ဒီဇင်ဘာရဲ့နေ့ရက်များ


လေနုအေးတွေတိုက်ခတ်လို့ 
နှင်းဖွဲလေးများကျရောက်
တစ်ဖျောက်ဖျောက်အသံကြား
ဆောင်းနှင်းလေးတွေဝေနေတော့
ဒီဇင်ဘာရောက်ပြီပေါ့လေ။

ဒီဇင်ဘာရယ်
ငါလည်းအေးချမ်းချင်သမို့ 
ငါ့ရင်ကပူလောင်မှုတွေ
တားဆီးပေးလို့
လေနုအေးလေးတိုက်ကာ
နှင်းဖွဲလေးများကျပေးပါလား။

12 ယောက်ဆွေးနွေးချက်:

နေ၀သန် said...

မအနမ်းကတော့လေ.. တမ်းတနေတယ်.. ဒီမှာတော့ သေတော့မယ်.. အေးလို့... အဟင့်.....း)...

neking said...

ဒီဇင်ဘာလေးကိုချစ်တယ်ဗျာ.... သူ့ရဲ့နေ့ရက်တွေကိုလဲကြိုက်တယ်... ပိတ်ရက်တွေများတာကိုး....

ဟဟ

ကောင်းသောဒီဇင်ဘာပါခင်ဗျာ

ရေတမာ said...

အေးချမ်းပါစေ

သိင်္ဂါကျော် said...

ဟုတ်တယ်.. ဒီဇင်ဘာမှာ နှင်းကျတဲ့ နေရာကို သွားချင်တယ်... နှင်းကျတာကို ကြိုက်တယ်..

Welcome said...

အစ်မ

ဆောင်းချမ်းချမ်းမှာ သဲကန္တာရထဲ ရောက်နေသလား ..
နှင်းတစ်ဆုပ် ပို့ပေးလိုက်ပါမယ်။

နွေဆူးလင်္ကာ said...

ဟယ် ဒီဇင်ဘာကြီးကို လေနုအေးလေးတိုက်ပေးပါတဲ့ ... ဟိုမော်ဒယ်လေးလို နမိုးနီးယားနဲ့ ကိစ္စချောသွားဦးမယ် ... :-P

ကိုလူထွေး said...

အမေရိကမှာ နှင်းတွေတအားကျနေလို့ ကျောင်းတွေရုံးတွေပိတ်လိုက်ရတယ်လို့ ဖတ်လိုက်ရတယ်...

းဝ)

ဆောင်းနှင်းဝေ said...

အပြင်မှာလေနုအေးလေးတွေ
တိုက်ခတ်လိုနေလေရဲံ့....
တစ်ဖျောက်ဖျောက်ကျနေတဲ့
ဒီနှင်းလေးတွေရဲ့ကြားမှာ
ဘာကိုလွမ်းမှန်းမသိတဲ့
ဟော့ဒီရင်ခွင်ကြီးထဲမှာတော့
မီးတောက်တွေလျှံဝေကာ
ဖြေမဆည်နိုင်ပါ့လား...
အအေးနဲ့အပူပြိုင်တူ
ခံစားနေလေတော့
ဘယ်အရာ ဆောင်း
ဘယ်အရာ နွေ ရယ်
လို့မခွဲခြားတတ်အောင်ပါပဲလား??????

ဟုတ်မဟုတ်တော့မသိဘူးအမရေ
စိတ်ထဲရှိတာလေးတော့ရေးခဲ့ပြီ
ပျော်ရွှင်ပါစေနော်
ဆောင်းနှင်း

သုခုမလေဒီ said...

အဲဒီကဗျာလေးက ပိုကောင်းတယ်။ မောင်ဇော်ရေ... ကျေးဇူးပါ။

kiki said...

အောင်မလေးတော့....
လမ်းကြုံရင်
ချမ်းတုန်နေတဲ့
ဂွမ်းပုံ တို့ အိမ် လာပြီး
လွမ်းပုံလေး လာပြလှည့်ပါဦး
အရပ်ကရို့ ရေ....
ဂစ် ဂစ် ဂစ်....

Anonymous said...

ရင်ထဲအေးချင်တာများ ရေခဲရေ သောက်လိုက်ဗျား. ဟီး..။
စတာနော်..ဟိဟိ..။ တသက်လုံးအေးချမ်းဖို့ ချစ်သူလေး ရှာတွေ့ပါစေဗျာ...။ မတွေ့လဲ ပြောနော် ဒီမှာလဲ အားနေတယ်..အဟီးဟီး

စံလင်းထွန်း said...

ခုထိ ပူတုန်းပဲလား။
ဒီဇင်ဘာညမှာ အေးချမ်းပျော်ရွှင်ပါစေ...။