ကျွန်ုပ်တို့ ၏လူ့ အဆောက်အအုံ

ခုခေတ်လူငယ်တွေ အချစ်ဆိုတဲ့စကားကို အသားပေးလွန်းအားကြီးလာတာတွေ့ ရတယ်။ အချစ်သည်သာလျှင်အရာရာကိုဆုံးဖြတ်ရမယ်လို့ လည်းဆိုလာကြတယ်။ အဲဒီအချစ်ဆိုတာ ဟာဘယ်လောက်ကြီးမားခိုင်ခန့် သန့် ရှင်းပါသလဲလို့ စဉ်းစားရင် ကိလေသာပေမတဏှာ
ရာဂစိတ်နဲ့ အချစ်လား၊ လူနဲ့ လူချင်း ထောက်ထောက်ထားထား ငဲ့ငဲ့ညှာညှာ အနစ်နာခံပြီးမှ
ချစ်ရတဲ့အချစ်လား ဆိုတာကိုမစဉ်းစားကြဘူး။

ခုခေတ်မှာလူငယ်တွေ အိမ်ထောင်ရေးကိုပေါ့ပေါ့တန်တန်စဉ်းစား၊ ခေတ္တခဏပေါ်ပေါက်လာတဲ့ စိတ်အလိုကိုသတိနဲ့ မထိန်းပဲလုပ်ချင်တာတွေလုပ်ပြီးတော့ ကွဲကြပြဲကြ၊ နောက်အိုးနောက်အိမ် လွယ်လွယ်ပြုကြနဲ့ သူများနိုင်ငံတွေကအကျင့်ကိုဟုတ်နိုးနိုး၊ ကောင်းနိုးနိုးလုပ်နေကြတာ အလွန်များနေပါတယ်။ တို့ လူ့ အဆောက်အအုံက ဒီလိုမဟုတ်ပါဘူး။ သူတို့ ဆီကအကျင့်တွေ ကိုအတုမယူရပါဘူး။

တို့ ကဗုဒ္ဓဘာသာဝင်တွေလေ။ အဲဒီတော့သေခြင်းတရားဆိုတာကို အစဉ်ဆင်ခြင်အောက်မေ့ရ တာ။ အဲဒီသတိက အသက်အရွယ်ကြီးလာတာနဲ့ အမျှပိုရှိလာရမယ်။ အချစ်အချစ်ဆိုပြီးတော့ သူ့ အိုးသူ့ အိမ်မှန်းမသိ၊ မဆင်မခြင်ငြိကြ၊ စွန်းကြ၊ ဖြစ်ကြပျက်ကြတာတွေလည်းရှိသေးတယ်။ လူတစ်ယောက် ငါးပါးသီလလောက်မှမမြဲဘူး။ သူတစ်ပါးအိမ်ရာကိုပြစ်မှားဖျက်စီးတယ်။ အဲဒါ လူ့ ကျင့်ဝတ်ကသွေဖီမှုကြီးပဲဆိုပြီး တို့ လူ့ ဘောင်ကခွင့်မပြုပါဘူး။ သူများအိမ်ထောင်ကိုဖျက် စီးသူအနေနဲ့ လူ့ လောကကအကြီးအကျယ်ရှုံ့ ချကြတယ်၊ အပေါင်းအသင်းတောင်မလုပ်လို ဘူး။

လူဆိုတာ လူ့ အဖွဲ့ အစည်းထဲမှာနေကြရတာလေ။ လူ့ အဖွဲ့ အစည်းကခွင့်မပြုတာကို ရှောင် ကြရမှာပဲ။ ဒါကြောင့် အမေတို့ လူ့ အဆောက်အအုံကိုဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားကြပါ။

လူထုဒေါ်အမာ ရဲ့ (ထည်လဲထည်ချွတ်မလုပ်ရတဲ့ ကိစ္စကြီး) ဆိုတဲ့ ကလျာအမှတ်တရ မှ မှတ်သားသင့်သောစာသားများကိုရေးသားတင်ပြလိုက်ခြင်းပါ။


မ အနမ်း

1 ယောက်ဆွေးနွေးချက်:

poemflower said...

အမရေ ဖောပြပေးတာကျေးဇူးပါ.