မတ်လရဲ့ မွေးနေ့ရှင်များသို့ ဆုတောင်း

beautiful flowers Pictures, Images and Photos



To brings so many wishes
That if all of them come true
Today and every day will be
A happy day for you
Happy Birthday

မတ်လမှာ ကျွန်မ သံယောဇဉ်ဖြစ်ရတဲ့သူတို့ရဲ့ မွေးနေ့တွေဆက်တိုက်ဆိုသလို ဖြစ်နေတာကို သိလိုက်ရပါတယ်။ ဒါကြောင့်လည်း မတ်လရဲ့မွေးနေ့ရှင်များကို ကျွန်မက မွေးနေ့အမှတ်တရ ဆုတောင်းလေးတွေ ချွေချင်တာကြောင့် ဒီဘလော့ကနေပဲ အမှတ်တရလေး ရေးသား တင်ပြရခြင်းပါ။


မတ်လ ၅ရက်နေ့ကတော့ ကျွန်မနဲ့ အွန်လိုင်းမှာခင်ပြီး ရင်းနှီးခဲ့တဲ့ ညီမလေး မီးမီး (ခ) စန္ဒာရဲ့ မွေးနေ့ပါ။
မီးမီး(ခ) စန္ဒာရဲ့ ဘ၀လေး အဆင်ပြေသာယာပါစေ။

နောက်တစ်ယောက်ကတော့ မတ်လ၁၆ရက်နေ့မှာကျရောက်မယ့် ကျွန်မအစ်မဖြစ်တဲ့ ဘလော့ဂါကြီး မကိ (ခ) ဖွားကိရဲ့ မွေးနေ့ပါပဲ။း))
အစ်မ တစ်ယောက် စိတ်နှလုံးရွှင်လန်းချမ်းမြေ့ပါစေ။ ဘလော့သက်တမ်းလည်း ရှည်ပါစေ။း))


နောက်ထပ်တစ်ယောက်ကတော့ မတ်လ၁၇ရက်နေ့ရဲ့မွေးနေ့ရှင် ကျွန်မချစ်ခင်လေးစားရတဲ့ ဆရာလေး ဒေါ်ယုဇနညာဏီရဲ့ မွေးနေ့ပါ။ ဆရာလေးက ဒီနှစ်မှာ ထူးခြားစွာပဲ မွေးလ မွေးရက် တိုက်ပါတယ်။
ဆရာလေး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာနဲ့ သာသနာ့အကျိုးပြုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နိုင်ပါစေ။

နောက်ဆုံးတစ်ယောက်ကတော့ မတ်လ၁၉ရက်နေ့မှာ အသက်၁၀၀ပြည့်မယ့် ကျွန်မရဲ့ ချစ်သော ဖွားဖွားမွေးနေ့ပဲ ဖြစ်ပါတယ်။
ဖွားဖွားလည်း အသက်၁၀၀ပြည့်မှ နောင်နှစ်များတိုင် အလှူရေစက် လက်နဲ့မကွာ ဖြစ်ပါစေ။


မတ်လ ၁၆ရက်နေ့မှာ မော်ကွန်းသစ်ဘလော့ရဲ့ပိုင်ရှင် ဆရာတော်အရှင်ခေမိန္ဒကလည်း ၂၂နှစ်မြောက်မွေးနေ့လို့ ကျွန်မကို စီဗုံးထဲကနေအသိပေးသွားတာကြောင့် ဘုန်းဘုန်းအတွက် ဆုတောင်းလေး ထပ်မံဖြည့်စွက်လိုက်ရပါတယ်။
ဘုန်းဘုန်းလည်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပြီး သာသနာအကျိုး များဆက်လက် ထမ်းဆောင်နိုင်ပါစေဘုရား။

ကျွန်မရဲ့ ဘလော့အိမ်သို့ လာရောက်လည်ပတ်သူများကိုလည်း မွေးနေ့ရှင်များအတွက် တောင်းဆုလေးများ ချွေစေချင်ပါတယ်။ အလည်လာသူများအားလုံးကို အထူးကျေးဇူးပါ။

7 ယောက်ဆွေးနွေးချက်:

kiki said...

သာဓု သာဓု သာဓု ..
အဲလေ.. ကျေးဇူး ( အညတြ တယောက်ကို အခုလို အမှတ်တရ ရှိနေပေးတဲ့ အတွက် ပေါ့ ..)

မွေးတဲ့ ရက်တော့ သတ်မှတ်ပြီးသွားပြီလေ.
သေတဲ့ ရက်ပဲ မျှော်ကြတာပေါ့ ...
မသေခင် လုပ်စရာ လုပ်သင့်တာ လေးတွေ လုပ်ရအုံးမယ် ...

သူကြီးမင်း (တုံးဖလား) said...

မွေးနေ့ရှင်တွေရော မွေးနေ့ဆုတောင်းပေးတဲ့ဘလော့ပိုင်ရှင်အမရော ကျန်းမာပကတိ ချမ်းသာရှိနိုင်ကြပါစေ။

~ဏီလင်းညို~ said...

မအနမ်းရေ......
မွေးနေ့ကျရောက်တဲ့ သူတွေအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပြီး လိုတာ အားလုံးပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းပေးတယ်ခင်ဗျာ....။
မအနမ်းလည်း....ဆုတောင်းပေးတဲ့အထဲမှာပါတယ်နော်...။ မွေးနေ့မဟုတ်လည်း ဆုတောင်းပေးတယ်.....း))
(ဘာမှလည်း....ကျွေးဘူး......း))
ခင်မင်တဲ့
ဏီလင်းညို

~ဏီလင်းညို~ said...

မအနမ်းရေ......
မွေးနေ့ကျရောက်တဲ့ သူတွေအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတွေနဲ့ ပြည့်စုံပြီး လိုတာ အားလုံးပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းပေးတယ်ခင်ဗျာ....။
မအနမ်းလည်း....ဆုတောင်းပေးတဲ့အထဲမှာပါတယ်နော်...။ မွေးနေ့မဟုတ်လည်း ဆုတောင်းပေးတယ်.....း))
(ဘာမှလည်း....ကျွေးဘူး......း))
ခင်မင်တဲ့
ဏီလင်းညို

desertraindrops said...

မွေးနေ့ရှင်အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ဘာသာ သာသနာအကျိုး ဆထက်တပိုး ထမ်းဆောင်နိုင်ပါစေလို့ လာဆုတောင်းပါတယ်။

ဘွားဘွားက ရာပြည့်ပေါ့။ အသက်ရှည်လိုက်တာ။ သိပ်ကောင်းတာပဲ။

poemflower said...

မတ်လမွေးနေ့တူများကို သိရတာ ၀မ်းသာပါတယ်..အားလုံး ပျော်ရွှင်ပါစေရှင်

ဂျစ်တူး ( မုံရွာ ) said...

ဂျစ်တူးလည်းမတ်ခ်ျလမွေးနေ့ရှင်ပါဗျာ-