အမှတ်တရများရဲ့ ဒီဇင်ဘာလ



ခုဆိုရင် ဒီဇင်ဘာလထဲကိုဝင်ရောက်
လာပါပြီ။ ဒီဇင်ဘာလရဲ့ ပထမနေ့ မှာ ဒီ post ကိုတင်ချင်ပေမယ့်၊ ကျန်းမာရေးအခြေနေကြောင့်၊ ရက် အနည်းငယ်နောက်ကျသွားခဲ့ပါတယ်။
ဒီဇင်ဘာရဲ့ ဆောင်းဟာအအေးဆုံးနဲ အလှပဆုံးဆောင်းကာလလို့ ထင်ပါတယ်။ စာထဲမှာဆိုရင်လည်း ဒီဇင်ဘာရဲ့ ဆောင်း အကြောင်း ၊ သီချင်းတွေထဲမှာလည်း ဒီဇင်ဘာရဲ
့ဆောင်းတွေကိုသာ ဖွဲ့ နွဲ့ ရေးသား စပ်ဆိုတတ်ကြပါတယ်။
ကျွန်မလည်း ဆောင်းတွင်းကာလမှာဆိုရင် ဒီဇင်ဘာလ ကိုအနှစ်သက်ဆုံးလို့ ပြောမှာပါ။
ကျွန်မက အအေးကြိုက်တယ်၊ ဆီးနှင်းတွေကျနေတာကိုလည်းသဘောကျတယ်။
သို့ ပေမယ့်လည်း ကျွန်မတို့ မြို့ ကဆီးနှင်းကျတဲ့မြို့  မဟုတ်ဘူးလေ။ အေးတာလောက်ပဲသိတယ်၊ ခိုက်ခိုက်တုန်အောင်ချမ်းတာမျိုး မဟုတ်ဘူး။
အဲ..တောင်ပေါ်ဒေသတွေမှာတော့ ဆီးနှင်းကျတာပေါ့နော်၊
ကျွန်မ ညီမတောင်ကြီးမီးပုံးပျံပွဲတုန်းကတောင် ဆီးနှင်းကျပြီး ခိုက်ခိုက်တုန်အောင်ချမ်းတယ်
လို့ ပြောပါတယ်။ ကော်ဖီပူပူကြီးမှာသောက်တာတောင် စက္ကန့် ပိုင်းနဲ့ အေးသွားတယ်တဲ့။

ကိုးရီးယားကားတွေထဲက ဆောင်းတွင်းကာလတွေမှာဆိုရင်လည်း ဆီးနှင်းတွေ တဖွဲဖွဲရွာနေတာကိုကြည့်ရင်း အားကျခဲ့မိတယ်။ ကိုးရီးယားက ကျွန်မသူငယ်ချင်းတွေ ဆိုရင် အေးလွန်းလို့အပူပေးစက်တွေဖွင့်ရတဲ့အကြောင်း အမြဲပြောပါတယ်။ အနောက်နိုင်ငံတွေမှာလည်း ခုချိန်ဆိုရင် အတော်ကိုအေးခဲနေတဲ့အခြေအနေတွေဆိုတာ လက်တွေ့ မဟုတ်ပေမယ့် သိနေခဲ့ပါတယ်။
ဒီနေ့ တောင်ကျွန်မ ညီမနဲ့ ဖုန်းဆက်စကားပြောရင်း၊ နှင်းစကျတဲ့နေ့ ဆိုပြီး ကျွန်မတို့ 
ကိုပြဖို့ ဓါတ်ပုံရိုက်နေတယ်တဲ့ လေ။ အေးလွန်းလို့ ထင်ပါရဲ့ အသံတွေကတော့တုန်လို့ ပါပဲ။
ကျွန်မနဲ့ သိတဲ့မောင်လေးတစ်ယောက်ကတော့ သူ့ ဓါတ်ပုံကိုပြကာသည်လိုပဲလူကိုအထပ်ထပ် ကောက်ညှင်းထုပ်ထုပ်သလိုထုပ်ပြီး အပြင်ထွက်ရတာအမရဲ့ လို့ ဆိုပါတယ်။

ကျွန်မတို့ ဆီမှာတော့၊ ဒီဇင်ဘာလမှာ ခရီးအတော်သွားကြပါတယ်။ အထူးသဖြင့် ကျိုက်ထီးရိုးဘုရားဖူး ခရီးပေါ့။ ကျိုက်ထီးရိုးတောင်ပေါ်မှာတော့ တော်တော်အေးတယ်လို့ ပြောရမှာပေါ့။ ဒါပေမယ့် အအေးလွန်ကဲတာမျိုးတော့မဟုတ်ပါဘူး။ ကျိုက်ထီးရိုးဘုရားဖူး က ခုဆိုရင်ကားလမ်းဖောက်လို့ ကားနဲ့ တက်နေကြပါပြီ။ တောင်တက်မတ်စောက်တဲ့အတွက် အန္တရာယ်ကြီးတယ်လို့ ဆိုပေမယ့်လည်း ဘုရားတန်ခိုးနဲ့ တက်နေကြရတာပါပဲ။ ဒါပေမယ့်ကျွန်မကတော့ ကားလမ်းနဲ့ က ခုထိမရောက်ဖူးသေးပါဘူး။ :) သွားချင်ပေမယ့်လည်းလေ...

