လမ်းခွဲခြင်း


လမ်းခွဲစကားတွေပြောကြတယ်...
အဲဒီညကကြယ်တွေမကြွေဘူး။
လမ်းခွဲစကားတွေပြောကြတယ်...
အဲဒီညကလလည်းမကွယ်ဘူး။
လမ်းခွဲစကားတွေပြောကြတယ်...
အဲဒီညကအမှောင်မလွှမ်းဘူး။
လမ်းခွဲစကားတွေပြောကြတယ်...
လိုင်းထဲကဆက်သွယ်မှုကပြတ်တောက်မသွားဘူး။
ဒါပေမယ့်...ကိုယ်နဲ့သူရဲ့အသံတွေကတုန်ခါလို့နေကြတယ်။ ။

အနမ်း

1 ယောက်ဆွေးနွေးချက်:

kiki said...

မအနမ်းရေ .. လမ်းခွဲတိုင်းလဲ လမ်းဆုံးကို ရောက်ချင်မှရောက်မှာပါ ..ကမ္ဘာကြီးက လုံးဝိုင်းနေတဲ့အတွက် နှစ်ယောက်သား ကျောပေးပြီးလမ်းခွဲခဲ့ရင်တောင် တနေ့ နေ့ တချိန်ချိန်မှာ ..မျက်နှာချင်းဆိုင် ပြန်ဆုံဆည်း နိုင်ကြပါသေးတယ် ...ကြယ်တွေကြွေခဲ့ရင်တောင် စင်္ကြာဝဋ္ဌာကြီးထဲမှာ မရေမတွက်နိုင်လောက်အောင်များပြားလှတဲ့ တောက်ပတဲ့ ကြယ်ပွင့်ပေါင်းများစွာ ရှိနေပါသေးတယ်လေ..တုန်ခါနေတဲ့အသံတွေဟာလည်းတချိန်မှာ တည်ငြိမ်လာမှာပေါ့