အဆုံးသတ်

ရင်ခုန်သံတွေ ညာတာမဟုတ်ပါဘူး
မယုံကြည်တာကို မဖြေရှင်းချင်တော့လို့ ပါ
သံသယတွေနဲ့ မျက်လုံးအကြည့်ကို
ထပ်မံရင်ဆိုင်နိုင်ဖို့ အင်အားများများ
ငါ့မှာအမှန်တကယ်မရှိတာကြောင့်
မင်းဘာပြောပြော ဒီအချိန်မှာ
ငါခေါင်းညိတ်လိုက်နာရုံကလွဲပြီး
မင်းကျေနပ်စေရအောင်
ဘာထပ်ပြောပေးရအုံးမလဲ
တစ်ချိန်ချိန်မှာ..
လေနဲ့ အတူလွင့်သွားမယ့်
သစ်ရွက်လေးလို ပေါ့ပါးစွာနဲ့ 
မင်းပျောက်ကွယ်သွားမယ်ဆိုတာ
ငါသိပြီးသားအကြောင်းပေမို့ 
ဇာတ်လမ်းကဆုံးပြီလေ
သတ္တ၀ါတစ်ခု ကံတစ်ခုပဲပေါ့။

13 ယောက်ဆွေးနွေးချက်:

နေ၀သန် said...

ဟင်းးးးးးးးးး............. ဖတ်ရတာ ရင်ထဲ မကောင်းဘူး.. အရှုံးဖက်က ချည်းပါလား..း(((

neking said...

လောကရဲ့အချို့အစိတ်အပိုင်းတွေမှာ အဲဒိလိုအရှုံးမပေး လိုက်နဲ့သူငယ်ချင်းရ.. ထားပါတော့လေ...ကိုယ်ချစ်နေတဲ့သူဆိုရင်တော့ ဒါပေမယ့်...

Unknown said...

ကဗျာလေး လာရောက်ဖတ်ရှုခံစားသွားတယ် အစ်မ အနမ်းရေ....း) အပြင်မှာမိုးတွေကလည်း ရွာနေပါတယ်ဆို .. ရင်ထဲမှာလည်း လွမ်းသလိုလိုပါပဲ အစ်မရေ...း)
ညီမ နှင်းဟေမာ

ရေတမာ said...

အဲဒီ သံသယတွေက သံယောဇဉ်တွေကို အဆုံးထိကို သတ်သွားတာပဲ အမရေ

သုခုမလေဒီ said...

ဏီ(န်)ကင်းရေ ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ။ အလည်ပြန်လိုက်လာတာ စီဗုံးလည်းမတွေ့တာနဲ့ မွေးနေ့လည်းဆုမတောင်းပေးဖြစ်ဖူး။ အမြဲလာလည်တဲ့အတွက်လည်းကျေးဇူးပါ။ အဆင်ပြေပျော်ရွှင်ပါစေ။

Welcome said...

Rap သံစဉ်နဲ့ ပေါက်ကွဲနေတဲ့ ကဗျာလှလှလေး လာဖတ်ပါတယ်။

ပျော်ရွှင်ပါစေ

desertraindrops said...

မနမ်း..ကဗျာလေး ကောင်းတယ်။ အဆင်ပြေ ပါစေ။

လင်းဦး(စိတ်ပညာ) said...

အင်း.. သတ္တ၀ါတစ်ခု ကံတစ်ခုပေပဲ...

မဆုမွန် said...

သတ္တ၀ါတစ်ခု ကံတစ်ခု ဆိုတာ ယုံတယ် မနေချင်ရင်သွားပေါ့ မတားပါဘူး လူဆိုတာ မာနနဲ့ပါဆိုတဲ့ သီချင်းလေး ညည်းမိတယ်.အဆုံးသတ်ဆိုတဲ့ ကဗျာလေး ခံစားသွားတယ်

~ဏီလင်းညို~ said...

မအနမ်းရေ...
ဇာတ်လမ်းက ဆုံးသွားပြီဆိုတော့ ဆက်ရန်မရှိတော့တာလား...၊ ဆက်ဖို့ ဆန္ဒမရှိတော့လို့ လားဗျာ...။ ကဗျာလေးက ကြေကွဲစရာလေးလိုပဲ.....း(


ခင်မင်တဲ့
ဏီလင်းညို

Anonymous said...

သိရဲ့နဲ့ ချစ်ခဲ့တာကိုက မိုက်လုံးကြီးတာ...။ အဟိဟိ

ဆောင်းနှင်းဝေ said...

အရမ်းကောင်းတဲ့စာစုလေးပါ
တစ်နေ့နေ့တချိန်ချိန်မှာ...
လေနဲ့အတူလွင့်သွားမယ့်
သစ်ရွက်လေးလို ပေါ့ပါးစွာနဲ့ 
မင်းပျောက်ကွယ်သွားမယ်ဆိုတာ
ငါသိပြီးသားအကြောင်းပေမို့ 
ဇာတ်လမ်းကဆုံးပြီလေတဲ့လား?


အရမ်းမိုက်တယ်အမရာ...
အားပေးရင်းနဲ့မျက်ရည်တောင်ကျမိတယ်
စိတ်မခိုင်ဘူးအမရေ.......:p....အဆင်ပြေ
ပျော်ရွှင်ပါစေနော်.....
ဆောင်းနှင်း

ဖိုးဂျယ် said...

ကဗျာလေး လာခံစားသွားတယ် အမ
နေကောင်းပါစ