အိပ်မက်နဲ့ အိပ်မက်မက်ရခြင်း


ကျွန်မတို့ တစ်တွေ အိပ်တဲ့အခါမှာ သူသူ ကိုယ်ကိုယ် အများအားဖြင့် အိပ်မက်တွေမက်တတ်ကြပါတယ်။အိပ်မက်ကိုတွေမြတ်နိုးကြသလားတော့မသိဘူး။ ညအိပ်တော့မယ်ဆိုရင် အချင်းချင်း တစ်ဦးနဲ့ တစ်ဦး နှုတ်ဆက်တတ်ကြတာက Goodnight ,Sweet Dream တဲ့။ အိပ်မက်လှလှ လေးတွေမြင်မက်ကြဖို့ ကိုဆုတောင်းပေးကြတယ်။


ကျွန်မကတော့ အိပ်မက် မက်မှာကိုပဲ စိုးကြောက်မိနေတယ်။ အိပ်မက်မက်ရင် အိပ်ရေးမ၀ သလိုပဲလေ၊ နောက်ပြီး အိပ်မက်ထဲမှာ ရန်ဖြစ်ပြီးစကားများတာတို့ ဒေါသထွက်တာတို့ မြင်မက်မိရင် ပိုဆိုးမယ် ထင်တယ်။ တစ်ချို့ ကလည်း အိပ်မက်မက်လို့ မနက်မိုးလင်းရင်ကိုပဲ ညက အိပ်မက်ထဲမှာ ဘယ်လို မက်တာ စသည်ဖြင့်ပြောပြီး အတိတ်တွေ၊ နမိတ်တွေကောက်တတ်ကြသေးရဲ့ ။ ကောင်း၏ မကောင်း၏ စသည်ဖြင့်ပေါ့။ အိပ်မက်ကျမ်းတွေလည်း ဖတ်ကြတယ်။း)


ကျွန်မနဲ့ အတူလာအိပ်တဲ့ ညီမတစ်ယောက်ရှိတယ်။ သူက ညတိုင်းမှာ အိပ်မက်တွေမက်သလို ယောင်ယောင်ပြီးလည်း ထ အော်တတ်တယ်။ ရယ်လိုက်၊ ငိုလိုက်၊ ရန်တွေဖြစ်လိုက်နဲ့ ပေါ့။ မနက်နိုးလို့ သူ့ ကိုပြောရင် ညက ဘယ်လိုအိပ်မက်လို့ ဘာညာနဲ့ ပြောပြပြီး၊ အဲဒါ ကောင်းလား ဆိုးလား လာမေးနေပါသေးတယ်။ သူ အိပ်မက် မမက်တဲ့ ညကမရှိပါဘူး။ ကိုးရီးယားကား ကြည့်လို့ အိပ်မက်ရတာကတစ်မျိုး၊ ရည်းစားကိုသတိရလို့ မက်ရတာကတစ်ဖုံ နဲ့ အမျိုးကို စုံနေတာပါပဲ။းD မယုံမရှိနဲ့ တကယ်ပြောတာ။ မနက်ဆိုရင် သူ့ အိပ်မက်ကို ပြန်မေးရတာက လည်းအမော။ မကောင်းဘူးလို့ တစ်ယောက်ယောက်ကပြောမိရင် အဲဒါ သူ့ မှာ တစ်နေကုန် မရွှင်လန်းတော့ဘူး။ စိတ္တဇ တောင်ဖြစ်မလားပဲ။းP

တကယ်တော့ အိပ်မက်မက်ရခြင်း အကြောင်း(၄)ပါးရှိတယ်လို့ သိရပါတယ်။ အဲဒါတွေက….

(၁) ဓာတုက္ခောဘ.. သည်းခြေ စသည်တို့ တုန်လှုပ်ချောက်ချားခြင်းကြောင့်မက်ခြင်း

(၂) အနုဘူတပုဗ္ဗ….. ရှေး၌ ခံစားဘူးသော အာရုံကြောင့်မက်ခြင်း

(၃) ဒေ၀တောပသံဟာရ…နတ်တို့ အာနုဘော်အစွမ်းဖြင့် ကောင်းကျိုး၊ မကောင်းကျိုး သိစေ

လို၍မက်ခြင်း

(၄) ပုဗ္ဗနိမိတ္တ………. ကုသိုလ်ကံ အကုသိုလ်ကံ အစွမ်းဖြင့် ကောင်းကျိုး၊ မကောင်းကျိုးကို

ကြိုတင်သိရှိစေသောကြောင့်မက်ခြင်း တို့ ပါပဲ။


ဆရာဦးအေးမောင်ရဲ့ (စိတ်ပညာနဲ့ စိတ်ငြိမ်းချမ်းမှု) မှာရေးသားထားတာကတော့  “ကျွန်ုပ်တို့  အိပ်ပျော်နေသောအခါ အတ္တနဲ့ ပရအတ္တသည် ငြိမ်ဝပ်နေ၍ မသိစိတ်ကိုပိတ်ပင်တားဆီး နိုင်စွမ်းမရှိကြတော့ချေ။ ထိုအခါ အချို့ သောမသိစိတ်များသည် အခွင့်ကောင်းယူ၍ အိပ်မက် ထဲ၌ ပေါ်လာကြသည်။” လို့ ဆိုထားပါတယ် ။


အတ္တ- ဇာတိစိတ်များကိုထိန်းချုပ်ထားသောအရာ

ပရအတ္တ- မိမိကိုယ် မိမိ ဆုံးမတားမြစ်သောတရား(၀ါ) မြန်မာတို့ နားလည်သော ကိုယ်စောင့် နတ်

