မှတ်သားသင့်သော စကားစုများ

အကောင်းဆုံး အကျင့်စာရိတ္တသည်အောင်မြင်မှု ကိုရရှိစေနိုင်သည်။

အောင်မြင်မှုရရှိရေးကို အကြီးဆုံးနှောင့်နှေးစေသောအရာမှာ `မှားယွင်းသည့် တရားသေအယူအဆ ထားရှိခြင်း`ပင်ဖြစ်သည်။

အသိပညာနှင့်ယှဉ်သောကြိုးစားအားထုတ်ခြင်းသည်သာလျှင် မြတ်၏၊ အပြစ်ကင်း၏ ။

မိမိကိုယ်မိမိ ချစ်ခြင်းဆိုသည်မှာ.. မိမိကိုယ်မိမိ တန်ဖိုးရှိသောသူဟူ၍ လက်ခံခြင်းပင်ဖြစ်သည်။
လက်ခံခြင်းဆိုသည်မှာ အပြစ်မတင်ခြင်းဖြစ်၏ ။

ပျော်ရွှင်ခြင်းဆိုသည်မှာ... မိမိတို့ ဘာမှမတတ်နိုင်သော အရာကိစ္စများအပေါ်တွင် အပြစ်တင်မှု
မပြုခြင်းဖြစ်လေသည်။






3 ယောက်ဆွေးနွေးချက်:

Welcome said...

သယ်ချင်း
တကူးတက မျှဝေပေးလို့ ကျေးဇူးပါ။ ယူသင့်တာ ယူသွားပါတယ်။ အားပေးလျက်ပါ

http://winzaw-mdy.blogspot.com/

ဘလူးဖီးနစ် said...

လာလည်ပါတယ် အမရေ။ ကျန်းမာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ကျွန်တော့်ကို မောင်လေးတစ်ယောက်ကို ခင်စေချင်ပါတယ်ခင်ဗျာ။

kiki said...

အဟီး .. လူတိုင်းက မိမိကိုယ်မိမိချစ်ကြပါတယ်။ဒါပေမဲ့ လူတိုင်းက ကိုယ့်ကိုကိုယ် တန်ဖိုးရှိတဲ့ လူအနေနဲ့ လက်ခံလို့တော့ ဟုတ်ချင်မှဟုတ်မှာနော်။အတ္တစွဲကြီးလွန်းတာကြောင့်ရော မဖြစ်နိုင်ဘူးလား ...သိချင်ပါတယ်