အမှန်ကိုသိကြပါ

" သိလျက်နဲ့ ဆိုးနေတဲ့သူကို သိအောင်ထပ်ပြီးမပြောဝံ့တော့ဘူး။
အမှန်သိစမ်းပါ "

ဓမ္မဒူတအရှင်ဆေကိန္ဒ ရဲ့ဆုံးမစကားလေးပါ။

သည်ဆုံးမစာလေးကိုကျွန်မသဘောကျမိပါတယ်။လောကကြီးမှာသိနေသားနဲဆိုးနေတဲ့သူ
တွေ အများကြီးပါ။ ဆိုးမှန်းသိရင်ပြုပြင်လို့ ရပါတယ်။ ဒါပေမယ့် တစ်ချို့ ကဘာလို့ များမပြုပြင် ပဲနေကြတာလဲ။ ပျက်အစဉ်ပြင်ခဏလို့ စကားလည်းရှိတာပဲ။ ကိုယ်လုပ်တဲ့အလုပ်ဟာ မကောင်းမှန်းသိနေရင်ပြင်လို့ ရပါတယ်။ အဓိကကတော့ကိုယ့်စိတ်ပါပဲ။ သို့ ပေမယ့် ကိုယ်လုပ် တာဟာ သူတစ်ပါးကိုမထိခိုက်စေပါဘူး ဆိုပြီးထင်ရာလုပ်တာတွေ ရှိပါတယ်။ ဥပမာ.. အရက် သောက်ခြင်းမျိုးပေါ့၊ အချို့ ကကိုယ့်ဖာသာ ငြိမ်ငြိမ်သက်သက်သောက်တာပဲ၊ ဘယ်သူမှဒုက္ခ မပေးပါဘူးဆိုတာ ပြောတတ်ကြပါတယ်။ အရက်သောက်တာဟာ မကောင်းတာမှန်းလူတိုင်း လိုလိုသိပါတယ်။ ငါးပါးသီလထဲမှာကိုပဲ သုရာမေရယမဇ္ဇပ္ပမာဒဌာနာ ဆိုတဲ့ဘုရားမကြိုက်တဲ့ အလုပ်တစ်ခုအဖြစ်ပါဝင်နေတာပဲ။

တစ်ချို့က အမှန်ကိုမပြုပြင်နိုင်ပဲ၊ ခေါင်းမာစွာနဲ့ တစ်ဇွတ်ထိုးလုပ်ကာ သေသည့်တိုင်နေထိုင် သွား ကြတာ တွေကိုတွေ့ ရပါတယ်။ ကိုယ့်ယုံကြည် ချက်တွေကို အမှန်၊ အမှားမခွဲခြားပဲ ကိုယ်လုပ်သမျှမှန်တယ်လို့ ယူဆတတ်ကြတဲ့သူတွေဆိုရင်လည်း သိလျှက်နဲ့ ဆိုးနေကြသူ တွေလို့ ပြောရမှာဖြစ်ပါတယ်။ အမှန် နဲ့  အမှားကိုမခွဲခြားတတ်တာမဟုတ်ပါဘူး၊ မခွဲခြားတော့ တာပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့အလုပ်ဟာမကောင်းဘူးဆိုတာသိပါလျှက်၊ မလုပ်ရမနေနိုင် တာကြောင့်မှားတယ်လို့ မယူဆခြင်းပါပဲ။ တနည်းအားဖြင့်ကိုယ့်အသိစိတ်ကလက်မခံခြင်းပါပဲ။

