တစ်နှစ်ပြည့်တဲ့ ဒီဇင်ဘာမွေးနေ့ 


ဒီဇင်ဘာ ၈ရက်၊ ၉ရက်နေ့ နဲ့ ၃၁ရက်နေ့ တွေက ကျွန်မသူငယ်ချင်းမိတ်ဆွေများ မွေးနေ့ ပေါ့။ ၁၀ရက်နေ့ ကတော့ ကျွန်မ ညီမမွေးနေ့ ။ဒီဇင်ဘာလထဲ ကိုရောက်လာ တော့ ကျွန်မရဲ့ သူငယ်ချင်း၊ ကျွန်မရဲ့ ညီမ မွေးနေ့ နဲ့ အတူ ကျွန်မ ရဲ့ အနှစ်သက်ဆုံး ဖြစ်တဲ့ အရုပ်ကလေး ရဲ့ တစ်နှစ်မြောက်လည်းဖြစ်ပါတယ်။
အရုပ်ကလေး ကျွန်မဆီရောက်တာ က မှတ်မှတ်ရရ မနှစ်ကခရစ်စမတ်နေ့ ကပါ ။ ဖြစ်ချင်တော့ အဲဒီတုန်းက ကျွန်မဆေးရုံတက်နေရတဲ့အချိန်ပေါ့။ သူ့ ခဗျာဆေးရုံထိ လိုက်လာရရှာတယ်လေ။
ဒီအရုပ်က ကိုးရီးယား နိုင်ငံ ကလေ။ ကြွားတယ်လို့ မထင်ပါနဲ့ ၊ အမှတ်မထင်ဖြစ်လာတဲ့ သူ့ အကြောင်းလေးကိုပြောချင်လို့ ပါ။ ကိုးရီးယားမှာ ကျွန်မရဲ့ ပထမ ဆုံး online သူငယ်ချင်းရှိတယ်လို့ ကျွန်မရေးဖူးပါတယ်။ အဲဒီတုန်းက ကျွန်မ သူငယ်ချင်းက သူနေတဲ့ apartment မှာ ကွန်ပျူတာရှိတော့အမြဲတမ်းလို သူအလုပ်ဆင်းတဲ့ အချိန်၊ အားလပ်တဲ့အချိန် နဲ့ နေ့ ရက်တွေမှာ online ဖွင့်ထားလေ့ရှိတယ်။ ကျွန်မလည်း နေ့ တိုင်းလို သူနဲ့ chattingပေါ့။ (ချွင်းချက်။ ။အခြားသူ နဲ့  သူ chatting မလုပ်ရင်ပေါ့) :)
တစ်နေ့  သူ့ ရဲ့ အလုပ်ပိတ်ရက်မှာ ကျွန်မ သူ့ ကိုonline မှာတွေ့ လို့ လှမ်းနုတ်ဆက်လိုက် ပါတယ်။
ကျွန်မဖက်က မနက်စောစောဖြစ်ပေမယ့်၊ သူတို့ ဆီမှာတော့နေ့ လည်၁၁ နာရီထိုးပြီး လောက်ဖြစ်နေပါပြီ။ သူ ကသူငယ်ချင်းတစ်ယောက်အိမ်ရောက်နေတဲ့ အကြောင်း၊ သူငယ်ချင်းနဲ့ အပြင်ထွက်လည်မလို့ သူငယ်ချင်းရေချိုးနေတာကို စောင့်ရင်း online ကို ခဏ ၀င်လာတာလို့ ဆိုပါတယ်။ ကျွန်မ ကဘယ်သွားကြမလို့ လည်းမေးတော့ shoppingထွက်မလို့ လို့ ပြောကာ ကျွန်မကို ဘာမှာမလဲလို့ မေးပါတယ်။ ကျွန်မ ကလည်း ပါးစပ် စပ်ဆော့ပြီး အရုပ်ဝယ်ခဲ့လို့ ပြောလိုက်တယ်။ ကျွန်မ ပါးစပ်စပ်ဆော့တာကို သူကလည်း သေချာ မေးနေ ပါသေးတယ်၊ ဘာအရုပ်လဲ ဘာရောင်ကြိုက်လဲ နဲ့ ။ ကျွန်မ က ဒီဖက်ကနေ ရီချင်နေပြီ၊ ဒါပေမယ့် ကျွန်မကလည်း ၀က်ဝံရုပ်လေးတွေဆိုပိုကြိုက်တတ်တာကြောင့်၊ ၀က်ဝံရုပ် အဖြူလေး လို့ ခပ်တည်တည်နဲ့ ပြောလိုက်မိပါသေးတယ်။ သူ ကတော့ အတည်ပေါက်နဲ့ ပါပဲ ၊ ၀ယ်ခဲ့မယ်ပေါ့ ။ ကျွန်မက တကယ်လားလို့ မေးမိပါသေးတယ်။ ဒါဆို ညကျမှ vzo ကနေ webcam နဲ့ အရုပ်ကလေးကိုကြည့်မယ်ပေါ့။ အဲဒီနောက် သည်အကြောင်းကို ကျွန်မညီမ ဖြစ်သူ ကိုပြောပြမိပါတယ်။ ကျွန်မ ညီမက မယုံပါဘူး၊ အလကားပါလို့ ပြောတယ်။ ကျွန်မညီမကလည်း သူ့ အကြောင်း သိနေတာပါပဲ။ သူကဘာကိုမှ မဖုံးကွယ်တတ်ဘူး၊ အားလုံးကိုပြောပြတတ်တယ် ။ တစ်ခါတစ်လေ သူ့ ကိုကင်မရာမှာမြင်တွေ့ နေကြလည်း ဖြစ်တယ်။ သို့ ပေမယ့် ကျွန်မ ကကင်မရာမရှိဘူး ။ သူ ကျွန်မ ကိုလုံးဝ မမြင်ဘူးဘူး၊ ပုံသေးသေး gtalk မှာတင်ပြဖူးတာတစ်ခုပဲရှိတယ်။ဒါကြောင့် လည်း ကျွန်မ ညီမက ပြောတာထင်ပါရဲ့ ။ အဲ နောက်ပြီးတော့  သူနဲ့ ကျွန်မကိုတော့ တစ်မျိုးမထင်နဲ့ ၊သူ့ မှာက ချစ်သူ ရှိတယ်။ တစ်ခါတစ်လေ သူ့ ချစ်သူ ကောင်မလေးပုံကို gtalk မှာတင်ထားသေးတာ။ ဒါတွေကြောင့် လည်း သူကဘာလို့ ကျွန်မအတွက် အရုပ်ဆိုတာဝယ်လာပါ့မလဲလို့ ကျွန်မညီမ ကတော့ဝေဖန်သုံးသပ် တယ်လေ။
ည ကျတော့ သူနဲ့ ကျွန်မ online မှာဆုံကြပါတယ်။ သူ ကအရုပ်ဝယ်လာတဲ့ အကြောင်း ကင်မရာကနေပြမယ်ပေါ့။ ဒါနဲ့ vzo line ကကင်မရာ ကိုဖွင့်လိုက်ပါတယ်။ တကယ်ပဲ ဒီအရုပ်ကလေးကိုမြင်တွေ့ ရလို့ ဝမ်းလည်းသာမိပါတယ်။ သူ့ ကိုလည်း ပိုပြီး ယုံကြည်လာမိ တာပါပဲ။ သူဟာ အပြောနဲ့ အလုပ်ကို ထပ်တူကျတာကြောင့်ပါ။ ကျွန်မ ညီမကလည်း တအံ့တသြပါပဲ။ ဒါနဲ့ အရုပ်ကိုသိမ်းထားဖို့ ပြောမိပါတယ်။ သူ ကတော့ ကျွန်မကိုပို့ ပေးဖို့ လိပ်စာမေးပါတယ်။ သို့ ပေမယ့် သူ ပိုက်ဆံထပ်ကုန်မှာကျွန်မ မလိုလားပါဘူး။
ခရစ်စမတ်မတိုင်မီ ရက်များမှာတော့ ခရစ်စမတ်လက်ဆောင်အဖြစ် အရုပ်ကို ပို့ ပေးမယ်လို့ ဆိုပါတယ်။ ဒီအရုပ်ကြောင့် သူဘာပြဿနာ ဖြစ်တယ်တော့ ကျွန်မလည်းအသေအချာ မသိဘူး။ ကျွန်မ သူနဲ့ online မှာတွေ့ ပြီး မကြာခင်မှာပဲ ဗိုက်အောင့် လို့ ဆေးရုံကိုရောက်သွား ခဲ့ပါတယ်။ သူက ပါဆယ်ထုတ်ကို ရွေးဖို့ ဖုန်းဆက်မယ့် အကြောင်းကိုကျွန်မကိုပြောထား ပြီးသားလေ။ ပါဆယ်ထုတ်ရောက်တဲ့နေ့ ကခရစ်စမတ် အကြိုနေ့ ၊ သို့ ပေမယ့် ကျွန်မညီမကသွားယူပေးထားပြီး၊ နောက်တစ်နေ့ (ခရစ်စမတ်နေ့ )ဆေးရုံတက် နေတဲ့ ကျွန်မဆီ လာတဲ့ အခါမှသာ ယူလာခဲ့ပါတယ်။
သူ့ ရဲ့အရုပ်ကလေး က လူချစ်လူခင်တကယ်ပေါတယ်ရှင့်။ ဆေးရုံက ကလေးတွေ တင်မကပါဘူး၊ နာစ့်များနဲ့  ဆရာဝန်များ ကလည်းမကိုင်ရမနေနိုင်အောင်ဖြစ်ကာ အရုပ်ကလေးကို လာရောက်ကိုင်တွယ် ကြည့်ရှုကြပါတယ်။ ကျွန်မရဲ့ နစ့်ကောင်မလေး ဆိုရင်လည်း တစ်ချိန်လုံးချီထားလို့  ကျွန်မကကို ကိုင်တွယ်ရတယ်မရှိပါဘူး။ အဲဒီနောက် အရုပ်ကလေးက ကျွန်မ ကုတင်ပေါ်မှာနေရာယူပါတယ်။
ခုဆိုရင် ဒီအရုပ်ကလေး ကျွန်မလက်ထဲံရောက်ရှိလာတာ တစ်နှစ်ပြည့်ပြီပေါ့။
ဒါကြောင့် ဒီဇင်ဘာလ ခရစ်စမတ်နေ့ ကိုရောက်လာရင် တိုက်ဆိုင်စွာအရုပ်ကလေး ကျွန်မဆီကိုရောက်လာခြင်းကို အမှတ်ရနေမိတယ်လေ။ ။
အနမ်း

1 ယောက်ဆွေးနွေးချက်:

Welcome said...

ဖတ်သွားတယ်၊ ကျန်းမာရေးဂရုစိုက်ပါနော်.

http://winzaw-mdy.blogspot.com/