၆၂နှစ်မြောက်အာဇာနည်နေ့ အမှတ်တရပါ




အာဇာနည်နေ့ ကို အမြဲတမ်းအမှတ်တရရှိနေပါတယ်။ အာဇာနည်တွေကိုလည်းလေးစားမိပါတယ်။ ဒီနေ့ ဟာ ၆၂နှစ်မြောက်အာဇာနည်နေ့ ပါ။ ဒါကြောင့် ဂုဏ်ပြုတဲ့အနေနဲ့ အာဇာနည်များပုံကိုတင်ထားမိပါတယ်။ သူများတွေလို စာတော့ ထူးထူးခြားခြားမရေးတတ်ဖူး။

ငယ်ငယ်တုန်းကဆိုရင်တော့ ကျွန်မထက်တစ်နှစ်သာငယ်တဲ့ ညီမ၀မ်းကွဲမွေးနေ့ ကိုသွားတိုင်း အဖွားဖြစ်သူတစ်ဦး က ရေဒီယိုကလာတဲ့ ဥသြဆွဲသံကိုစောင့်စားစေကာ၊ အာဇာနည်တွေကို အလေးပြု ခိုင်းပါတယ်။ အာဇာနည်များကျဆုံးချိန် ဥသြဆွဲသံလာတာနဲ့  ကျွန်မတို့  ကလေးတွေအားလုံး ငြိမ်သက်ကာ ခေါင်းလေးများ ငုံလျှက် အလေးပြုကြပါတယ်။ ဒါလေးကို အမှတ်တရ ဖြစ်နေမိပါတယ်။

ကျွန်မ ညီမက အာဇာနည်နေ့ မွေးသလို ၊ တူလေးတစ်ယောက် ကလည်း အာဇာနည်နေ့  မွေးပါတယ်။ သူတို့ အတွက် မွေးနေ့ ကိုပါ ဒီဘလော့ကနေပဲ အာဇာနည်နေ့ အမှတ်တရ နဲ့  အတူ ဆုတောင်း ပေးလိုက် ပါတော့တယ်။
အာဇာနည်များပုံကို ညတွင်းချင်းရှာပြီးပို့ ပေးခဲ့တဲ့ အွန်လိုင်းက မိတ်ဆွေအစ်ကို အားကျေးဇူးအထူးပါ။


11 ယောက်ဆွေးနွေးချက်:

ကိုလူထွေး said...

မွေးနေ့တွေက တိုက်ဆိုင်လှချည်လား...
အာဇာနည်နေ့ ဥသြဆွဲသံက
"အုဝဲ.. အုဝဲ.." ဆိုပြီး ဖြစ်သွားတာပေါ့...

kiki said...

ခုတော့ ပြည်မြန်မာ မှာ ဗိုလ်ချုပ်တို့ ကျဆုံးတဲ့ အချိန် ဥသြဆွဲ ပြီး ငြိမ်သက်စွာ အလေးပြု ကြတဲ့ ဂုဏ်ပြု ခြင်းမျိုး ဆိတ်သုဉ်း သွားခဲ့တာ ဘယ်လောက်တောင်ကြာနေပြီလဲ....

ဒို့ မမေ့ ပေမဲ့  သူတို့  (ဒင်းတို့ ) က မေ့ထား ကြ ပြီ ..

မိုးစက်အိမ် said...

ကဲ မနမ်းရေ မမေသစ္စာ ပြီးတော.
မနမ်းအိမ်လာပြီး ဗိုလ်ချုပ်နဲ. အာဇာနည်
အပေါင်းကို ဦးညွှတ် အလေးပြု
ဂုဏ်ပြု သွားပါတယ်ဗျာ...

ဧရာဝတီသား said...

အလေးလာပြုပါတယ်ဗျာ။ ဧရာဝတီစာကြည့်တိုက် ကနေရောက်ပါတယ်။ အခမ်းအနားလုပ်တဲ့ တခြားအိမ်တွေ မှာ အလေးသွားပြုလိုက်အုံးမယ် ခင်ဗျာ။

သူကြီးမင်း (တုံးဖလား) said...

အာဇာနည်နေ့မှာ မွေးနေ့တွေ ဆုံတယ်ဆိုတော့ အာဇာနည် မိသားစုဘဲပေါ့။ (အဆိုတော် အာဇာနည်မဟုတ်ပါ) ဂုဏ်ယူပါတယ် အမ။

Sein Lyan Tun said...

အလေးလာပြုပါတယ်

yaewoori said...

လာဖတ်ရင်းနဲ့ကျဆုံးလေပြီးသော
အာဇာနည်သူရဲကောင်းအပေါင်းကိုဂါရဝပြုပါတယ်
ကောင်းကင်ဘုံကကြယ်ပွင့်တွေပါo
ဘယ်တော့မှမကြွေတဲ့ ကျနော်တို့နှလုံးသားထဲမှာ
အစဉ်ထာဝရထွန်းတောက်နေဦးမယ့်ကြယ်ပွင့်တွေပဲပေါ့ဗျာ

desertraindrops said...

အာဇာနည်တွေကို လာရောက်အလေးပြုတယ်။ ပြီးတော့ အာဇာနည်နေ့မှာ မွေးတဲ့ မ့ရဲ့မိသားစုဝင်တွေကို happy birthday ပါလို့ ဆုတောင်းပါတယ်။

မျက်မှန်လေး said...

သူတို့တွေက ခုဆိုရင် ဥသြဆွဲဖို့နေနေသာသာ အာဇာနည်နေ့ ကိုတောင်ပျောက်ကွယ်အောင်လုပ်ချင်နေကြတာ

မျက်မှန်လေး said...

လင့်ခ်ယူသွားတယ်နော်

မဆုမွန် said...

စွန့်သွားတဲ့ အာဇာနည်တွေကိုရော စွန့်နေဆဲ အာဇာနည်တွေကို အလေးပြုပါတယ်