ဒီဇင်ဘာလဟာ ခရီးသွားလို့ ကောင်းတဲ့ အချိန်ဖြစ်တာကြောင့် ခရီးသွားကြသူတွေတော်တော်များပါတယ်။ ပြည်တွင်းသာမက ပြည်ပခရီးစဉ်များကိုပါသွားရောက်လည်ပတ်ကြတာမို့  လေယဉ်လက်မှတ်၊ ရထားလက်မှတ်၊ ကားလက်မှတ်များလည်း ခက်ခဲတတ်ပါတယ်။ ကျွန်မ ကတော့ခရီးသွားရတာကို
ဝါသနာပါပေမယ့်၊ အခြေအနေကြောင့် ဝေးဝေး လံလံ ကိုမသွားနိုင်သေးပါဘူး။
သူများတကာတွေ သွားတာကိုတော့ အားကျပါရဲ့ ။ သို့ ပေမယ့်လည်းလေ....

ဒီဇင်ဘာလမှာ ခရစ်စမတ်ပွဲတော်လည်း ရှိတယ်ဆိုတော့ အနောက်နိုင်ငံတွေမှာတော့ အတော်ပျော်ဖို့ ကောင်းမှာပဲနော်။ အနောက်နိုင်ငံ မပြောပါနဲ့ လေ အခြားနိုင်ငံတွေမှာလည်း ခရစ်စမတ်ပွဲတော်တွေလုပ်ကြတာပါပဲ။ ကျွန်မတို့ ဆီမှာတောင် ရှိသေးတာပဲ ခရစ်စမတ်ဈေးရောင်းပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေလေ။ ကျွန်မတို့ လည်း ဘာမဆိုင်ညာမဆိုင်နဲ့ 
ဝင်ပျော်ခဲ့သေးတာပဲ။ ငယ်ငယ်တုန်းကပြောတာပါ :P

ဒီဇင်ဘာလမှာ ကျွန်မ သူငယ်ချင်း သုံးလေးဦးနဲ့ ကျွန်မ ညီမရဲ့ မွေးနေ့ ပွဲလေးတွေ
လည်းရှိပါတယ်။ နောက်ပြီး ဒီဇင်ဘာရဲ့  နောက်ဆုံးနေ့ ဟာနောက်နှစ် ကူးပြောင်းတော့မယ့်
ဒီနှစ်ရဲ့ နောက်ဆုံးနေ့ လေးအဖြစ် ရင်ထဲမှာ ၀မ်းနည်းမှုလေးနဲ့ အတူ ရောက်လာမယ့်
နှစ်သစ်လေးကိုကြိုဆို မိတဲ့ပျော်ရွှင်မှုလေးတွေ ရောယှက်လို့ နေပါတယ်။

ဒီဇင်ဘာ၃၁ မှာ နှစ်သစ်ကိုကြိုဆိုကြတဲ့ ကျွန်မတို့ သူငယ်ချင်းတစ်တွေရဲ့  ဟိုးလွန်ခဲ့တဲ့နှစ်များက ပါတီပွဲလေးတွေကိုလည်းသတိရမိပါသေးတယ်။
အသားတွေကင်စားကြ၊ သီချင်းတွေဆိုကြ၊ ကကြ နဲ့ ပေါ့။ နောက်ပြီး ကစားနည်းအမျိုးမျိုးကစားကြကာ၊ မဲနှိုက်လျှက် အတွဲလိုက် ကြော်ငြာတွေကို သရုပ်ဆောင်လုပ်ကြနဲ့ ပေါ့။ ပျော်ဖို့ လည်းကောင်းပါတယ်။ ပျော်ခဲ့တာလေးကိုပြန်တမ်းတနေတာလေ၊ ခုတော့....
ခုတော့ ကျွန်မတို့ သူငယ်ချင်းတစ်တွေ ဆုံနိုင်ဖို့ ခဲယဉ်းသွားပါတယ်။ အိမ်ထောင်ကျတဲ့သူနဲ့  ၊အဝေး တစ်နေရာစီ ရောက်နေကြတဲ့သူနဲ့  မို့ အားလုံးဆုံနိုင်ဖို့ ရာ မလွယ်ကူတော့ပါဘူး။
သို့ ပေမယ့် ဘာရယ်မဟုတ်ပါဘူး ၊ ဒီဇင်ဘာ ၃၁ရက်နေ့ မှာ အမေနဲ့ အတူ အမြဲ အိမ်မှာရှိနေတဲ့ ကျွန်မ ကတော့တစ်ခုခုတော့ လုပ်စားကြတယ်။ အပြင်ထွက်မစားနိုင်လို့ ပါ :D

