မနက်ဖြန်လည်းလွမ်းရအုံးမယ်














နာကျည်းမှုအသီးအပွင့်တွေ `ပြွတ်သိပ်လိုက်ချင်တယ်
ဒါပေမယ့် ဒဏ်ရာသစ်ပင်ကြီးက
နာကျည်းစရာ မြေသြဇာရှာမရသေးဘူး ။
အမုန်းမိုးတွေအူလိုက်သည်းလိုက် ရွာချလိုက်ချင်တယ်
ဒါပေမယ့် အမုန်းမိုးတိမ် ဖြစ်ဖို့
မြစ်ဖျားခံ ရေခိုးရေငွေ့တွေက အားမပေးသေးဘူး။ ။
သံယောဇဉ်တွေကို မာနစိတ်လွှသွားနဲ့
အတုံးလိုက်အတစ်လိုက်ဖြတ်ချလိုက် ချင်တယ်
ဒါပေမယ့် နှလုံသားလူမိုက်က
လွှသွားဘယ်မှာ သွားဝှက်ထားလဲ မသိဘူး။ ။
မင်းကို မုန်းဖို့ / မေ့ဖို့မြေသြဇာ လည်းရှာမရသေးဘူး။
ရေခိုးရေငွေ့လည်း အားမပေးသေးဘူး။
လွှသွားလည်း ရှာမရသေးဘူး။
ဘုရား ! ဘုရား! ဒါဆို မနက်ဖြန်လည်း လွမ်းရဦးမှာပေါ့ ။ ။

ဆားချက်တယ်လို့ ပြောရမလားမသိဘူး။ ကိုယ်ကိုတိုင်တော့ရေးတာမဟုတ်ဖူး။ သူများစပ်ပြီးလာပေးလို့ တင်လိုက်တာပါ။း)

4 ယောက်ဆွေးနွေးချက်:

Welcome said...

မြေသြဇာရယ်၊ ရေငွေ့ရယ် လွှရယ်ကို ဖွတ်ထားမိတယ်။ ဘာနဲ့ လာရွေးမလဲ

http://winzaw-mdy.blogspot.com

ကဗျာမလေး said...

ခံစားသွားတယ်နော်... မနက်ဖြန်ဆိုတဲ့ မနက်ဖြန်တိုင်းမှာ ကိုယ်လည်း လွမ်းနေရဦးမှာပါ...။

kiki said...

ဒီဒဏ်ရာသစ်ပင်ကြီးက အပြွတ်လိုက်သီးမှာက ပဒိုင်းသီးတွေလားဟင် .ဒါဆိုလဲ တသက်လုံးဘဲ ဆက်လွမ်းနေလိုက်တော့ အနမ်းရေ ။။ တခြားလူတွေကို မရူးစေချင်လို့ ပါ ။နာဂစ်နဲ့ တူမဲ့  အမုန်းမိုး ဆိုရင်လဲ မရွာစေချင်ပါဘူး ။ ကိုယ့် ဟာကိုယ်သာ အနစ်နာခံလိုက်ပါ ။ ဒီကုသိုလ်မျိုး ရခဲပါဘိနဲ့  ။

အင်ကြင်းသန့် said...

ကောင်းလိုက်တဲ့ ကဗျာ...စပ်တဲ့သူကို ဘရာဗိုပါလို့...