
ဖေဖေ့ရင်ခွင်တွင်း၌ မွေးခါစ သမီးလေး စုရတီ (ခေါ်) Chloe လေးပုံ Chloe အတွက်တစ်နှစ်ပြည့် မွေးနေ့ လက်ဆောင် Cake
 Chloe အတွက်တစ်နှစ်ပြည့် မွေးနေ့ လက်ဆောင် Cake

 Chloe အတွက်တစ်နှစ်ပြည့် မွေးနေ့ လက်ဆောင် Cake
 Chloe အတွက်တစ်နှစ်ပြည့် မွေးနေ့ လက်ဆောင် Cake
ံHappy Birthday Chloe !
ကျွန်မရဲ့ တူမလေးတစ်ယောက်တောင် ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ပြီတဲ့။
နေ့ လည်ကမှမေလ်းထဲမှာ အဒေါ်ပို့ တဲ့ သတိပေးစာလေးဖတ်ရလို့ သိရတာ။
ဟီးး အချိန်ကလည်းကုန်မြန်လိုက်တာလို့ ။ ကလေးလေးတောင် တစ်နှစ်ပြည့်ပြီ။ 
ကျွန်မလည်းနေရင်းထိုင်ရင်း မောင်ဝမ်းကွဲလေးရဲ့ သမီးလေးဆိုတော့ ကြီးဒေါ်ဖြစ်ရ
ပြန်ပေါ့လို့ ။းP
ဒီကလေးလေးကိုမွေးတုန်းက သူ့ အမေ မနည်းမွေးရတယ်။ ဗိုက်ကြီးကိုက နည်းတာမဟုတ်ဖူး။ ပူပေါင်းကြီး လားမှတ်ရတယ်။း) ဆရာဝန်တွေ နာစ့်တွေ ခုနှစ်ယောက်ရှစ်ယောက်လောက် အလုပ်တော်တော်ရှုပ်သွား တယ်လို့ ပြောတယ်။ ကလေးကထွားလွန်းလို့ လေ။ မွေးထုတ်ရတာနည်းနည်း ခက်သွားတယ်။ 
မွေးတော့ ၁၁ပေါင်၎အောင်စ ရှိတယ်။ နည်းတာကြီးမဟုတ်ဖူး။ မွေးကတည်းကပါတဲ့ ဆံပင်တွေလည်း သန်လိုက်တာ မည်းနက်လို့  အမျိုးတွေက ချီးကျူးထောပနာပြုတယ်။ ဒါလား ခုမှမွေးတဲ့ ကလေးတဲ့။း)
ဟုတ်တယ်။ ကျွန်မ ကလေးလေးပုံကို ဂျီတော့မှာတင်ထားတုန်းကတောင် သူငယ်ချင်းတွေက ၁နှစ်သမီးလား လို့ မေးကြသေးတယ်။ ကံကောင်းတာက ကလေးကို လန်ဒန်မြို့ က ဆေးရုံမှာမွေးခဲ့တာမို့  အစစအရာရာ အဆင်ပြေသွားခဲ့ပြီး၊ ကလေးကိုချောချောမောမော မွေးဖွားလိုက်နိုင်ခြင်းပါပဲ။
ဒါတောင် ကလေးအမေကတော့ ဆေးကုသမှုအနည်းငယ် ခံယူလိုက်ရသေးတယ်။ 
၁၇ရက်က သမီးလေး စုရတီတစ်နှစ်ပြည့်မွေးနေ့ ဆိုတော့ ကျွန်မပိုစ့်တင်တာနည်းနည်းနောက်ကျသွားပေမယ့် လန်ဒန်ကအချိန်နဲ့ တော့မှီပါသေးတယ်ဆိုပြီးတင်ဖြစ်သွားတာပါ။ 
အလည်လာကြတဲ့ မိတ်ဆွေ သူငယ်ချင်း ဘလော့ဂါများ သမီးလေးစုရတီအတွက်ဆုတောင်းပေးကြပါအုံးနော်။
 

 
 
31 ယောက်ဆွေးနွေးချက်:
Cake looks so yummy !!! စားချင်လိုက်တာ
ကလေးက သိပ်ချစ်စရာလေးပဲ။
မျက်လုံးလဲ နက်၊ ဆံပင်လဲ နက်၊ ကြီးရင် အတော် ချောမယ်။
Happy Birthday ပါ သမီးလေး စုရတီ..
ကလေးက တစ်လုံးတခဲလေး ကျွန်တော်
နဲ.တွေ.လို.ကတော.တူမလေးတော.
ပါးတွေလိမ်ဆွဲ ခံရတော.မှာဘဲ Happy Birthday
ပါတူမလေး စုရတီရေ...
ကျွန်တော့်တူမွေးတုန်းကလဲ အဲလိုပဲ တော်တော် ထွားတာကျွန်တော်တော့ အရမ်းချစ်တာပဲ..ဒါပေမယ့်ကြာကြာ မချီထားနိင်ဘူး လက်ညောင်းတာပဲ..
စုရတီ လေး ဘ၀တလျှောက် အောင်မြင်ပျော်ရွှင်ပြီး
သမီးကောင်းရတနာလေးဖြစ်ပါစေ...
