လွမ်းတဲ့ ဒီဇင်ဘာ


ငါလည်းလွမ်းတယ် ဒီဇင်ဘာ
ဟိုး လွန်ခဲ့တဲ့ ဒီဇင်ဘာညများကိုပေါ့။
သူငယ်ချင်းတွေ စုံစုံလင်လင်နဲ့ 
နှစ်သစ်တွေကိုကြိုခဲ့ဖူးတယ်။
ကော့တေးတစ်ခွက်နဲ့  အသားကင်
ကာရာအိုကေ သီချင်းတွေသီဆိုကြရင်းပေါ့။
ဒီဇင်ဘာ၃၁ ရဲ့ အချိန်တွေကို ကျော်လွန်စေရင်း
နှစ်တစ်နှစ် ကုန်ဆုံးတာကို စောင့်ခဲ့ကြဖူးတယ်။

ခုတော့ အရွယ်တွေ ကြီးပြင်း
သူ့ ဘ၀ ကိုယ့်ဘ၀ ကိုယ်စီ
ရုန်းကန်ကာ ကြိုးစားနေကြရ
ကော့တေးလည်း ဖျော်သူမရှိ
ကာရာအိုကေ သီချင်းတွေလည်းမဆိုဖြစ်တော့ပဲ
ဒီဇင်ဘာ၃၁ ရဲ့ အချိန်လေး ကုန်သွားကာ
နှစ်တစ်နှစ် ကူးပြောင်းသွားမှာကိုပင် စိုးရိမ်လာမိတဲ့ ငါ...။ ။

အနမ်း

3 ယောက်ဆွေးနွေးချက်:

mhyawlintchin.blogspot.com said...

ဒီကဗျာလေးကိုဖတ်ရတော့
ကျွန်တော်တို့ ငယ်တုန်းကဲဖို့စိတ်က
အလိုလိုဝင်လာတယ် ....
ငြိမ်နေရင် အသက်တွေကြီးသွားရင်
ဘာမှလုပ်လို့မရပဲနေမှာမို့
အခုဒီကဗျာနဲ့အသိပေးတဲ့အတွက်
ကျေးဇူးပါ... ကဲ... ငယ်တုန်းကဲပြီဗျို့ ...

သုခုမလေဒီ said...

ကြည့်လည်း ကဲပါအုံး။ တော်ကြာ အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုပ်ဖြစ်နေပါအုံးမယ်။ သတိပေးတယ်နော် :)

ဖိုးဂျယ် said...

ပျော်စရာ နှစ်သစ်ကူးလေးတွေ ဖြတ်ကျော်ခဲ့ရတာ
အမှတ်တရလေးတွေရှိတာပေါ့
ဒီနှစ်ကူးလေးမှာလဲ ပျော်ရွှင်ပါစေဗျာ