ဒီဇင်ဘာလ ကို ကျွန်မရဲ့ အနှစ်သက်ဆုံးလတစ်လ လို့ ပြောရမှာပဲ။ ငယ်ငယ် တုန်းကလည်း ကိုယ့်အကြိုက်ဆုံးရာသီ ၊ ကိုယ် အနှစ်သက်ဆုံး လကိုစာစီစာကုံးရေး ရရင်လည်း ဒီဇင်ဘာလအကြောင်းကိုပဲရေးဖြစ်တာပါ။
ခုတော့ ဒီဇင်ဘာအကြောင်းပြည့်ပြည့် စုံစုံတော့မရေးနိုင်လို့ အတိုချုံးလေးပဲရေးလိုက်ရတာပါ။
ဒီဇင်ဘာရဲ့ အမှတ်တရအဖြစ် ကျွန်မအနှစ်သက်ဆုံး သီချင်းလေးတစ်ပုဒ်ကိုပါတင်ပြမိပါတယ်။
လာရောက်လည်ပတ်ကြသူအားလုံးလည်း ဒီဇင်ဘာဆောင်းရဲ့ အေးချမ်းမှုနဲ့ အတူ အေးချမ်းကြပါစေလို့ ဆန္ဒပြုရင်း.............။
အနမ်း

6 ယောက်ဆွေးနွေးချက်:

kiki said...

အားလုံးချစ်တဲ့ ဒီဇင်ဘာလလေးများမှာ...နောင်လာမဲ့ ဒီဇင်ဘာ လပေါင်းများစွာတွေမှာ မီးမီး ဖြစ်စေချင်တဲ့ ဆန္ဓလေးတွေအတိုင်း ၊သူများတွေ ပျော်ကြ ၊လည်ကြ သလို ပျော်ရွှင်နိုင် ၊ လည်နိုင် ပါစေ နော်....
အဟဲ ..နှင်းကျတဲ့ နိုင်ငံတွေ ရောက်ရင် ကောက်ညှင်းထုတ်လို ဝတ်ရမှာ စိတ်မညစ်ဖူးလား ။ :P

Anonymous said...

ဒီဇင်ဘာသီချင်းခံစားရင် ဒီဇင်ဘာရဲ့ အမှတ်တရများကို
ဒီဇင်ဘာလမှာ ဘဲ မှတ်သားဖတ်ရှု့သွားပါတယ် ဒီမှာလည်းအရမ်းပျော်ဖို့ကောင်းတယ်သိလား ဖိတ်ခေါ်ပါတယ်ဗျာ ခရစ်စမတ်နဲ့ နှစ်သစ်ပွဲတော်ကို လာရောက်ဖို့ နှင်းလေးတွေလည်းကျနေပါတယ် :D :P
ကိုယ်အကြိုက်ဆုံးလလေးမှ စပြီး နောင်နှစ်သစ်တွေထိ ပျော်ရွှင်ပါစေဗျာ...

Welcome said...

ဒီဇင်ဘာညတွေရဲ့ အမှတ်တရတွေ ဖတ်သွား တယ်
http://winzaw-mdy.blogspot.com/

သူကြီးမင်း (တုံးဖလား) said...

ဒီမှာ ဒီဇင်ဘာလက ပျော်စရာကောင်းပေမဲ့ ကြောက်စရာလဲကောင်းတယ်။ အေးလွန်းတာရယ်။ ညနေသုံးနာရီကျော်လောက်ဆိုနေ၀င်ပြီး မနက် ၈ နာရီလောက်မှ နေထွက်တာရယ်။ အပြင်ထွက်ရင် အေးရတဲ့အထဲ လေက သရမ်းနေတာရယ်။
စိတ်ညစ်စရာကောင်းပါတယ်။ ခရစ်စမတ်ကတော့ ပျော်စရာကောင်းပါတယ်။

ကျနော်ကတော့ ဒီဇင်ဘာလကို ကြိုက် ကြောက်ကြီး ဖြစ်နေတယ်ဗျာ။

ရွှေပြည်သူ (ShwePyiThu) said...

ဒီဇင်ဘာက နှစ်၁နှစ်ရဲ့နောက်ဆုံးလ ဖြစ်သလို နှစ်သစ်ကို ကြိုတဲ့လမို့လည်း ထင်ပါရဲ့... ထူးခြားပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ လပါ မအနမ်းရေ... မအနမ်းချစ်တဲ့ ဒီဇင်ဘာမှာ အပျော်တွေအားလုံးကို ထွေးပိုက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်း)

အိပ်မက်နိဒါန်း said...

ဒီဇင်ဘာမှာပျော်ရွှင်ပါစေ.အမှတ်တရတွေအများကြီးလည်းရပါစေ.