ရှောင်သင့်သော ကျယ်၅ပါး


လူတွေ စကားကျယ်ကျယ်ပြောရင်နားထောင်ရအတော်ဆိုးသလိုပဲ။
ကျွန်မတော့ အသံကျယ်ကျယ်ပြောတာကို မနှစ်သက်ဘူး။
တစ်ယောက်နဲ့ တစ်ယောက်ရန်ဖြစ်နေသလားလို့ ။ နောက်ပြီး ရင်တုန်ပန်းတုန်ဖြစ်တတ်
လို့ လေ။း)အိမ်မှာ ကျွန်မ ညီမတွေ စကားကျယ်ကျယ်ပြောရင် ကျွန်မက စပီကာများမြိုထားသလားထင်ရတယ်လို့ နောက်လေ့ရှိတယ်။အတော်အတန်သင့် စကားကိုကြားရုံပြောရင်ရပါပြီလို့ ပြောပြောထားရတယ်။ တစ်ယောက်တည်းအေးအေးနေတတ်တဲ့ အကျင့်ကလည်းပါနေလို့  ဆူညံသံကြားရင် စိတ်ရှုပ်တာလဲပါမယ်။

ဟိုတစ်လောက ကျွန်မ ညီမရဲ့ မိတ်ဆွေကောင်လေးတစ်ယောက် စလုံးကပြန်လာတယ်။
ခွင့်တလနဲ့ ပေါ့။ သူနဲ့ တွေ့ မှ ကျွန်မတောင် သူနဲ့ ယှဉ်ရင် ကျွန်မအသံတောင်အတော်လေးကျယ်နေတာပဲလို့ ထင်လိုက်မိတယ်။ ကျွန်မ ညီမတွေကတော့ သူ့ အသံကိုတိုးလွန်းလို့ ဆိုပြီး အားမလိုအားမရဖြစ်ကာ အဲဒီကောင်လေးကို ကျယ်ကျယ်ပြောပါ ၊ မင်းအသံ ကလည်း ဒီထက်ပိုမထွက်တော့ဘူးလားလို့ ပြောပါတယ်။ ဘယ်လောက်ပြောပြောလေ သူ့ စရိုက်ကိုချက်ချင်းပြင်ခိုင်းလို့ ရမလားနော်။ အသံတိုးတာ နူးညံ့မှုရှိတာပေါ့၊ ယဉ်ကျေးတာပေါ့လို့ ကျွန်မက ပြောမိပါတယ်။ သို့ ပေမယ့် ကျွန်မညီမနဲ့ အိမ်ကလူတွေကတော့ အားမလိုအားမရဖြစ်လို့ ပါပဲ။ ယေကျာင်္းလေးပဲတဲ့။း)

တစ်ခါတစ်လေ အိမ်ကလူတွေစကားကျယ်ကျယ်ကြီးပြောတဲ့အခါမျိုး ၊ အော်ပြောတဲ့အခါမျိုးဆို အဲဒါအပြစ်ဖြစ်တယ်လို့ ပြောပြမိတယ်။ အဲတော့မှ သူတို့ ကဘာအပြစ်လဲတဲ့။ ကျယ် ၅ပါးရှိတယ်လေလို့ ။
ကျယ်၅ပါးလို့ ကျွန်မပြောတာကို သူတို့ က ကြယ်၅ပါးလို့ ထင်ပြီး ရယ်ချင်သေးတယ်။
ကြယ်နဲ့ ကျယ်အသံထွက်ကတုနေတာကိုး။ ကျွန်မက အဲတော့မှ တကယ်ပြောတာဆိုပြီး ကျယ် ၅ပါးဆိုတာကို ရွတ်ပြရတယ်။

