ဥပက္ခာအချစ်

သမုဒယ၀တ်ရည်....
ဖြစ်တည်သောပန်း ရင်ထဲလန်းနေ
နမ်းနမ်း မနမ်းနမ်းပွင့်နေ၏

တွယ်တာခြင်းအမြစ်....
စူးဝင်နစ်လျှက် အချစ်သစ်ပင်
ခိုင်မြဲရှင်စေ
မြင်မြင် မမြင်မြင်နှောင်ဖွဲ့ ၏

စေတနာစိတ်....
ဝေဖြာအရိပ်ဖြစ် ချွေသိပ်ချမ်းမြ
ဘ၀အမော ပြယ်လျောကင်းစေ
ငြိမ်းအေးစေလို
စိုစို မစိုစို အုပ်ဆိုင်း၏

သတိရခြင်း`ငှက်`
သစ်ပင်ထက်မှာ
မနက်နေ့ ည၊ ကာလနှစ်ရှည်
ထာဝရဖြစ်တည်
အဝေးဆီမှတမ်းတလွမ်းမော
ကြေကွဲသောအသံ ခံစားယုံစေ
သူသိလေမလား၊ မယုံစားရဲ
ကြားကြား မကြားကြား တေးသီ၏။

0 ယောက်ဆွေးနွေးချက်: