မြေပေါ်မှပန်း



ဟိုမှာ ပန်းလေးတစ်ပွင့်
မြေပေါ်မှာကျနေလေရဲ့ 
လိုချင်သော်လည်း မကောက်ခဲ့
ရှက်စွာနဲ့ ထားရစ်ခဲ့တယ်
ခုတော့ ထိုပန်းလေးက
သူများရဲ့ ဦးခေါင်းထက်

အနမ်း
97 July ကရေးသားမိခဲ့တဲ့ကဗျာတိုလေးပါ။
တင်စရာပိုစ့်မရေးနိုင်သေးလို့ ကဗျာလေးပဲကောက်တင်လိုက်မိတယ်။

11 ယောက်ဆွေးနွေးချက်:

kiki said...

ပဲများပြီး ၊ တွေ့ တုံးကမှ မကောက်ထားတာ
ခုတော့ သူများယူသွားပြီပေါ့ ...

နောက်တခါဆို လက်မြန်ပစေ ...း))

Ko Min Htet said...

ကိကိက မြှောက်ပေးနေပြီနော်၊ နောက်တစ်ခါ လက်မြန်ပါစေ တဲ့။ ဟီးဟီး ဒို့ချစ်မမကြီး မြင်ယောင်သေး။

ဝက်ဝံလေး said...

အဲ အမ ရေ မကိ ပြောသလိုပဲ ပဲများနေတာလား ဟွင့် ဂျစ်လို့ ထပ်တူ လာ စ သွားတယ်နော် စိတ်ဆိုးနဲ့

ကြယ်ပြာ said...

လိုချင်ရက်နဲ့ဘာလို့ထားခဲ့တာလဲ ...း)

နွေဆူးလင်္ကာ said...

ပန်းတော့ မကောက်ပဲနဲ့ ကဗျာပဲ ကောက်လိုက်တယ်ပေါ့။

ဆောင်းနှင်းဝေ said...

ပန်းကတစ်ပွင့်ထဲလား.....ပန်းကောက်တာများရှက်ရတယ်လို့
နောက်တစ်ခါကျရင်ကျနော်ပြော
လာကောက်ပေးမယ်....ဟဲဟဲ
ကဗျာလေးကတိုပေမယ့် ထိတယ်
အမရ......

~ဏီလင်းညို~ said...

မအနမ်းရေ...
ဟုတ်ပါ့ဗျာ...
ကွိကွိစ်ပြောသလိုပဲပြောလိုက်ချင်တယ်...း)
ညံ့ချက်....း))
(တိုကောင်းကဗျာလေးဗျ...)
ခင်မင်တဲ့
ဏီလင်းညို

ဂျေဂျူဝိုင် said...

အနမ်းရေ.. ဆယ်စုနှစ် တစ်ခုစာ အကျော်က ကဗျာလေးလည်း ကောင်းတာပါပဲ။ ဒါပါပဲ။ အနုပညာ ၀ါသနာပါသူဆိုတာ

desertraindrops said...

ဟိဟိ.. ဘွားကိ ကတော့ လုပ်လိုက်ပြန်ပြီ။ မနမ်းရှက်လို့ သွားမကောက်ပါဘူး ဆိုမှ ..

ပန်းခင်းလေး said...

မမရေးတဲ့ ကဗျာကိုဖတ်ပြီး
ငယ်ငယ်က ခရေပန်းကောက်တာကို
သွားအမှတ်ရမိတယ် . . .

ခင်မင်စွာနဲ့ 

ပန်းခင်းလေး

အင်ကြင်းသန့် said...

အင်း...အဲဒါ တော်တော်ခံရခက်တဲ့ ဝေဒနာပဲပေါ့...