ကျယ်(၅)ပါးကတော့.....
*အော်ကျယ်၊
*ပြောကျယ်
*ရယ် *ချေ ကျယ်နှင့်
*သန်းကျယ် ၅ပါး အပါယ်လား တဲ့။
(ချေ ကတော့ နှာချေတာပါ)။
အဲဒါလေးကိုကျွန်မလည်းနှစ်သက်လို့ မှတ်သားထားတာကြာပါပြီ။
ကိုယ့်စရိုက်လေးတွေ မကောင်းတာဆိုရင်ပြင်ရမယ်ထင်လို့ ကျွန်မကတော့ကိုယ်သိသလောက်
သူတို့ ကိုပြောပြရခြင်းပါ။ ဒါမှလည်းပြင်သင့်တာပြင်ပြီး၊ ကောင်းတဲ့အကျင့်လေးတွေကျန်ရစ်မှာပေါ့နော်။ ဘာမဟုတ်တာလေးကလည်း အကုသိုလ်ဖြစ်တတ်တယ်ဆိုတာ သိစေချင်လို့ ပါ။
အားလုံးပဲ အကုသိုလ်ကင်းကာ ပျော်ရွှင်နိုင်ကြပါစေ။
အနမ်း

15 ယောက်ဆွေးနွေးချက်:

Anonymous said...

အားးးးးးးးးးး စကားပြောကျယ်တာလည်း .. အရီကျယ်တာ .. အသန်းကျယ်တာ အားလုံးက အကုသိုလ် ဖြစ်စေတတ်တာလား ........... ခုမှသိရတယ် ... အရီတော့ ရံဖန်ရံခါကျယ်တယ် .. ကျန်တာတော့ သိပ်မကျယ်ပါဘူး .... အဟီး .. အခုတော့ အရီ ကျယ်တာပါလျော့ရတော့မယ် ... အကုသိုလ် နည်းနိုင်သလောက်နည်းအောင် လုပ်မှ ..
နေဒေးသစ်။

kiki said...

အွန်မလေးးးး
သူ့ ခေတ်နဲ့ တော့ သူတွင်ကျယ်မှ ရတဲ့ အခါတွေလည်း ရှိပါ့။
ကိုယ့် ခြေထောက်ပေါ် သူ့ ကားဘီးကြီးက တက်ကြိတ်ထားတဲ့ အခါမျိုး မှာ အသံတိုးလေးနဲ့ 
( အမလေးကို အဟွာရယ် .. ဖယ်ပေးပါ )လို့  ပြောရင် သူကြားပါ့မလား ။
အဟင့် ဒုက္ခပါဘဲ ... ကျယ်သင့်တဲ့နေရာ ကျယ်ရမှာ အပြစ်တဲ့ လားကွယ်....
ဒီလို သာဆို ဗမာပြည်က ကားစပယ်ရာတွေ ...အံမလေးးးးငရဲ ပြည်မှာတောင် ဆန့် ပါ့ မလားးး
ညစ်ကျယ်ကျယ် ၊ မဖြစ် ညစ်ကျယ် ၊ မလုပ်ရင် ပြီးတာဘဲ မဟုတ်လား ။

mhyawlintchin.blogspot.com said...

အလည်လာရောက်သွားပါတယ်နော်...
ကောင်းသောနေ့လေးဖြစ်ပါစေ

Ree Noe Mann said...

မ အနမ်းရေ ကျနော်တို့ စင်ကာပူက ဘလော့ဂ်ဂါး အဖွဲ့ကတော့ လူတွေ သတိထားလောက်မိအောင်ကို အသံကျယ်ကြပါတယ်။
ဒီတစ်ခါတွေ့ရင် ပြောပြလိုက်ပါအုံးမယ်။

မ အနမ်း နဲ့ တွေ့ရင် တိုးတိုးပြောလို့ မှာထားရအုံးမယ်။

ရီနိုမာန်

မိုးစက်အိမ် said...

အမနဲ. တွေ၇င် ကျယ် ၅ ကျယ်ရှောင်
ရမယ်...ဟဲဟဲ

ကဗျာဦး said...

ကောင်းလိုက်တာ
"ရှောင်သင့်သော ကျယ်၅ပါး"
မှတ်ထားပါ့မယ်

Unknown said...

ကျယ်လေးကျယ်...

ရှောင်ရှားနိုင်ကြပါစေ...

မကင်းတော့ မကင်းပါဘူး... ဒါပေမယ်...

ကင်းတော့ ပိုကောင်းတာပေါ့နော်....

ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ

ပြည့်စုံ ( ဝေါသားလေး)

တလနွန် said...

