တောင်းပန်ခြင်း

ဘလော့ဖွင့်လို့ ရနေပြီဆိုပေမဲ့ ညပိုင်းညည့်နက်လောက်မှကွန်နက်ကကောင်းပြီးဖွင့်လို့ ရတာ ကြောင့်နဲ့  ခုတစ်လောအလုပ်တွေရှုပ်နေတာကြောင့်လည်း စာရေးဖို့ ပိုစ့် အသစ်တင်ဖို့ ဘက် ကိုမလှည့်နိုင်ဘူးဖြစ်နေတယ်။ အလုပ်ရှုပ်တယ်ဆိုလို့ ဘာအလုပ်မှကြီးကြီးမားမား လုပ် တာ တော့မဟုတ်ပါဘူး။ အမည်ဖော်လို့ မရ၊ ပြောလို့ မရ တဲ့ကိစ္စရပ်တွေကများနေတာပါ။ ဒီကြား ထဲအဆင်မပြေမှုတွေက ကြုံနေရသေးတယ်။ ပဲကြီးလှော်ကြား ဆားညပ်တဲ့ကိစ္စတွေပေါ့။ ကိုယ့်အကြောင်းတရားမဟုတ်ပဲ သူများကြားကူညီပေးတာမျိုးမှာ ကိုယ်ကနေရင်းထိုင်ရင်း အပြောခံ၊ အဆဲခံရတာမျိုးလေ ။ ကိုယ့်ဖက်ကတော့ မေတ္တာမပျက်ပါဘူး။း) ဒါပေမဲ့ ပိုစ့်အသစ် တင်ချင်စိတ်လည်း မရှိသေးဘူး၊ ဘာရေးရမှန်းလည်းမသိသေးဘူးဖြစ်နေတာပါ။ လာလည်ကြ တဲ့ မိတ်ဆွေအားလုံးကိုတော့ အားနာမိပါတယ်။ နောက်နေ့ များမှ ပိုစ့်အသစ် တင်နိုင်အောင် ကြိုးစားပါ့မယ်။

3 ယောက်ဆွေးနွေးချက်:

ကိုလူထွေး said...

ဒါဆို နောက်နေ့ မှာမှ လာခဲ့တော့မယ်ဗျာ

ရွှေပြည်သူ (ShwePyiThu) said...

အစ်မ အနမ်းရေ အခုလို စာရေးချင်စိတ်မရှိဘဲ စိတ်ညစ်နေရတဲ့ အချိန်တွေကို ကိုယ်ချင်းစာမိပါတယ်။ သေချာ အနားယူပြီး စိတ်အေးချမ်းသွားတဲ့ အချိန်မှ စာတွေ ပြန်ရေးပါဦး။ စောင့်ဖတ်နေပါ့မယ်နော်...

Unknown said...

မင်္ဂလာပါ အမရေ....