လောင်းကစားလုပ်နေကြတဲ့သူတွေ ဆိုလည်း ကံထမ်းလာတာမမြင်ရဘူး၊ လှံထမ်းတာကိုပဲမြင် ရတယ်ဆိုပြီး မသေချာမရေရာတဲ့ ကံတရားကိုမျှော်ကိုးကာ မကောင်းတာကိုလုပ်နေခြင်းပါပဲ။ ကံဆိုတာကောင်းတာကိုလုပ်မှကောင်းမှာပါပဲ။လောင်းကစားလုပ်လို့ချမ်းသာသွားတဲ့သူဆိုတာ
မရှိပါဘူး။ ခဏတာချမ်းသာသွားသည့်တိုင် လောင်းကစားလို့ ရတဲ့ပိုက်ဆံဟာလည်း ကြာရှည် မခံပါဘူး။ တစ်ချို့ လောင်းကစားတဲ့သူတွေက ဒါဟာငါးပါးသီလဲမှာမပါပါဘူးဆိုပြီးပြောတတ် ကြပါသေးတယ်။ သို့ ပေမယ့် လောင်းကစားခြင်းအပြစ်ခြောက်ပါးဆိုပြီးတော့၊ဆရာတော်ဦးဗုဓ်
ရေးသားထားတာကို ဗုဒ္ဓဘာသာကောင်းတစ်ယောက်စာအုပ်မှာ တွေ့ ရှိနိုင်ပါတယ်။ မေ့လျော့ကြောင်းဖြစ်သော လောင်းကစားခြင်းအပြစ်ခြောက်ပါးမှာ-
(၁) နိုင်သော်ရန်ပွား၏
(၂) ရှုံးသော်ဥစ္စာအတွက်ပူပန်ရ၏
(၃) ကိုယ်တွေ့ မျက်မြင်ဥစ္စာဆုတ်ယုတ်၏
(၄) တရားရုံး၌ထိုသူ၏စကားသည်သက်သေမတည်
(၅) အဆွေခင်ပွန်းတို့ သည် မထီမဲ့မြင်ပြု၏
(၆) "ဤသူသည်လောင်းကစားသမားတည်း၊ မယားကိုကျွေးမွေးရန်မစွမ်းနိုင်" ဟု သားပေး၊ သမီးယူလိုသောသူတို့ သည်လည်းအလိုမရှိအပ် တို့ ဖြစ်ပါတယ်။
ဒါကြောင့် ဒါဟာမကောင်းတဲ့အလုပ်ဆိုတာကတော့ လူတိုင်းသိပါတယ်။
မကောင်းတဲ့အလုပ်မှန်းသိလျှက်နဲ့ လုပ်နေတယ်ဆိုကတည်းက သိလျှက်နဲ့ ဆိုးနေသူပါပဲ။

ခုခေတ်လူငယ်တွေ အနေနဲ့ တော့ မိဘ မကြိုက်တာကိုပြုလုပ်နေကြတာမျိုးပေါ့။ အကုသိုလ် အလုပ်လုပ်တာမဟုတ်ဘူးဆိုပေမယ့်၊ ကိုယ့်မိဘ မကြိုက်တာလုပ်တာဟာလည်းကိုယ့်အတွက် အကျိုးရှိစေမှာမဟုတ်ပါဘူး။ ဒါ့ပြင် ကိုယ့်အဖို့ မိဘတွေရဲ့ ဆိုးသွမ်းသူအဖြစ်သတ်မှတ်ခြင်း၊ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ ခြင်းတို့ ကိုခံရမှာမလွဲပါဘူး။ မသိလို့ လုပ်မိတဲ့အလုပ်တစ်ခုဟာ သိရင် ပြုပြင်နိုင်ရပါလိမ့်မယ်။ သိလျှက်နဲ့ ဆက်လုပ်နေတာကတော့ပြုပြင်နိုင်ဖို့  ပိုခဲယဉ်းပါလိမ့်မယ်။

မှားတတ်ခြင်းသည် လူ့ သဘာဝဖြစ်ပါတယ် တဲ့။ လူတိုင်းလူတိုင်းကတော့ အမှားနဲ့ မကင်းပါ ဘူး။ မမှားသောရှေ့ နေ၊ မသေသောဆေးသမားလို့ တောင်အဆိုရှိတယ်မဟုတ်လား။ အမှား ကိုသိရင် အမှန်ကိုပြင်နိုင်ဖို့ သာအဓိကပါ။ အမှားနည်းခြင်းသည် လူ့ အရည်အချင်းဖြစ်၏ လို့  လည်း ဖတ်ခဲ့ဖူးပါတယ်။ လူ့ တစ်ယောက် အရည်အချင်းရှိအောင်နေမှလည်း လူပီသမှာပါ။

သိလျှက်နဲ့ ဆိုးနေကြတာကို လူမိုက်စာရင်း သွင်းလို့ မရပေမယ့် ကိုယ်လုပ်ချင်ရာကို အကျိုး မရှိလုပ်နေခြင်းပဲလို့ ပြောချင်ပါတယ်။ မရှိတာထက် မသိတာခက် ဆိုတဲ့စကားရှိပါတယ်။ မသိ တာထက် သိသိပြီးမလုပ်တာက ပိုတောင်ခက်ပါသေးတယ်။ ဘယ်လိုများထပ်ပြီးပြောဆို ဆုံးမ နိုင်အုံးမလဲ။

ဒါကြောင့် ဆရာတော်အရှင်ဆေကိန္ဒက အမှန်ကိုသိစမ်းပါ လို့ ပြောတာဖြစ်ပါလိမ့်မယ်။
အားလုံး အမှန်ကိုသိအောင်နေတတ်ကြပါစေလို့ ဆန္ဒပြုပါတယ်။

8 ယောက်ဆွေးနွေးချက်:

Anonymous said...