ံHappy Birthday SuYaTi !!!
Happy Birthday ပါ သမီးလေး
စုရတီရေ...
တစ်နှစြ့်ပည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာအထိ
ပျော်ရွင်ခြင်းများစွာ အောင်မြင်ခြင်းများစွာနဲ့
ပြည့်စုံပါစေနော်....
ကလေးမေမေက ကိုယ်ဝန်နဲ့တုန်းက ထူးထူးခြားခြား နင်းကန်စားနေတော့ အဒေါ်တွေ အမတွေက ကွက်ကြည့်ကွက်ကြည့်လုပ်ကြတယ်...
တဖြည်းဖြည်းနဲ့ ဗိုက်ကြီးကလဲ တအားကို ထွားထွားလာတော့ "အင်း... ဟုတ်တော့ ဟုတ်နေပါပြီ" လို့ ထင်မိကြသေးတယ်...
သားဖွားခန်းထဲမှာ ကြာနေတော့ အင်း ဒီဗိုက် ဒီလောက်တော့ရှိမှာပေါ့လို့ တွေးမိကြသား...
အမျိုးတွေက သုံးမွှာပူးလောက် မွေးမယ်မှန်းထားတာလေ...
သြော်... အခုတော့...
အား...လုံး...ကို... ကျော်...ဖြတ်...ရ...မယ်...
းဝ)
(ကလေးလေးက ဝဝကစ်ကစ် ချစ်စရာကြီး... နံမယ် မပေးရသေးရင် "အိတုံ" လို့ပေးပါလား)
အိမ်နာမည်ကို ပြောတာလေ...
ကလေးလေးရေ..မွေးနေ့မှစ ကျန်းမာပျော်ရွှင်စွာနဲ့ ပညာတတ်ကြီး ဖြစ်ပါစေ။ မိဘကို ကျေးဇူးဆပ်နိုင်သောသူလေး ဖြစ်ပါစေလို့ တီတီငုံ လာဆုတောင်းပေးတယ်နော့။
ပျော်ရွှင်သောမွေးနေ့ပွဲလေးဖြစ်ပါစေရှင်
ကျမ်းမာပျော်ရွှင်သော ချစ်စရာသမီးလေး ဖြစ်ပါစေ..
လူချစ်လူခင်ပေါများသော သမီးလေး ဖြစ်ပါစေ..
သက်တော်ရာကျော်ရှည်ပါစေ...
ဟက်ပီးဘတ်ဒေး... သမီးလေးရေ...စုစုရေ...
ချစ်ခင်စွာဖြင့်
ဖိုးစိန်
ဟယ်.. ချစ်ချာရေးး ကိတ်မုန့်ကြီးက
အဲလေ.. ယောင်လို့ .. မီးလေးက။ အဟိ။ =P
happy birthday SuYaTi
happy birthday စုရတီ ရေ။
ကလေးလေက ချစ်စရာလေးနော်။
ဝကစ်နေတာပဲ။
ရီနိုမာန်
ဆုတောင်းပေးပါတယ် မရေ
ချစ်စရာလေးနော် .. အသည်းယားတယ် .. :D
စုရတီလေးတယောက် ဘ၀တလျှောက်လုံး အဆင်ပြေသာယာစွာနဲ့ မိဘကျေးဇူးသိတတ်တဲ့ သမီးလေးတယောက် ဖြစ်ပါစေ ..
ချစ်ခင်လျှက်
မမရေ
မမတူမလေးကချစ်စရာကောင်းလိုက်တာနော် အဒေါ်နဲ့လဲတူလို့ဖြစ်မှာ သိလားးး သမီးလေးကို ဖက်နမ်းပစ်ချင်လိုက်တာ...သမီးလေးစုရတီ..ပျော်ရွှင်ဖွယ်မွေးနေ့ပေါင်းများစွာကို ချစ်တဲ့ မိသားစုနဲ့အတူဖြတ်သန်းနိုင်ပါစေ
:) Happy Birthday ! ! !
သမီးလေး စုရတီ (ခေါ်) Chloe
တစ်နှစ်ပြည့်မှသည် (၁၂၀)ကျော်ရှည်ပါစေပါဗျာ....
သူ့အဖေဘက် သူ့ကြီးဒေါ်ဘက်နွယ်လို့ဖြစ်မယ်... :)... (သူ့အမေသိရင် စိတ်ဆိုးအုံးမယ်... အမေကမွေးတယ်ဆိုမှတော့ အမေ့သမီးလေးပဲပေါ့နော်... :) )
ကြီးလာရင် ရုပ်ချောသဘောကောင်းဖြစ်လာမှာသေချာတယ်...
သမီးလေး စုရတီရဲ့ ဘ၀ခရီးတစ်လျှောက် လိုအင်ဆန္ဒတွေ ပြီးပြည့်စုံပါစေဗျာ ....