ဒါ့အပြင် “အချို့ အိပ်မက်များ၏ ဦးတည်ချက်မှာ လူတို့ ၏ အလိုဆန္ဒများကိုအခိုက်အတန့် ဖြည့် စွက်ရန်ဖြစ်သည်။” လို့ လည်းဖော်ပြထားပါတယ်။

အိပ်မက်မမက်တာ ကြာပြီဖြစ်တဲ့ ကျွန်မလည်း ခုတစ်လော ညအိပ်တဲ့အခါ အိပ်မက်တွေမက် နေလို့ ဒီအကြောင်းလေးကို ပိုစ့်တင်ပြီးရေးဖြစ်သွားတာပါ။ ဒါပေမဲ့ မနက်မိုးလင်းတာနဲ့ ကျွန်မ ဘာတွေမက်ခဲ့လဲဆိုတာတော့ လုံးဝကိုသတိမရတော့ဘူး။း)


မှတ်ချက်။ ။ ဒီပိုစ့်လေးကြောင့် မည်သူကိုမျှ ထိခိုက်နစ်နာစေလိုခြင်းမရှိုပါ။


အနမ်း

9 ယောက်ဆွေးနွေးချက်:

kiki said...

အိမ်မက် ချို ချို လေး တွေ မက် ပါစေ ..
ပျားရည်သောက်ပြီး ချောကလက်စားကာ ဂလူးကို့ စ် သွင်းနေသော အိမ်မက်များကို ဆို လို ပါ သည်

ကောင်းကင်ပြာ said...

အိမ်မက် မက်တတ်ပေမဲ့ မိုးလင်းလာရင် မမှတ်မိပါဘူး ညီမရေ

Anonymous said...

အိပ်မက် .... ကျွန်တော်လည်း အိပ်မက်တွေ မက်ခဲ့ဖူးတယ် ... ကောင်းတာတွေလည်းရှိ ဆိုးတာတွေလည်း ရှိ ... တစ်ခါတစ်လေလည်း ကောင်းတဲ့ အိပ်မက်လေးတွေအတွက် ပျော်ရွှင် ကြည်နူးရပြီး တစ်ခါတစ်လေကျပြန်တော့လည်း မကောင်းတဲ့ အိပ်မက်တွေအတွက် စိုးရိမ်ထိတ်လန့် ရပြန်သေးတယ် ... အိပ်မက်ဆိုတာ စိတ်စွဲလန်းမှုကနေ ဖြစ်တည်လာတယ်လို့လည်း ကြားခဲ့ဖူးတယ် .. တားဆီးလို့ မရနိုင်တဲ့ အိပ်မက်ကို မမက်ပါနဲ့လို့လည်း ပိတ်ပင်ထားလို့ မရနိုင်တာမို့လို့ ... ကျွန်တော်ကတော့ မက်တဲ့အိပ်မက်တဲ့ လှပနေစေဖို့ပဲ ဆန္ဒပြုချင်ပါတယ် ..
နေဒေးသစ်။

မိုးစက်အိမ် said...

အိပ်မက်လား တကယ်လား လားဆိုတဲ.
ထူးဆန်းတဲ. အိမ်မက်တွေလဲ ရှိမယ်
နဲ.တူတယ်နော် မနန်း...ခုလို. ဖတ်
ရတာကျေးဇူးပါနော်...

Sein Lyan Tun said...

အိပ်မက်ကို လုံးဝမမက်ချင်ဘူး
နိုးလာရင်မောလို့ ပင်ပန်းလို့ အိပ်ရေးလဲမဝဘူး
ဒါပေမယ့် ညတိုင်းမက်တယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်

ဇော် said...

အိပ်မက်အကြောင်း သိကောင်းစရာကို
မှတ်သားသွားပါတယ် ဒေါ်လေး နမ်းရေ။ အဟဲ။

မိုးခါး said...

ညီမလည်း အိပ်မက် မက်တာမကြိုက်ဘူး
မကောင်းတဲ့အိပ်မက်ဆိုပိုဆိုးသေး
အိပ်ရေးလည်းပျက်သေးကောင်းလည်းမကောင်း :D

Dream said...

အိပ်မက်ဆိုးတွေတော့ မမက်ချင်ဘူး... ဒါပေမယ့်လဲ
အိပ်တိုင်းအိပ်တိုင်း အိပ်မက်မက်လေ့ရှိတယ်။ ဟင့်

မမက်ပါနဲ့လို့လဲ တားလို့မရဘူး...ဗြဲ. ...

:P

အာဝါးးးး

ရွှေပြည်သူ (ShwePyiThu) said...

ညီမက ညတိုင်း အိပ်မက်မက်တတ်တဲ့သူပါ။ တော်တော်များများလည်း မှတ်မိနေတတ်ပါတယ်။ အိပ်မက်မမက်တာ ဘယ်နှနှစ်ရှိပြီလဲ ဆိုတာတောင် မမှတ်မိတော့ပါဘူး။ အိပ်မက်မက်ရင် အိပ်ရေးမဝဘူးဆိုတာ ဟုတ်မယ်နော် အစ်မ...။ ဒါပေမယ့် ဒီလိုနဲ့ပဲ နေသားကျနေပြီ ထင်ပါတယ်။ ညီမအတွက်တော့ သိပ်စိတ်ဝင်စားစရာ ကောင်းတဲ့ပို့စ်ပါ အစ်မ အနမ်းရေ... ကျေးဇူးတင်ပါတယ်...