်... လူတောက်ညှင်ကပ်ခံရဒယ်နော်... ( ဘ) ဝမ်းမနည်းနဲ့ ... လူဆိုတာ တခုမဟုတ်တခုလိုနေပြီး.. တခုမဟုတ်တခုတော့ ပိုင်ဆိုင်ကြစမြဲပါ....

မြစ်ကျိုးအင်း said...

ကျနော့် သဘောကတော့လေ ပိန်တာ ဝတာ ဒါမှမဟုတ် တခုခု ချို့ယွင်းတာထက် စိတ်ထားလေးကောင်းမယ် ပါတ်ဝန်းကျင်ကို အကျိုးမပြုနိင်ရင်တောင် ဆိုးကျိုးမပေးဘူး ဆိုရင် တန်ဖိုးရှိတဲ့ လူလို့ သတ်မှတ်တယ်။
ဘာမှ လုပ်လို့မရဘဲ ထိုင်နေရတဲ့သူရယ်လို့ မရှိပါဘူး။ ဘယ်လို လူမျိုးအတွက်မဆို ကောင်းတဲ့ အရာတွေ လုပ်ဖို့ ရှိနိင်ပါတယ်။
နေခွင့်ရတုန်း လောကကြီး ဒါမှမဟုတ် ပါတ်ဝန်းကျင်ကို အကျိုးပြုနိင်ရင် တော်လှပါပြီ။
နားမကောင်းရင် မျက်လုံးနဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေ လုပ်လို့ ရနိင်တာတွေ လုပ်မယ်။ လက် မှာ ချို့ယွင်းချက် ရှိနေရင် တခြား ပေါ့ပေါ့ပါးပါးတွေ လုပ်မယ်။ ဥပမာ ကလေးတွေကို စာသင်ပေး မယ်ဗျာ...။ စိတ်ကူးယဉ် နဲနဲ ဆန်ပေမယ့် သိပ်အခက်ကြီးတော့လည်း မဟုတ်ပါဘူး။ ပါတ်ဝန်းကျင်ကို သာယာအောင် လုပ်ချင်စိတ် ကိုပဲ အဓိက ထားရမှာပဲ။

ကိုဇော် said...

ဗုဒ္ဓရဲ့ တရားတော်တွေ နဲ့ လမ်းစဉ်တွေဟာ နားခိုရာ အစစ်ပါပဲဗျာ။

ပျော်ရွှင်ပါစေ။

သူကြီးမင်း (တုံးဖလား) said...

နားခိုချင်ရင်တော့ အမရေ... ခိုနားစရာ အရိပ်စစ်သာ ရှာပေတော့။ အရိပ်စစ်ဆိုတာ အမသိပါတယ်။း))))

ခင်မင်စွာဖြင့်
ကိုကိုမောင်(ပန်းရနံ့)

ညလင်းအိမ် said...

မအနမ်းရေ .. နားခိုရာလေးတွေ့မှာပါ ...
ဖိုက်တင်း .. ဖိုက်တင်း .. :)

သုခုမလေဒီ said...

လာရောက်ဖတ်ရှု၊ အားပေးကြသူများကို အထူးကျေးဇူး
ပါလို့...

အဖြူရောင်နတ်သမီး said...

ဇွဲမလျှော့နဲ့ မနမ်း...
ဆက်လျှောက်...ဆက်လျှောက်...
တွေ့တော့မယ် ...ဟိုးးးရှေ့မှာ...
တစ်ပြပဲလိုတော့တယ်...

အင်ကြင်းသန့် said...

မနမ်းရေ....တစ်နေ့နေ့မှာတော့ နားခိုရာကိုတွေ့မှာပါ။ မျှော်လင့်ချက်တွေကို ရုတ်သိမ်းမပစ်လိုက်နဲ့နော်....

blackcoffee said...

လူရယ် ဖြစ်လာမှတော့ လောကဇာတ်ခုံ အလယ် ကြုံရာ ကပြရတော့ မှာပေါ့လေ။