တူမလေး စုရတီ Happy Birthday ပါခင်ဗျာ။
ရှေ့ ဆက်ဘဝမှာ ပျော်ရွှင်ချမ်းမြေ့ ပါစေ။
ခင်မင်ခြင်းနှင့်
တလနွန်
နက်မကောင်းလို့ ဓာတ်ပုံတွေတော့ မမြင်ရသေးပါဘူး... အထက်ကကွန်မန့်တွေဖတ်ရလို့ အရမ်းချစ်စရာကောင်းတယ်ဆိုတာ သိရပါတယ် :) ပျော်ရွှင်စရာ မွေးနေ့လေးပါ... သမီးငယ်လေး စုရတီ ဘ၀တစ်လျှောက်လုံး မိဘနှစ်ပါးနဲ့အတူ သုခချမ်းသာအဖြာဖြာကို ရရှိပိုင်ဆိုင်နိုင်ပါစေနော်။
တိုင်းချစ် ပြည်ချစ် အမျိုးချစ်တဲ့ သမီးကောင်းရတနာလေး ဖြစ်စေဖို့ မျှော်လင့်ပါတယ် “မ”ရေ :)
သြော်... သမီးလေးရေးးးးး သမီးဖေဖေနဲ့မေမေနာမည် ဘယ်လိုခေါ်သလဲကွယ် ... ဟီး :P
မွေးနေ့တော့ အဖိတ်မခံရပေမဲ့ လိုက်လာပါတရ် ။ ညီမလေး စုရတီ ရဲ့ တစ်နှစ်မြောက်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် အဆင်ပြေပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတရ် ။
(ကိုရဲ)
မွေးနေ့ဆိုလို့ .. အစ်မမွေးနေ့ထင်နေတာ...
တူမလေးမွေးနေ့ဆိုတာဒီရောက်မှသိပါတယ်...
တော်တော်ထွားတာပဲ... ချစ်ဖို့ ကောင်းတယ်...
စုရတီလေးတစ်ယောက် မွေးကျေးဇူးဆပ်နိုင်တဲ့ သမီးကောင်းရတနာတစ်ယောက် ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်....
အဒေါ်လိုပဲ သူများတွေကို အကျိုးပြုစာပေတွေ ဖြန့်ဝေပေးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...း)း)
ချစ်စရာလေး အစ်မ အနမ်းရယ်။ ထွားကလည်း ထွားလိုက်တာ။ အသားလေးက ဖြူဖြူနဲ့ ကြီးရင် အချောလေးဖြစ်မှာ။ သမီးလေး စုရတီ လိမ္မာယဉ်ကျေးပြီး မိဘ (နဲ့ ကြီးတော်း) ကို ဂုဏ်တက်စေတဲ့ သမီးရတနာလေး ဖြစ်ပါစေ... ချောမွေ့သာယာတဲ့ ဘဝလမ်းကို လျှောက်လှမ်းနိုင်ပါစေ...
ချစ်စရာလေးပါပဲ မမရေ . . . ကျွန်တော်ငယ်ငယ်တုန်းကလိုပဲ ၀၀ကစ်ကစ်လေး
သမီးလေး စုရတီ ဘ၀တလျှောက် အောင်မြင်ပျော်ရွှင်ပြီး ကျန်းမာ ဖြတ်လတ်သော သမီးကောင်းရတနာလေးဖြစ်ပါစေ...
သမီးလေးရဲ့ တစ်နှစ်ပြည့်မွေးနေ့ကိုပါဝင်ဆင်နွှဲသွားပါတယ်
်ဆံပင်သန်တယ် မျက်လုံးတောက်တယ်နော်..
ထက်မြက်မဲ့သူငယ်မလေးပဲ
ကျန်းမာပါစေ...
Happy Birth day, သမီးလေး။
သမီးရော တီတီပါ နေကောင်းပါစေလို့ သမီးလေးရဲ့  မွေးနေ့မှာ ဆုတောင်းပေးလိုက်ပါတယ်။
ကြည်နူးရွှင်လန်းကြပါစေ။
ညီမလေးက ချစ်စရာလေးနော်..
၀၀ကစ်ကစ်လေး..
မမကို အာပွားပေး :P
ကလေးက ချစ်စရာလေး ............
တိုက်ဆိုင်တာက
အနန်းရဲ့သူငယ်ချင်းတယောက်က
Face book မှာပြသတည်းက ချစ်နေတာ...
ကလေးလေးက အတော်ချစ်စရာကောင်းတယ်
မအနမ်းရေ ...
ခုမှဝင်ဖြစ်လို့ ...ရောက်တာနောက်ကျသွားတယ် ... ခုဆို ၂၁ တောင်ကူးနေပြီ.... ဘာပဲဖြစ်ဖြစ် စုရတီလေး မွေးနေ့ကို အရောက်တော့လာခဲ့ပါတယ်နော ..း)
အံ့သြဖို့ ကောင်းလောက်အောင် ချစ်ဖို့ ကောင်းတဲ့ ကလေးလေးပဲ ... ဆုတောင်းနောက်ကျခဲ့ပေမယ့် ... ပျော်ရွှင်အေးချမ်းပါစေလို့ ဆန္ဒပြုခဲ့ပါတယ် ...
နေဒေးသစ်။
Post a Comment