မအနမ်း ပြောတဲ့ ကျယ်ငါးပါးကို မှတ်သားသွားပါတယ်။
ကိုယ့် ကျယ်တာကြောင့် သူတစ်ပါးကို ထိခိုက်သွားရင်
အပြစ်ရှိတာပေါ့။ နေရာဒေသနှင့်လည်း ဆိုင်တယ်လို့ 
ထင်ပါတယ်။ ဥပမာ ဘုန်းကြီးကျောင်း တရားထိုင်တဲ့
နေရာမှာတို့ မှာ ....etc
မှားရင် ခွင့်လွတ်နော် မအနမ်း

ခင်မင်ခြင်းနှင့်
တလနွန်

ကဗျာမလေး said...

ကဗျာတို့တော့ အကုသိုလ်ဖြစ်တော့ဘူး ... ကျယ်၅ကျယ်က အစကတည်းက လွတ်ပြီးသားဗျ။
ကဗျာလည်း အသံကျယ်ကျယ် ပြောတတ်၊ ရီတတ်၊ လုပ်တတ်တဲ့သူတွေကို သဘောမကျဘူး ... တတ်နိုင်သလောက်လည်း သူတို့ကို ပြုပြင်ပေးတယ် ... မရပါဘူး “ပျက်အစဉ် ပြင်ခဏ”ပါပဲ.... ခဏပဲပြင်ပေးလို့ရတယ်... ဟိ .. စကားပုံတော့ပျက်ပြီ။ :P

မဆုမွန် said...

မဆုမွန်လဲ အသံကျယ်တယ် နားကျပ်နဲ့အသံစစ် နောက် တစ်ချိန်လုံးဖုန်းပြောဖန်များလာတော့ ကိုယ့်အသံ တိုးတယ်ချည်းထင်တယ်နေတယ်

ချေတာလည်း ကျယ်တယ် အားရပါးရ ချေလိုက်ရင် ခေါင်းကိုက်ပျောက်သလားလို့ ဟီးဟီး သန်းတာတော့ မကျယ်ဘူး တမင်အကျယ်ကြီးသန်းပြတာတော့ ခဏခဏဖြစ်တယ်
အရယ်ကတော့ကျယ်တယ် ဟီးဟီး
ဟင့် စိတ်နာတယ်..

Sein Lyan Tun said...

ကျယ် ကျယ်ကျယ် တစ်ခုမှမကောင်းတဲ့ ကျယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်

Unknown said...

ဘာမဆို ဘုရားဟောရှိပါတယ် သူနေရာနဲ.သူ ပေါ.

ကြယ်သင်.တဲ .နေရာမှာ ကြယ်ရမယ် မကြယ် သင်.တဲ.နေရာမှာ မကြယ်ရဘူးပေါ. အသံကိုပြောတာနော်

တိုးတိုးလေး ပြောရမဲ.နေရာမှာ ကြယ်ရင်တော.ဘယ်ကောင်းမလဲ ကြယ်ကြယ်ပြောရမဲ.နေရာမှာ
တိုးတိုး ပြောရင်တော. အငေါက်ခံရမှာဘဲ .ဟိဟိ

ဥပမား ကားဂိတ်မှာ ဂျာနယ်ရောင်းတဲ. သူဆိုရင် တိုးတိုး ပြောလို.မရဘူးလေ လမ်းဘေမှာ လေဘေး ထည်တွေရောင်နေတဲ.သူတွေလို.ပေါ.

မိုးခါး said...

သတိထားပြီး ရှောင်မယ်နော် ..း)

Dream said...

ရူးတိုးတိုး.... :)


လိုတာထက် ပိုကျယ်လောင် ရင် မက်မက်လည်း မကြိုက်ဘူး... တော်တန်ရုံဆို ခွင့်လွတ်လိုက်ပါတယ်။ သူ့နေရာ နဲံ့သူပေါ့လေ..နော်...

ကာလံဒေသ အလိုက်ပေါ့။

အာဝါးးးးပါ တီတီရေ

ဒီဇင်ဘာ said...

ဗဟုသုတ တစ်ခုတိုးသွားပီ။ နေ့တိုင်းအသစ်တင်နော်အမ။ နေ့တိုင်းလာဖတ်မယ် :D