ဘယ်သူဖန်တီးပေးတာလဲ???

ကမ္ဘာမြေကြီးတစ်နေရာ
မင်းနဲ့ ငါရဲ့ ဆုံစည်းမှုကို
ဘယ်သူဖန်တီးပေးလိုက်တာလဲ

သံယောဇဉ်နဲ့ မေတ္တာများ
နှလုံးသားတစ်နေရာ
မင်းနဲ့ ငါရဲ့ ခံစားချက်တွေကို
ဘယ်သူဖန်တီးပေးလိုက်တာလဲ

အချစ်နဲ့ အမုန်းများ
ဦးနှောက်ရဲ့ တစ်နေရာ
သိခြင်းနဲ့ မသိခြင်းတွေကရော
ဘယ်သူဖန်တီးပေးလိုက်တာလဲ

လောကကြီးမှာ လူတစ်ယောက်နဲ့ တစ်ယောက်တွေ့ ဆုံကြဖို့ ဆိုတာ အင်မတန်ခက်ခဲသလို၊ ဆုံတွေ့ လာတဲ့ သူတိုင်းကိုလည်း ကိုယ်ကအကောင်းဆုံးဆက်ဆံပေးဖို့ လိုတယ်လို့ ယူဆမိ ပါတယ်။ မမျှော်လင့်ပဲခွဲခွာသွားရရင်တောင် ကျွန်မကတော့ကောင်းသောခွဲခွာခြင်းမျိုးပဲဖြစ်ချင် ပါတယ်။ ကုန်လွန်သွားတဲ့အချိန်ဆိုတာလည်းဘယ်လိုမှပြန်ယူလို့ မရတော့ပါဘူး။

အနမ်း

8 ယောက်ဆွေးနွေးချက်:

Unknown said...

သေချာခိုင်မာတဲ့ ခံယူချက်လေးပါ အမ အနမ်း....

ကံကံ၏အကျိုးပေါ့ဗျာ...
ဝမ်းနည်းပူဆွေးနေမယ့်အစား ဖြေသိမ့်စရာလေးတွေကို တွေးတောကြံဆဖို့လိုမယ်...

ချစ်ခြင်းမေတ္တာများဖြင့် ကမ္ဘာကြီးလှပပါစေဗျာ...

ခင်တဲ့
ပြည့်စုံ (ဝေါသားလေး)

kiki said...

သိချင်လား ။ ဘယ်သူလဲ ဆိုတာ ။

ညသန်းခေါင်ယံ ၁၂ နာရီတိတိ မှာ ..
မှန်ထဲ ပြန်ကြည့်လိုက်ပါ ။။။

ဟိဟိ....

ဆောင်းနှင်းဝေ said...

အမ
ကဗျာလေးကကောင်းလွန်းလို့ကူးယူသွားတယ်။တိုက်ဆိုင်မူတွေရှိလိုလားမသိဘူး ခံစာချက်နဲ့ ကွက်တိပဲ...:)

ဝသန်မိုး said...

ပူဆွေးဝမ်းနည်းမနေပါနဲ့ ဗျာ
ဘယ်အရာမှ မမြဲ ဘူးလို့ ပဲမှတ်ယူထားလိုက်ပါ
ပျော်ရွှင်ဖွယ်နေ့ ရက်များကို
ပိုင်ဆိုင်နိုင်ပါစေ နော် အမရေ

ခင်တဲ့
ဝသန်မိုး

သူကြီးမင်း (တုံးဖလား) said...

ဘယ်သူဖန်တီးပေးတာပါလိမ့်နော်။
အမ... လွမ်းတသသဖြစ်နေတယ်ထင့်။

ရွှင်လန်းပါစေ။

မိုးစက်အိမ် said...

အောက်က မှတ်ချက်လေးကတော. အမှန်ဘဲ အမရေ...

mysterysnow said...

ဘယ်သူဖန်ဆင်းပေးတာလဲ?????

အချစ်နဲ့အမုန်းကြား...
သံယောဇဉ်တွေကြား...
အသိတရားတွေကြား....

လူနှစ်ယောက်ကြားမှာ...
မသိနိုင် မမြင်နိုင်တဲ့ အရာတွေက အများသားနော်....

နှင်း

မေလေး said...

ကဗျာလေးက ကောင်းလိုက်တာ
ခံစားချက်တွေ အပြည့်နဲ့မို့ ပိုကောင်းသွားတယ်
ခင်မင်လျှက်
မေလေး(ဆုံနိုင်ခွင့်)