ဖတ်ရှု မှတ်သားသွားပါတယ်။ ´အမှားနည်းခြင်းသည် လူ့ အရည်အချင်းဖြစ်၏ လို့  လည်း ဖတ်ခဲ့ဖူးပါတယ်။ လူ့ တစ်ယောက် အရည်အချင်းရှိအောင်နေမှလည်း လူပီသမှာပါ။´ မှတ်သားစရာ ကောင်းလှပါတယ်။ ဖတ်ခွင့်ရတာ ကျေးဇူးတင်တယ်။ ပျော်ရွှင်ပါစေ အစ်မ..။

သူကြီးမင်း (တုံးဖလား) said...

ပညာပေးပို့စ်လေး ဖတ်သွားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဦးဆေကိန္ဒတရားဖွင့်နားထောင်ရင်း ဘလော့ဂ်ကို တစ်ချက်ကြည့်လိုက်တာ ဆရာတော်ရဲ့ အဆုံးအမကို အမပို့စ်ထမှဲာ တွေ့လိုက်ရတယ်။

အခုလို အသိပေးစကားစုလေးကို ဖော်ပြပေးတာ ကျေးဇူးပါ အမ။

ကိုလူထွေး said...

အလွန်မြတ်တဲ့ ဆုံးမစကားပဲ...

ဘုန်းကြီးတွေ တရားဟောသလို ပုံတိုပတ်စလေးတွေနဲ့ ဆုံးမပါလား...

ပိုပြီး ထိရောက်မယ်ထင်တယ်...

းဝ)

kiki said...

ဘုန်းဘုန်းတရားကို
လုံးလုံး လျားလျား သဘောပေါက်ပါရဲ့..

ဆိုးတာတော့ ဆိုးနေတာဘဲ ...
နဲနဲတော့ အဆိုး လျှော့လိုက်ပါမယ်..

ရတယ် ဟုတ်...

ပုံ့မေ said...

မမရေ လိုက်နာသင့်တဲ့ပို့ စ်လေးပါ။

မကောင်းမှန်းသိပေမဲ့ လိုက်နာနိုင်အောင် ကြိုးစားအားထုတ်မှုလေး ထပ်ပေါင်းပေးဖို့ လိုပါသေးတယ် ထင်ပါတယ်။

ဝါသနာ တစ်ခု အရိုးထဲထိစွဲသွားရင် နုတ်ဖို့ ကတော်တော်တော့ ကြိုးစားရမယ်။ ဘေးကလူတွေကော၊ ကိုယ်ကိုယ်တိုင်လေးရောပေါ့။

Yu Ya said...

မအနမ်းရဲ့ ပို့စ်ကောင်းလေးကို သေချာ မှတ်ရှုသွားပါတယ်ဗျာ

yu ya

မောင်ကောင်း said...

မှတ်သားသင့်တဲ့ ဆုံးမစကားပါ...။
သိသလိုလိုနဲ့ သိတဲ့အတိုင်းလိုက်မလုပ်တာဟာ မသိတာနဲ့ ဘာမှမထူးပါဘူးအစ်မရေ..။ ဒါ့ကြောင့်လည်း ကောင်းတာသိပေမယ့် မကောင်းတာလုပ်တဲ့သူတွေ များနေရတာပေါ့။ သတိပညာပေးပိုစ့်လေးပါပဲ.. ယူတတ်မယ်ဆိုရင် တရားရနိုင်တဲ့ အဓိကအချက်ပါပဲအစ်မ..။ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဆက်လက်ရေးသားဖြန့်ဝေနိုင်ပါစေ..။ သာဓုခေါ်ပါတယ်အစ်မရေ...။။

Anonymous said...

မှတ်သားစရာပါပဲဗျာ...။ တန်ဖိုးရှိတဲ့စာများပါပဲဗျာ။